Zawgyi
သားကိုထမင်းအလွတ်တစ်ပွဲ ရောင်းပေးလို့ရမလားခင်ဗျ သား ပိုက်ဆံမလောက်လို့ပါတဲ့နော်
ကျောင်းနှင့် အလှမ်းမဝေးလှတဲ့ ထမင်းဆိုင်သေးသေးလေးတစ်ဆိုင်မှာ ကောင်လေးတစ်ယောက်ကထမင်းလာမှာစားတယ် ဆိုင်ရှင်နားကပ်ပြီး လေသံတိုးတိုးလေးနှင့်ဟိုလေသားကို ထမင်းအလွတ်တစ်ပွဲလောက်ရောင်းပေးလို့ရလားခင်ဗျ သားပိုက်ဆံမလောက်လို့ပါ”ရပါတယ်သားရယ်
ပြောပြောဆိုဆိုနှင့် ဆိုင်ရှင်အဒေါ် ကြီးကယောက်ျားရေထမင်းအလွတ်တစ်ပွဲလောက်လုပ်ပေးပါဦးအော်ဟင်းချိုနဲ့ငါးပိရည်လည်း ထည့်ပေးဖို့မမေ့နဲ့နော်ယောက်ျားဖြစ်သူကထမင်းအဖြူတစ်ပွဲကိုကောင်လေးထိုင်နေတဲ့ခုံမှာသွားချပေးလိုက်တယ်။ ကောင်လေးကသူ့ကိုထပ်မှာတယ်
ဟိုလေသားအတွက်နောက်ထပ် ဟင်းမပါတဲ့ ထမင်းဗလာတစ်ထုတ်ထပ်လုပ်ပေးလို့ ရလားခင်ဗျ ကောင်းလေးခမျာ ပြောသာပြောနေရတယ်၊ သူ့မျက်နှာက အတော်လေးအားနာနေတဲ့ပုံပါ၊ ရပါတယ်သားရယ် ဒါနဲ့ ဒီထမင်းထုတ်က မင်းဘာသွားလုပ်ဖို့လည်း၊ သားညနေကြရင်စားဖို့ပါဗျဦး
ဆိုင်ရှင်အဖိုးကြီးကသူ့ကိုဂရုနာသက်တဲ့မျက် လုံးနှင့်ကြည့်ပြီးအင်း ကောင်လေးကြည့်ရတာမြို့မှာသာကျောင်းလာတက်တယ် အိမ်ကမိဘတွေကငွေကြေးအခက်ခဲ ရှိပုံရတယ်၊ အမှန်တကယ်တော့ သူတို့လင်မယားကလည်းတစ်နေ့လုပ် တစ်နေ့စားပါ ဒီဆိုင်နေရာလေးကိုသူများ
ငှားပေးလို့သာကံကောင်းပြီးဈေးရောင်းရတဲ့ဘဝပါ မရှိသူမို့လည်း မရှိသူကိုစာနာတတ်တဲ့စိတ်က သူတို့လင်မယားမှာ ရှိပြီးသားပါလေ၊ဟင်းအိုးမှ ဟင်းတွေကိုခတ်ပြီး ထမင်းများနဲ့သူဖုံးဖိပြီးထည့်နေမိသည် ဒါကိုမိန်းမဖြစ်သူကမြင်တော့ ”ရှင်ဘာလုပ်နေတာလည်းကောင်းလေးအတွက်
ထမင်းထည့်ပေးနေတာလေ၊ အော်ရှင်ကလည်းတုံးလိုက်တာပေးချင်နေမှတော့ ဝှက်ပြီးပေးစရာလားဒီအတိုင်းပေးလည်းရလျှက်သားနဲ့ဘာလဲ ရှင်ကကျွန်မမြင်မှာ ကြောက်လို့လားကြောက်စရာမဟုတ်တာရှင်ကျွန်မလည်းစာနာထောက်ထားတတ်တဲ့ မိန်းမသားတယောက်ပါ၊ ဟာဒီမိန်းမ
ဘာတွေလာပြောနေတာလည်းဒီအတိုင်း ဗြောင်ပေးတော့ သူ့ကိုအထင်သေးရာရောက်သွားမှာပေါ့ဟပြီးတော့လည်း သူရှက်သွားရင်နောက်ဆိုတို့ဆိုင်ကိုသူဘယ်လိုလုပ်ပြီး လာရဲတော့မလည်းမိန်းမဖြစ်သူက လင်ယောက်ျားကိုကြည့်ပြီးပီတိဖြစ်မိသည် အမလေးငါ့ယောက်ျားက
သနားတတ်ရုံ တစ်မျိုးတည်းမဟုတ်ပဲလူတစ်ယောက်ကို အဖက်ဖက်ကစာနာစိတ်ကလည်း ကြီးမားပါလေရဲ့ဒီလိုနဲ့ပဲကောင်းလေးဟာ သူတို့ဆိုင်မှာလာပြီးကျောင်းပြီးသည်အထိ ထမင်းလာစားခဲ့တယ်သူတို့လင်မယားကလည်းတစ်နေ့တစ်မျိုး မရိုးလေအောင် ဟင်းအမျိုးမျိုးကိုထမင်းဖုံး၍
ပေးလေ့ရှိခဲ့တယ်၊ ကျောင်းပြီးသွားတော့ ကောင်လေးကသူတို့ဆိုင်ကို၁၀နှစ်ကြာမျှတောင် တစ်ခါမှရောက်မလာတော့ပါတစ်နေ့တော့မြေပိုင်ရှင်ကမြေကိုရောင်းလိုက်ပြီးဖြစ်ကြောင်းဒီနေရာက ရွေ့ပြောင်းရတော့မည်ဖြစ်ကြောင်း လာပြောသောအခါလင်မယားနှစ်ယောက်သား
စိတ်ပျက်လက်ပျက်ဖြစ်ပြီးအိမ်မှာထိုင်မိုင်နေကြစဉ် သူတို့နေတဲ့ အိမ်နားသို့ကားတစ်စီးလာ၍ထိုးရပ်လာသည် လူတယောက်ကကားပေါ်မှဆင်းပြီး သူတို့ရှိရာ လျှောက်၍လာသည်၊ ကျွန်တော်က ကုမ္မဏီတစ်ခုရဲ့မန်နေဂျာတစ်ဦးပါခင်ဗျကျွန်တော့်သူဌေးက အဒေါ်တို့လင်မယားချက်တဲ့
ဟင်းကိုအရမ်းကြိုက်တဲ့သူတစ်ယောက်ပါ အဲဒါကြောင့်ကျွန်တော်တို့ ကုမ္မဏီအနီးမှာဆိုင်ဖွင့်ပေးဖို့ တောင်းဆိုထားလို့ပါလင်မယားနှစ်ယောက် အံ့အားသင့်သွားသည်သူတို့ဆိုင်စုတ်စုတ်လေးမှာ ဘယ်လိုသူဌေးကများ လာပြီးစားဖူးပါလိမ့်၊ ပြီးတော့လည်း သူတို့မှာရှိတာကအိုးစုတ်ခွက်စုတ်
တွေမို့ကုမ္မဏီကြီးအနား ထမင်းဆိုင်သွားဖွင့်ရမှာဘယ်လိုမှမဖြစ်နိုင်လို့သူတို့ငြင်းဆိုခဲ့တယ်အဲဒီအတွက်မပူပါနဲ့ဗျာကျွန်တော့်သူဌေးကအစစ အရာရာ ပြင်ဆင်ထားပြီးသားပါသွားပြီးချက်ပြုတ်ရုံသက်သက်ပါ အဲဒီသူဌေးကဘာဖြစ်လို့ သူတို့အပေါ် ဒီလောက်ကောင်းနေရတာလည်းဆိုတာ
သူတို့နားမလည်ခဲ့နောက်ဆုံးတော့သူတို့အပေါ်ကောင်းတဲ့သူဌေးကြီးကတစ်ချိန်ကသူတို့ဆီက ထမင်းတစ်ထုပ်လုပ်ကျွေးခဲ့ဖူးတဲ့ကျောင်းသားလေးမှန်းသိရတော့သည်။ ဦးနဲ့အဒေါ်သာကျွန်တော့်ကို မကူညီပေးခဲ့ရင်ကျွန်တော်ဒီလိုဘဝမျိုးရောက်လာမည်မဟုတ်အခုလို ပြန်လည်
ကျေးဇူးဆပ်ခွင့်ရတာကျွန်တော်အရမ်းဝမ်းသာတယ်ဗျာ လိုတာရှိရင်ပြောပါဘာမှ အားမနာကြပါနဲ့ (စေတနာထားတတ်ရုံနဲ့ မလုံလောက်ဘူးအဖက်ဖက်ကကြည့်ပြီး စာနာမူ့လည်း ထားတတ်ရမယ်ယခုလို IT ခေတ်မှာမရှိသူကိုကူညီတတ်ကြတဲ့ သူတစ်ချို့သတိထားသင့်တယ်သူတစ်ပါးကို
ကူညီလိုလျှင် သူ့ရဲ့ဂုဏ်သိက္ခာကိုလည်းထည့်တွေးသင့်တယ်ကိုယ့်ရဲ့စေတနာကို ပုံရိုက်ပြီး တင်ပြနေစရာမလိုဘူးစေတနာအောက်မှာသူတစ်ပါးရဲ့ဂုဏ်သိက္ခာတွေနစ်ပျောက်သွားတတ်လို့ပါ) အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။
Unicode
သားကိုထမင်းအလွတ်တစ်ပွဲ ရောင်းပေးလို့ရမလားခင်ဗျ သား ပိုက်ဆံမလောက်လို့ပါတဲ့နော်
ကျောင်းနှင့် အလှမ်းမဝေးလှတဲ့ ထမင်းဆိုင်သေးသေးလေးတစ်ဆိုင်မှာ ကောင်လေးတစ်ယောက်ကထမင်းလာမှာစားတယ် ဆိုင်ရှင်နားကပ်ပြီး လေသံတိုးတိုးလေးနှင့်ဟိုလေသားကို ထမင်းအလွတ်တစ်ပွဲလောက်ရောင်းပေးလို့ရလားခင်ဗျ သားပိုက်ဆံမလောက်လို့ပါ”ရပါတယ်သားရယ်
ပြောပြောဆိုဆိုနှင့် ဆိုင်ရှင်အဒေါ် ကြီးကယောက်ျားရေထမင်းအလွတ်တစ်ပွဲလောက်လုပ်ပေးပါဦးအော်ဟင်းချိုနဲ့ငါးပိရည်လည်း ထည့်ပေးဖို့မမေ့နဲ့နော်ယောက်ျားဖြစ်သူကထမင်းအဖြူတစ်ပွဲကိုကောင်လေးထိုင်နေတဲ့ခုံမှာသွားချပေးလိုက်တယ်။ ကောင်လေးကသူ့ကိုထပ်မှာတယ်
ဟိုလေသားအတွက်နောက်ထပ် ဟင်းမပါတဲ့ ထမင်းဗလာတစ်ထုတ်ထပ်လုပ်ပေးလို့ ရလားခင်ဗျ ကောင်းလေးခမျာ ပြောသာပြောနေရတယ်၊ သူ့မျက်နှာက အတော်လေးအားနာနေတဲ့ပုံပါ၊ ရပါတယ်သားရယ် ဒါနဲ့ ဒီထမင်းထုတ်က မင်းဘာသွားလုပ်ဖို့လည်း၊ သားညနေကြရင်စားဖို့ပါဗျဦး
ဆိုင်ရှင်အဖိုးကြီးကသူ့ကိုဂရုနာသက်တဲ့မျက် လုံးနှင့်ကြည့်ပြီးအင်း ကောင်လေးကြည့်ရတာမြို့မှာသာကျောင်းလာတက်တယ် အိမ်ကမိဘတွေကငွေကြေးအခက်ခဲ ရှိပုံရတယ်၊ အမှန်တကယ်တော့ သူတို့လင်မယားကလည်းတစ်နေ့လုပ် တစ်နေ့စားပါ ဒီဆိုင်နေရာလေးကိုသူများ
ငှားပေးလို့သာကံကောင်းပြီးဈေးရောင်းရတဲ့ဘဝပါ မရှိသူမို့လည်း မရှိသူကိုစာနာတတ်တဲ့စိတ်က သူတို့လင်မယားမှာ ရှိပြီးသားပါလေ၊ဟင်းအိုးမှ ဟင်းတွေကိုခတ်ပြီး ထမင်းများနဲ့သူဖုံးဖိပြီးထည့်နေမိသည် ဒါကိုမိန်းမဖြစ်သူကမြင်တော့ ”ရှင်ဘာလုပ်နေတာလည်းကောင်းလေးအတွက်
ထမင်းထည့်ပေးနေတာလေ၊ အော်ရှင်ကလည်းတုံးလိုက်တာပေးချင်နေမှတော့ ဝှက်ပြီးပေးစရာလားဒီအတိုင်းပေးလည်းရလျှက်သားနဲ့ဘာလဲ ရှင်ကကျွန်မမြင်မှာ ကြောက်လို့လားကြောက်စရာမဟုတ်တာရှင်ကျွန်မလည်းစာနာထောက်ထားတတ်တဲ့ မိန်းမသားတယောက်ပါ၊ ဟာဒီမိန်းမ
ဘာတွေလာပြောနေတာလည်းဒီအတိုင်း ဗြောင်ပေးတော့ သူ့ကိုအထင်သေးရာရောက်သွားမှာပေါ့ဟပြီးတော့လည်း သူရှက်သွားရင်နောက်ဆိုတို့ဆိုင်ကိုသူဘယ်လိုလုပ်ပြီး လာရဲတော့မလည်းမိန်းမဖြစ်သူက လင်ယောက်ျားကိုကြည့်ပြီးပီတိဖြစ်မိသည် အမလေးငါ့ယောက်ျားက
သနားတတ်ရုံ တစ်မျိုးတည်းမဟုတ်ပဲလူတစ်ယောက်ကို အဖက်ဖက်ကစာနာစိတ်ကလည်း ကြီးမားပါလေရဲ့ဒီလိုနဲ့ပဲကောင်းလေးဟာ သူတို့ဆိုင်မှာလာပြီးကျောင်းပြီးသည်အထိ ထမင်းလာစားခဲ့တယ်သူတို့လင်မယားကလည်းတစ်နေ့တစ်မျိုး မရိုးလေအောင် ဟင်းအမျိုးမျိုးကိုထမင်းဖုံး၍
ပေးလေ့ရှိခဲ့တယ်၊ ကျောင်းပြီးသွားတော့ ကောင်လေးကသူတို့ဆိုင်ကို၁၀နှစ်ကြာမျှတောင် တစ်ခါမှရောက်မလာတော့ပါတစ်နေ့တော့မြေပိုင်ရှင်ကမြေကိုရောင်းလိုက်ပြီးဖြစ်ကြောင်းဒီနေရာက ရွေ့ပြောင်းရတော့မည်ဖြစ်ကြောင်း လာပြောသောအခါလင်မယားနှစ်ယောက်သား
စိတ်ပျက်လက်ပျက်ဖြစ်ပြီးအိမ်မှာထိုင်မိုင်နေကြစဉ် သူတို့နေတဲ့ အိမ်နားသို့ကားတစ်စီးလာ၍ထိုးရပ်လာသည် လူတယောက်ကကားပေါ်မှဆင်းပြီး သူတို့ရှိရာ လျှောက်၍လာသည်၊ ကျွန်တော်က ကုမ္မဏီတစ်ခုရဲ့မန်နေဂျာတစ်ဦးပါခင်ဗျကျွန်တော့်သူဌေးက အဒေါ်တို့လင်မယားချက်တဲ့
ဟင်းကိုအရမ်းကြိုက်တဲ့သူတစ်ယောက်ပါ အဲဒါကြောင့်ကျွန်တော်တို့ ကုမ္မဏီအနီးမှာဆိုင်ဖွင့်ပေးဖို့ တောင်းဆိုထားလို့ပါလင်မယားနှစ်ယောက် အံ့အားသင့်သွားသည်သူတို့ဆိုင်စုတ်စုတ်လေးမှာ ဘယ်လိုသူဌေးကများ လာပြီးစားဖူးပါလိမ့်၊ ပြီးတော့လည်း သူတို့မှာရှိတာကအိုးစုတ်ခွက်စုတ်
တွေမို့ကုမ္မဏီကြီးအနား ထမင်းဆိုင်သွားဖွင့်ရမှာဘယ်လိုမှမဖြစ်နိုင်လို့သူတို့ငြင်းဆိုခဲ့တယ်အဲဒီအတွက်မပူပါနဲ့ဗျာကျွန်တော့်သူဌေးကအစစ အရာရာ ပြင်ဆင်ထားပြီးသားပါသွားပြီးချက်ပြုတ်ရုံသက်သက်ပါ အဲဒီသူဌေးကဘာဖြစ်လို့ သူတို့အပေါ် ဒီလောက်ကောင်းနေရတာလည်းဆိုတာ
သူတို့နားမလည်ခဲ့နောက်ဆုံးတော့သူတို့အပေါ်ကောင်းတဲ့သူဌေးကြီးကတစ်ချိန်ကသူတို့ဆီက ထမင်းတစ်ထုပ်လုပ်ကျွေးခဲ့ဖူးတဲ့ကျောင်းသားလေးမှန်းသိရတော့သည်။ ဦးနဲ့အဒေါ်သာကျွန်တော့်ကို မကူညီပေးခဲ့ရင်ကျွန်တော်ဒီလိုဘဝမျိုးရောက်လာမည်မဟုတ်အခုလို ပြန်လည်
ကျေးဇူးဆပ်ခွင့်ရတာကျွန်တော်အရမ်းဝမ်းသာတယ်ဗျာ လိုတာရှိရင်ပြောပါဘာမှ အားမနာကြပါနဲ့ (စေတနာထားတတ်ရုံနဲ့ မလုံလောက်ဘူးအဖက်ဖက်ကကြည့်ပြီး စာနာမူ့လည်း ထားတတ်ရမယ်ယခုလို IT ခေတ်မှာမရှိသူကိုကူညီတတ်ကြတဲ့ သူတစ်ချို့သတိထားသင့်တယ်သူတစ်ပါးကို
ကူညီလိုလျှင် သူ့ရဲ့ဂုဏ်သိက္ခာကိုလည်းထည့်တွေးသင့်တယ်ကိုယ့်ရဲ့စေတနာကို ပုံရိုက်ပြီး တင်ပြနေစရာမလိုဘူးစေတနာအောက်မှာသူတစ်ပါးရဲ့ဂုဏ်သိက္ခာတွေနစ်ပျောက်သွားတတ်လို့ပါ) အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။
Credit Myat