ၾကားသိရသမွ်

မိန်းမလိုချင်ကြောင်း ကြော်ငြာဆိုင်းဘုတ်တွေမှာလိုက်ကပ်ပြီး ကြောငြာခဲ့တဲ့အမျိုးသား

တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကာလတွေအရ ကိုယ့်နဲ့လိုက်ဖက်တဲ့ ဘဝလက်တွဲဖော်ရှာဖွေရတာဟာ အတော်လေးကိုခက်ခဲလာခဲ့ပါတယ် ။ ချမ်းသာတဲ့ အသိုင်းအဝိုင်းဆိုရင်လည်း သူတို့ရဲ့အဆင့်အတန်းတွေနဲ့လိုက်ဖက်တဲ့ သူမျိုးကိုရှာဖွေကြသလို ၊ လူတိုင်းက ကိုယ့်နဲ့လိုက်ဖက်တဲ့ ဘဝအဆင့်အတန်းမျိုးပိုင်ဆိုင်တဲ့ သူမျိုးကိုသာ ရှာဖွေလာကြတဲ့အတွက် အတော်လေးကို ခက်ခဲလာခဲ့ပါတယ် ။ လူအတော်များများက social media တွေ ၊ dating apps တွေအသုံးပြု ပြီး ကြင်ဖက်တွေရှာဖွေနေကြပေမဲ့လည်း မလေးရှားနိုင်ငံ ၊ Terengganu ပြည်နယ်မှာနေထိုင်တဲ့ အသက် 35 နှစ်အရွယ် Noor Aziro bin Abdullah အမည်ရှိတဲ့အမျိုးသားမှာတော့ လူတွေရဲ့စိတ်ဝင်စားမှုရရှိအောင် သူနေထိုင်တဲ့ မြို့အနှံ့ နှင့် Pantai Teluk Bidara ကမ်းခြေတစ်လျှောက် သူ၏ဘဝလက်တွဲဖော်ဇနီးလိုချင်ကြောင်း ကြော်ငြာစာရွတ်တွေထောင်ပြီး လိုက်လံကြော်ငြာခဲ့ပါတယ် ။

အစပိုင်းမှာတော့ Aziro ဟာ အခြားသော သူများကဲ့သို့ social media ကနေ သူနဲ့လိုက်ဖက်မဲ့ဘဝလက်တွဲဖော်မျိုးရှာဖွေခဲ့ပေမဲ့လည်း အပြိုင်အဆိုင်များလွန်းတဲ့အတွက်ကြောင့်မို့ ရှေ့ဆက်မတိုးနိုင်တော့ဘဲ ၊ လက်လျှော့ခဲ့ရပါတယ် ။ ဒါကြောင့် Aziro ဟာ သူ့အကြောင်း နှင့် ဖုန်းနံပတ်များပါဝင်တဲ့ ကြော်ငြာစာရွတ်ကို ကိုယ်တိုင်လိုက်ကပ်ပြီး ၊ အနီးအနားဝန်းကျင်ရှိ ရွာများ နှင့် ဒေသများမှ မိန်းကလေးတွေရဲ့ စိတ်ဝင်စားမှု ရလိုရညား ဆိုပြီးမျှော်လင့်ချက်နဲ့ ကြော်ငြာစာရွတ်လိုက်ကပ်ခဲ့တာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ် ။

ကြော်ငြာစာရွတ်ကပ်ပြီးတာနဲ့ချက်ချင်း Aziro ဟာ Kedah ပြည်နယ် ၊ KL မြို့ ၊ Selangor ပြည်နယ် နှင့် Pahang ပြည်နယ်တို့မှ ဖုန်းခေါ်ဆိုမှုများ လက်ခံရရှိခဲ့ကြောင်း သိရှိရပါတယ် ။ Aziro ဟာ မကြာခင်မှာ သူနှင့်လိုက်ဖက်မဲ့ ဇနီသည်မျိုး ရှာတွေ့နိုင်တော့မည်ဖြစ်ကြောင်း မျှော်လင့်နေလျက်ရှိပါတယ် ။ ထို့အပြင် Aziro မှာလည်း ဇနီးသည်ကို အတော်လေးချစ်မယ့်ယောင်္ကျားမျိုးဖြစ်နိုင်ကြောင်း လူအများကခန့်မှန်းခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode