ဖေဖော်ဝါရီလအတွင်းကစပြီး ယနေ့အထိ ဗဟိုဘဏ်က ငွေကြေးဈေးကွက်အတွင်း အမေရိကန်ဒေါ်လာ သန်း ၂၉၄ ကျော် ရောင်းချခဲ့ပေမယ့် ဒေါ်လာဈေး ဆက်လက်မြင့် တက်နေဆဲဖြစ်ပြီး ကျပ် ၂၀၀၀ ဝန်းကျင်ခန့်အထိ မြင့်နေဆဲလို့ ငွေကြေးဈေး ကွက်အသိုင်းအဝိုင်းက သိရပါတယ်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ စာရင်းများအရ ဖေဖော်ဝါရီလ တွင် အမေရိကန်ဒေါ်လာ ၆ ဒသမ ၈ သန်း၊ ဧပြီလတွင် ၁၂ သန်း၊ မေလတွင် ၂၄ သန်း၊ ဇွန်လတွင် ၁၂ သန်း၊ ဇူလိုင်လတွင် ၃၉ သန်း ၊သြဂုတ်လတွင် ဒေါ်လာ ၂၈ သန်း၊စက်တင်ဘာလတွင် ၆၃ သန်း၊အောက်တိုဘာလ တွင် သန်း ၁၁၀ အပါအဝင် ၉လတာကာလအတွင်း ကျပ်သန်းပေါင်း ၂၉၄ သန်းကျော်အထိ ဈေးပြိုင်လေလံစနစ်ဖြင့် ရောင်းချပေးခဲ့တယ်လို့ဆိုပါတယ်။
ဗဟိုဘဏ်က အမေရိကန်တစ်ဒေါ်လာအတွက် ရည်ညွှန်းငွေလဲနှုန်း သတ်မှတ်၍ ရောင်းချခဲ့ခြင်း ဖြစ်ရာ စက်တင်ဘာလအတွင်းက ပျမ်းမျှ ငွေလဲလှယ်နှုန်း ၁၇၅၅ ကျပ်ဖြင့်လည်းကောင်း၊အောက်တိုဘာလအတွင်းက ပျှမ်းမျှငွေ လဲနှုန်း ၁၈၂၀ ကျပ်ဖြင့်လည်းကောင်း ထုတ်ရောင်းခဲ့တာ ဖြစ်ပါတယ်။
ဗဟိုဘဏ်ရဲ့ ရောင်းချပေးတဲ့နှုန်းက ပြင်ပငွေဈေးကွက်ထဲ ပေါက်ဈေးထက် နည်းပါးနေပါတယ်။
ဗဟိုဘဏ်ကနိုင်ငံခြားငွေရောင်းဈေးနှုန်းနှင့် ဝယ်ဈေးနှုန်းအကြား အများဆုံးထားရှိရမည့် ကွာဟချက်သတ်မှတ်မှုကို စက်တင်ဘာလ ၁၁ ရက်က ပယ်ဖျက် လိုက်ပြီးနောက်
စက်တင်ဘာလ ၁၂ ရက်ကစပြီး နိုင်ငံခြားငွေလဲကောင်တာများတွင် အမေရိကန် ဒေါ်လာ တစ်ဒေါ်လာလျှင် ကျပ် ၂၀၀၀ ခန့်ဖြင့် ရောင်းချခဲ့ကြကာ ဈေးကွက်အတွင်း တစ်ဒေါ်လာလျှင် ကျပ် ၂၂၀၀ ကျော် ထိ ရောက်ရှိမြင့်တက်ခဲ့ပါတယ်။
ယနေ့ နိုဝင်ဘာ ၁ ရက်နေ့မှာတော့ အမေရိကန် တစ်ဒေါ်လာကို ၁၉၄၀ ကျပ်အထိ ပေါက်ဈေးရှိပါတယ်။
—————————–
ေဖေဖာ္ဝါရီလအတြင္းကစၿပီး ယေန႔အထိ ဗဟိုဘဏ္က ေငြေၾကးေဈးကြက္အတြင္း အေမရိကန္ေဒၚလာ သန္း ၂၉၄ ေက်ာ္ ေရာင္းခ်ခဲ့ေပမယ့္ ေဒၚလာေဈး ဆက္လက္ျမင့္ တက္ေနဆဲျဖစ္ၿပီး က်ပ္ ၂၀၀၀ ဝန္းက်င္ခန႔္အထိ ျမင့္ေနဆဲလို႔ ေငြေၾကးေဈး ကြက္အသိုင္းအဝိုင္းက သိရပါတယ္။
ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္၏ စာရင္းမ်ားအရ ေဖေဖာ္ဝါရီလ တြင္ အေမရိကန္ေဒၚလာ ၆ ဒသမ ၈ သန္း၊ ဧၿပီလတြင္ ၁၂ သန္း၊ ေမလတြင္ ၂၄ သန္း၊ ဇြန္လတြင္ ၁၂ သန္း၊ ဇူလိုင္လတြင္ ၃၉ သန္း ၊ၾသဂုတ္လတြင္ ေဒၚလာ ၂၈ သန္း၊စက္တင္ဘာလတြင္ ၆၃ သန္း၊ေအာက္တိုဘာလ တြင္ သန္း ၁၁၀ အပါအဝင္ ၉လတာကာလအတြင္း က်ပ္သန္းေပါင္း ၂၉၄ သန္းေက်ာ္အထိ ေဈးၿပိဳင္ေလလံစနစ္ျဖင့္ ေရာင္းခ်ေပးခဲ့တယ္လို႔ဆိုပါတယ္။
ဗဟိုဘဏ္က အေမရိကန္တစ္ေဒၚလာအတြက္ ရည္ၫႊန္းေငြလဲႏႈန္း သတ္မွတ္၍ ေရာင္းခ်ခဲ့ျခင္း ျဖစ္ရာ စက္တင္ဘာလအတြင္းက ပ်မ္းမွ် ေငြလဲလွယ္ႏႈန္း ၁၇၅၅ က်ပ္ျဖင့္လည္းေကာင္း၊ေအာက္တိုဘာလအတြင္းက ပွ်မ္းမွ်ေငြ လဲႏႈန္း ၁၈၂၀ က်ပ္ျဖင့္လည္းေကာင္း ထုတ္ေရာင္းခဲ့တာ ျဖစ္ပါတယ္။
ဗဟိုဘဏ္ရဲ႕ ေရာင္းခ်ေပးတဲ့ႏႈန္းက ျပင္ပေငြေဈးကြက္ထဲ ေပါက္ေဈးထက္ နည္းပါးေနပါတယ္။
ဗဟိုဘဏ္ကႏိုင္ငံျခားေငြေရာင္းေဈးႏႈန္းႏွင့္ ဝယ္ေဈးႏႈန္းအၾကား အမ်ားဆုံးထားရွိရမည့္ ကြာဟခ်က္သတ္မွတ္မႈကို စက္တင္ဘာလ ၁၁ ရက္က ပယ္ဖ်က္ လိုက္ၿပီးေနာက္
စက္တင္ဘာလ ၁၂ ရက္ကစၿပီး ႏိုင္ငံျခားေငြလဲေကာင္တာမ်ားတြင္ အေမရိကန္ ေဒၚလာ တစ္ေဒၚလာလွ်င္ က်ပ္ ၂၀၀၀ ခန႔္ျဖင့္ ေရာင္းခ်ခဲ့ၾကကာ ေဈးကြက္အတြင္း တစ္ေဒၚလာလွ်င္ က်ပ္ ၂၂၀၀ ေက်ာ္ ထိ ေရာက္ရွိျမင့္တက္ခဲ့ပါတယ္။
ယေန႔ ႏိုဝင္ဘာ ၁ ရက္ေန႔မွာေတာ့ အေမရိကန္ တစ္ေဒၚလာကို ၁၉၄၀ က်ပ္အထိ ေပါက္ေဈးရွိပါတယ္။