ၾကားသိရသမွ်

ဆွေမျိုးသားချင်းတစ်ဦးမှ လာမတွေ့တဲ့ လူနာအဖိုးအို ကိုယ်ပေါ်သို့ နှစ်ရက်တိုင်တိုင် လားနားနေတဲ့ ခိုလေး

ဆွေမျိုးသားချင်းတစ်ဦးမှ လာမတွေ့တဲ့ လူနာအဖိုးအို ကိုယ်ပေါ်သို့ နှစ်ရက်တိုင်တိုင် လားနားနေတဲ့ ခိုလေး

ဆေးရုံတွင် သူနာပြုဆရာမ တဦးက ရိုက်ထားသောပုံလို့ သိရပါတယ်။

ဆေးရုံတွင် ကုသခံနေသော လူနာအိုတဦး ဖြစ်ပြီး ဆေးရုံတက်စဉ်ကာလအတွင်း မည်သည့်ဆွေမျိုးသားခြင်းမှ လာရောက်ကြည့်ရှုခြင်းမရှိသလို လာရောက်ကြည့်ရှုမည့် ဆွေမျိုးသားချင်းများလည်း တစ်ယောက်မျှ မရှိဘူးဆိုတာ နောက်ပိုင်းမှ သိရသည်ဟု ဆိုပါသည်။

ထိုသို့ မည်သည့်ဆွေမျိုး သားချင်းတဦးမျှ လာမကြည့်သော်လည်း လူနာ၏ ခန္တာကိုယ်ပေါ်တွင် ခိုတကောင်မှ ၂ ရက်တိုင်တိုင် ဆက်တိုက်လာနားနေသည်တွေ့ရပြီး သူနာပြုဆရာမ တစ်ဦးမှ မှတ်တမ်းတင်ရိုက်ကူးထားခြင်းဖြစ်သည်။

နောက်ပိုင်း စုံစမ်းသိရမျှ ထိုလူမှာ ပန်းခြံထဲ အပန်းဖြေရန် ရောက်တိုင်း ခိုများကို အစာကျွေးလေ့ ရှိတတ်သည် ဆို၏။

Credit –






Credit –