VR နည်းပညာဆိုတာ Virtual Reality (VR) ကို ဆိုလိုတာဖြစ်ပါတယ်။ ဆိုရရင် မြင်တွေ့နေရတဲ့ ရုပ်သံတွေကို အစစ်တိုင်းမြင်တွေ့နိုင်အောင် နည်းပညာနဲ့ ဖန်တီးထားတာပါ။ ဒီနည်းပညာဟာ 3D မျက်မှန်နည်းပညာကို အသုံးပြုထားတဲ့ Virtual Game တွေ ရုပ်ကြွဗွီဒီယိုတွေနဲ့ ဆင်တူသော်လည်း ကွဲပြားတဲ့အချက်တွေရှိပါတယ်။
ဥပမာအားဖြင့် တကယ်မရှိတဲ့ လူတစ်ယောက်ကို ပုံရိပ်ယောင်ဖန်တီးပြီး၊ ၎င်းနဲ့အပြန်အလှန်စကားပြောဆိုနိုင်ခြင်း၊ ထိတွေ့ပွတ်သပ်တဲ့အခါမှာ အစစ်ကဲ့သို့ ခံစားသိရှိခြင်းစတဲ့ ဖောဋ္ဌပ္ဖအာရုံအတုကိုပါ ခံစားစေနိုင်တဲ့ အဆင့်မြင့်နည်းပညာဖြစ်ပါတယ်။ အခုလည်း တောင်ကိုရီးယားက အမျိုးသားတစ်ယောက်ဟာ VR နည်းပညာကိုသုံးပြီး တမလွန်ရောက်နေတဲ့ဇနီးနဲ့ ပြန်လည်တွေ့ဆုံခဲ့တာပါ။
အဲဒီအမျိုးသားနာမည်ကတော့ Kim Jung-soo ဖြစ်ပါတယ်။ ဒီအကြောင်းကို Munhwa Broadcasting Corporation (MBC) ကုမ္ပဏီက မှတ်တမ်းရုပ်ရှင် ထုတ်လွှင့်ခဲ့တာဖြစ်ပြီး၊ မှတ်တမ်းခေါင်းစဉ်နာမည်ကတော့ “မင်းကို တွေ့ခဲ့တယ်”လို့ ဖြစ်ပါတယ်။ ဒီမှတ်တမ်းရုပ်ရှင်အတွင်းမှာ ကုမ္ပဏီက ကမကထလုပ်ပေးတဲ့ VR နည်းပညာကိုသုံးပြီး၊ ကွယ်လွန်သွားသူတွေနဲ့ ကျန်ရစ်သူတွေ ခဏတာ ပြန်လည်တွေ့ဆုံစေတဲ့ ဖြစ်ရပ်တွေကို မှတ်တမ်းတင်ခဲ့ပါတယ်။
Season One တုန်းက မိခင်နဲ့ သမီးလေးရဲ့ပြန်လည်တွေ့ဆုံမှု (Photo Credit)
လွန်ခဲ့တဲ့(၂၀၁၆)ခုနှစ်က Season One မှာ မိခင်တစ်ယောက်ဟာ တမလွန်ရောက်နေတဲ့ သူမရဲ့ချစ်သမီးငယ်နဲ့ ပြန်ဆုံခဲ့ရတဲ့ အဖြစ်အပျက်ကို မှတ်တမ်းသဘောမျိုး ပြသခဲ့ပါတယ်။ ဒီကတည်းက တောင်ကိုရီးယားတော်တော်များများဟာ VR ကို အတော်လေး စိတ်ဝင်စားခဲ့ရာ၊ အခုအခါမှာတော့ လူတွေရဲ့ စိတ်ဝင်စားမှုကို အထွတ်အထိပ်ရောက်အောင် တင်ပေးခဲ့ပါတယ်။
အခု Season Two မှာတော့ အသက်(၅၁)နှစ်အရွယ် Kim Jung-soo ဟာ လွန်ခဲ့တဲ့(၄)နှစ်က ကွယ်လွန်ခဲ့တဲ့ ဇနီးဖြစ်သူနဲ့ ပြန်လည်တွေ့ဆုံခွင့်ရတဲ့ မှတ်တမ်းကို ပြသခဲ့တာဖြစ်ပါတယ်။ Kim ရဲ့ဇနီးဟာ ရုတ်တရက် အဖျားရောဂါကြောင့် မထင်မှတ်ဘဲ လူ့လောကကနေ ထွက်ခွာသွားတာပါ။ သူဟာ ကလေး(၅)ယောက်နဲ့အတူ ရုန်းကန်ရင်း ကျန်ခဲ့ရပါတယ်။
ကလေး(၄)ဦးကတော့ အခု VR နည်းပညာနဲ့ပြန်တွေ့မယ့်အစီအစဉ်ကို လက်မခံခဲ့ပါဘူး။ နာကျင်ခဲ့တဲ့ဒဏ်ရာတွေကို ပြန်မဆွချင်ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် Kim ဒီလုပ်ဆောင်ချက်ဟာ သူ့အတွက်တော့ နောက်ဆုံးဆန္ဒတစ်ခုဖြစ်ကြောင်း တောင်းဆိုခဲ့သလို၊ သမီးတစ်ဦးဖြစ်တဲ့ Jong Yun ကလည်း မေမေ့ကို အရမ်းလွမ်းနေတယ်လို့ ပြောကာ သဘောတူခဲ့ပါတယ်။
သူတို့တစ်တွေဟာ ကွယ်လွန်သူနဲ့ အလွယ်တကူ တွေ့ခဲ့ရတာတော့ မဟုတ်ပါဘူး။ အချိန်(၆)လအတွက်မှာ VR နည်းပညာဘက်က ပြင်ဆင်မှုတွေ များစွာလုပ်ခဲ့ရပါတယ်။ ကွယ်လွန်သူရဲ့ပုံရိပ်ကို အနီးကပ်ဆုံးတူအောင် ဖန်တီးရတာဖြစ်သလို၊ အသံကိုလည်း တူအောင် ဖန်တီးရပါတယ်။ အပြင်မှာ ဗွီဒီယိုရုပ်သံမှတ်တမ်း ကျန်ရစ်တယ်ဆိုရင်တော့ ပိုပြီးတော့ အထောက်အကူ ပြုပါသတဲ့။
ဇန်နဝါရီ (၁၁)ရက်နေ့မှာ သူတို့တစ်တွေ ပြန်လည်တွေ့ဆုံပွဲကို စီစဉ်ပေးနိုင်ခဲ့ပါတယ်။ တကယ်ကို မျက်ရည်မခိုင်နိုင်ဖွယ် ဇာတ်ဝင်ခန်းလေးကို ကြည့်နေရတဲ့အတိုင်းပါပဲတဲ့။ Kim ဟာ ဇနီးကို VR ကနေ မြင်လိုက်တာနဲ့ မျက်ရည်တွေ တထွေထွေ စီးကျပါတော့တယ်။ ပြီးတော့ မျက်ရည်ကြားထဲကနေ နာနာကျင်ကျင်နဲ့ ဇနီးကို မေးလိုက်ပါတယ်။
” မင်း ဒီထက်ပိုပြီးတော့ မနာကျင်ရတော့ဘူးမဟုတ်လား “တဲ့။ ကလေးတွေကလည်း မေမေလို့ အော်ပြီး ငိုပါတော့တယ်။ သူတို့တစ်တွေက မော်နီတာကနေ ကြည့်နေတာပါ။ Jong-Yun ရဲ့အဆိုအရ သူတို့ဖေဖေ Kim က ဇနီးကို အလွန်ချစ်ကြောင်း၊ အလုပ်သွားအလုပ်ပြန်၊ မီးဖိုချောင်၊ ထမင်းစားပွဲမှာ ဘယ်တော့မှ အနမ်းပေးဖို့ ပျက်ကွက်သူမဟုတ်ဘူးလို့ ဆိုပါတယ်။ VR ကြောင့် ပြန်မဆုံတော့ဘူးလို့ထင်ရတဲ့ သင်ချစ်ရတဲ့ချစ်သူတွေနဲ့ ပြန်ဆုံနိုင်ပြီ ဖြစ်ပါတယ်။
လင်းဇော်ကို
———————-
VR နည္းပညာဆုိတာ Virtual Reality (VR) ကို ဆုိလုိတာျဖစ္ပါတယ္။ ဆုိရရင္ ျမင္ေတြ႕ေနရတဲ့ ႐ုပ္သံေတြကို အစစ္တုိင္းျမင္ေတြ႕ႏုိင္ေအာင္ နည္းပညာနဲ႔ ဖန္တီးထားတာပါ။ ဒီနည္းပညာဟာ 3D မ်က္မွန္နည္းပညာကို အသုံးျပဳထားတဲ့ Virtual Game ေတြ ႐ုပ္ၾကြဗြီဒီယုိေတြနဲ႔ ဆင္တူေသာ္လည္း ကြဲျပားတဲ့အခ်က္ေတြရွိပါတယ္။
ဥပမာအားျဖင့္ တကယ္မရွိတဲ့ လူတစ္ေယာက္ကို ပုံရိပ္ေယာင္ဖန္တီးၿပီး၊ ၎နဲ႔အျပန္အလွန္စကားေျပာဆုိႏုိင္ျခင္း၊ ထိေတြ႕ပြတ္သပ္တဲ့အခါမွာ အစစ္ကဲ့သုိ႔ ခံစားသိရွိျခင္းစတဲ့ ေဖာ႒ပၹအာ႐ုံအတုကုိပါ ခံစားေစႏုိင္တဲ့ အဆင့္ျမင့္နည္းပညာျဖစ္ပါတယ္။ အခုလည္း ေတာင္ကိုရီးယားက အမ်ိဳးသားတစ္ေယာက္ဟာ VR နည္းပညာကိုသုံးၿပီး တမလြန္ေရာက္ေနတဲ့ဇနီးနဲ႔ ျပန္လည္ေတြ႕ဆုံခဲ့တာပါ။
အဲဒီအမ်ိဳးသားနာမည္ကေတာ့ Kim Jung-soo ျဖစ္ပါတယ္။ ဒီအေၾကာင္းကို Munhwa Broadcasting Corporation (MBC) ကုမၸဏီက မွတ္တမ္း႐ုပ္ရွင္ ထုတ္လႊင့္ခဲ့တာျဖစ္ၿပီး၊ မွတ္တမ္းေခါင္းစဥ္နာမည္ကေတာ့ “မင္းကို ေတြ႕ခဲ့တယ္”လုိ႔ ျဖစ္ပါတယ္။ ဒီမွတ္တမ္း႐ုပ္ရွင္အတြင္းမွာ ကုမၸဏီက ကမကထလုပ္ေပးတဲ့ VR နည္းပညာကိုသုံးၿပီး၊ ကြယ္လြန္သြားသူေတြနဲ႔ က်န္ရစ္သူေတြ ခဏတာ ျပန္လည္ေတြ႕ဆုံေစတဲ့ ျဖစ္ရပ္ေတြကို မွတ္တမ္းတင္ခဲ့ပါတယ္။
Season One တုန္းက မိခင္နဲ႔ သမီးေလးရဲ႔ျပန္လည္ေတြ႕ဆုံမႈ (Photo Credit)
လြန္ခဲ့တဲ့(၂၀၁၆)ခုႏွစ္က Season One မွာ မိခင္တစ္ေယာက္ဟာ တမလြန္ေရာက္ေနတဲ့ သူမရဲ႕ခ်စ္သမီးငယ္နဲ႔ ျပန္ဆုံခဲ့ရတဲ့ အျဖစ္အပ်က္ကို မွတ္တမ္းသေဘာမ်ိဳး ျပသခဲ့ပါတယ္။ ဒီကတည္းက ေတာင္ကိုရီးယားေတာ္ေတာ္မ်ားမ်ားဟာ VR ကုိ အေတာ္ေလး စိတ္ဝင္စားခဲ့ရာ၊ အခုအခါမွာေတာ့ လူေတြရဲဲ႕ စိတ္ဝင္စားမႈကို အထြတ္အထိပ္ေရာက္ေအာင္ တင္ေပးခဲ့ပါတယ္။
အခု Season Two မွာေတာ့ အသက္(၅၁)ႏွစ္အရြယ္ Kim Jung-soo ဟာ လြန္ခဲ့တဲ့(၄)ႏွစ္က ကြယ္လြန္ခဲ့တဲ့ ဇနီးျဖစ္သူနဲ႔ ျပန္လည္ေတြ႕ဆုံခြင့္ရတဲ့ မွတ္တမ္းကို ျပသခဲ့တာျဖစ္ပါတယ္။ Kim ရဲ႕ဇနီးဟာ ႐ုတ္တရက္ အဖ်ားေရာဂါေၾကာင့္ မထင္မွတ္ဘဲ လူ႕ေလာကကေန ထြက္ခြာသြားတာပါ။ သူဟာ ကေလး(၅)ေယာက္နဲ႔အတူ ႐ုန္းကန္ရင္း က်န္ခဲ့ရပါတယ္။
ကေလး(၄)ဦးကေတာ့ အခု VR နည္းပညာနဲ႔ျပန္ေတြ႔မယ့္အစီအစဥ္ကို လက္မခံခဲ့ပါဘူး။ နာက်င္ခဲ့တဲ့ဒဏ္ရာေတြကို ျပန္မဆြခ်င္ဘူးလုိ႔ ဆုိပါတယ္။ ဒါေပမယ့္ Kim ဒီလုပ္ေဆာင္ခ်က္ဟာ သူ႕အတြက္ေတာ့ ေနာက္ဆုံးဆႏၵတစ္ခုျဖစ္ေၾကာင္း ေတာင္းဆုိခဲ့သလုိ၊ သမီးတစ္ဦးျဖစ္တဲ့ Jong Yun ကလည္း ေမေမ့ကုိ အရမ္းလြမ္းေနတယ္လုိ႔ ေျပာကာ သေဘာတူခဲ့ပါတယ္။
သူတုိ႔တစ္ေတြဟာ ကြယ္လြန္သူနဲ႔ အလြယ္တကူ ေတြ႕ခဲ့ရတာေတာ့ မဟုတ္ပါဘူး။ အခ်ိန္(၆)လအတြက္မွာ VR နည္းပညာဘက္က ျပင္ဆင္မႈေတြ မ်ားစြာလုပ္ခဲ့ရပါတယ္။ ကြယ္လြန္သူရဲ႕ပုံရိပ္ကို အနီးကပ္ဆုံးတူေအာင္ ဖန္တီးရတာျဖစ္သလုိ၊ အသံကိုလည္း တူေအာင္ ဖန္တီးရပါတယ္။ အျပင္မွာ ဗြီဒီယုိ႐ုပ္သံမွတ္တမ္း က်န္ရစ္တယ္ဆုိရင္ေတာ့ ပုိၿပီးေတာ့ အေထာက္အကူ ျပဳပါသတဲ့။
ဇန္နဝါရီ (၁၁)ရက္ေန႔မွာ သူတုိ႔တစ္ေတြ ျပန္လည္ေတြ႕ဆုံပြဲကို စီစဥ္ေပးႏုိင္ခဲ့ပါတယ္။ တကယ္ကို မ်က္ရည္မခိုင္ႏုိင္ဖြယ္ ဇာတ္ဝင္ခန္းေလးကို ၾကည့္ေနရတဲ့အတုိင္းပါပဲတဲ့။ Kim ဟာ ဇနီးကို VR ကေန ျမင္လုိက္တာနဲ႔ မ်က္ရည္ေတြ တေထြေထြ စီးက်ပါေတာ့တယ္။ ၿပီးေတာ့ မ်က္ရည္ၾကားထဲကေန နာနာက်င္က်င္နဲ႔ ဇနီးကို ေမးလိုက္ပါတယ္။
” မင္း ဒီထက္ပိုၿပီးေတာ့ မနာက်င္ရေတာ့ဘူးမဟုတ္လား “တဲ့။ ကေလးေတြကလည္း ေမေမလုိ႔ ေအာ္ၿပီး ငုိပါေတာ့တယ္။ သူတုိ႔တစ္ေတြက ေမာ္နီတာကေန ၾကည့္ေနတာပါ။ Jong-Yun ရဲ႕အဆုိအရ သူတုိ႔ေဖေဖ Kim က ဇနီးကို အလြန္ခ်စ္ေၾကာင္း၊ အလုပ္သြားအလုပ္ျပန္၊ မီးဖုိေခ်ာင္၊ ထမင္းစားပြဲမွာ ဘယ္ေတာ့မွ အနမ္းေပးဖုိ႔ ပ်က္ကြက္သူမဟုတ္ဘူးလုိ႔ ဆုိပါတယ္။ VR ေၾကာင့္ ျပန္မဆုံေတာ့ဘူးလုိ႔ထင္ရတဲ့ သင္ခ်စ္ရတဲ့ခ်စ္သူေတြနဲ႔ ျပန္ဆုံႏုိင္ၿပီ ျဖစ္ပါတယ္။
&;
လင္းေဇာ္ကို