“သား ပါရဂူကြီးဖြစ်ရင် ဆင်းရဲတဲ့သူတွေကို အလကားကုပေးမှာတဲ့” ဒီလောက် စိတ်ထားကောင်းတဲ့သူကိုမှ လုပ်ရက်တယ်ကွာ💔
“အာဇာနည်ဆိုတာ နာမည်ပဲရှိတာသားရယ်၊ အန်တီ့သားလေးက ခုမရှိတော့ဘူး၊ အန်တီရင်ကျိုးရချည်ရဲ့” 😔
“အန်တီ ငယ်ငယ်က ရှမ်းပြည်နယ်စပ်မှာနေတာ ၊ အမြဲတမ်း စစ်ဖြစ်လို့ ကျောင်းတောင် ကောင်းကောင်းမတက်ခဲ့ရဘူး၊ ပြေးရပုန်းရနဲ့ နေလာရတာသားရယ်၊ အဲ့တော့ အန်တီက အန်တီ့သားလေးကို ပညာတတ်စေချင်တယ်၊ အန်တီ မစားရနေပါစေ သားလေးကို အကောင်းဆုံးတွေပဲ ပေးခဲ့တာ၊ ပိုးမွေးသလို မွေးခဲ့တာ၊ ခုတော့ အန်တီ့သား ပညာတတ်လေး မရှိတော့ဘူး၊ အန်တီ့သား ဆရာဝန်ကြီးဖြစ်တာ မမြင်ရတော့ဘူး၊ အန်တီ့ရဲ့ အသည်းနှလုံးတစ်ခုလုံးကို ဖောက်ထုတ်လိုက်သလိုပါပဲသားရယ်”💔
“အန်တီ့ သားလေးက အရမ်းစိတ်ထားကောင်းတာ၊ လူကြီးတွေရော ဆရာဆရာမတွေရောက သိပ်ချစ်တာ၊ စာလည်း အရမ်းတော်တာ၊ အန်တီ့သားကြောင့်လေ တစ်ခါမှ မျက်နှာမငယ်ခဲ့ရဘူး သိလား၊ ခုတော့ အသက်ပေးလိုက်ရပြီသားရယ်၊ အန်တီ့သားလေးကို အသက်ပြန်ရှင်ခွင့်ပေးပါ၊ အန်တီရင်ဘက်ကို ကော့ပေးထားပါတယ်၊ အချက် ၁၀၀ ပစ်ရင်လည်း အန်တီခံပါ့မယ်သားရယ်” 😓
အန်တီက သူ့လက်ကလေးတွေ ကြည့်ပြီး ငိုရင်း “ဒီလက်ကလေးတွေနဲ့လေ အန်တီ့သားလေးကို ဟင်းချက်ကျွေးခဲ့တာ၊ သူကြိုက်တဲ့ဟင်းတွေ အကုန်ချက်ကျွေးခဲ့တာ၊ ခုအန်တီချက်ကျွေးချင်ရင်တောင် ကျွေးလို့မရတော့ဘူးသားရယ်” 😔
“အန်တီ့သားလေး ကိုရင် ၁လ ဝတ်တုန်းကဆိုလေ မျက်နှာလေးမြင်ချင်လွန်းလို့ ဘုန်းကြီးကျောင်းမှာ တစ်နေကုန် ပန်းကန်ဆေးပြီး စောင့်ခဲ့တာ သားရဲ့၊ အန်တီ့သားကလေ သိပ်တော်တယ် သိလား၊ ကိုရင်ဝတ်တော့ စာမေးပွဲစစ်တာ အယောက် ၄၀၀ကျော်မှာ အဆင့် ၄ ချိတ်တာသားရဲ့၊ အန်တီအရမ်းဂုဏ်ယူရတဲ့သားလေးပါ သားရယ်”😔
အန်တီက သူ့ခြေထောက်လေးတွေကို ကြည့်ရင်း ” ဒီခြေထောက်လေးတွေနဲ့ အန်တီ့သားလေးကို ကျောင်းပို့၊ ကျူရှင်ပို့လုပ်ခဲ့တာ၊ အန်တီ့သားလေးနဲ့အတူ လျှောက်သွားခဲ့တာ၊ ခု သားလေးမရှိတော့ ဒီခြေထောက်တွေနဲ့ ဘယ်လိုရပ်တည်ရမလဲသားရယ်” 😓
Dead bodyထုတ်ဖို့သွားရင်းနဲ့ လမ်းမှာ ညီလေး ခန့်ငြားဟိန်း ကျသွားတဲ့နေရာနားလည်းရောက်ရော ” သားရေ ဟိုမှာ ကြည့်ပါဦး၊ နှင်းဆီပန်းလေး ချထားတဲ့နေရာတွေ့လား၊ အဲ့မှာ အန်တီ့သားလေးကို ပစ်သတ်သွားတာ သားရဲ့၊ ပြီးတော့ တရွတ်တိုက်ဆွဲသွားတာ၊ အန်တီ ရင်ကွဲမတတ်ကို ခံစားရတယ် သားရယ်” 💔
“အန်တီတို့က တရုတ်စစ်စစ်ပါ သားရယ်၊ မြန်မာပြည်မှာ မွေးတဲ့ တရုတ်စစ်စစ်ပါ၊ အန်တီမှာချင်တာကလေ မြန်မာပြည်က တရုတ်တွေကို မမုန်းလိုက်ပါနဲ့၊ မြန်မာနိုင်ငံမှာမွေးပြီး မြန်မာစိတ်ဓါတ်ပဲရှိတာပါ၊ အန်တီတို့ စိတ်ဓါတ်က ပြည်မကြီးကတရုတ်တွေနဲ့ ယှဉ်ရင် အကွာကြီးပါ၊ အန်တီဆို သူတို့ရဲ့မတော်လောဘကြောင့် အန်တီ့သားလေးကို ဆုံးရှုံးလိုက်ရပြီ၊ တကယ် ကမ္ဘာမကြေဘူး”😔
“အန်တီ့သားလေးကို အမြဲအမှတ်ရနေပေးပါနော်၊ သားလေးအတွက် အမှတ်တရဖြစ်စေမယ့်နေရာလေးတွေလည်း လုပ်ပေးပါနော်၊ အန်တီ့သားလေးကိုလွမ်းတိုင်း အဲ့နေရာလေးတွေသွားပြီး ဂုဏ်ယူချင်လို့ပါသားရယ်၊ အန်တီ့သား ဆရာဝန်လောင်းလေးကို အန်တီ ဂုဏ်ယူချင်လို့ပါ သားရယ်” 😞
ကျွန်တော်တို့ ကူငွေလေးပေးဖို့ကို အန်တီက လက်မခံဘဲ ” အန်တီတို့ထက် တကယ်ပိုပြီးလိုအပ်နေတဲ့သူတွေ အများကြီး ရှိပါတယ်၊ သူတို့ကိုပဲ လှူပေးပါနော်၊ အန်တီ့သားလေးကို ရည်စူးပြီးတော့ လှူပေးပါနော်”😔
ဒီစကားတစ်ခွန်းချင်းဆီတိုင်းက ရင်ဘတ်ကို ဖောက်ထွက်မတတ် ခံစားရတယ်၊ သားလေးတစ်ယောက် ဆုံးရှုံးသွားတဲ့ မိခင်တစ်ယောက်ရဲ့ ပူဆွေးငိုကြွေးသံတွေကြား တကယ် ဝမ်းနည်းရတယ်၊ ဘာမှ မလုပ်ပေးနိုင်လို့လည်း အားနာရပါတယ်၊ ဒီမိုကရေစီတိုက်ပွဲအတွက် အသက်ပေးလိုက်ရတဲ့ အန်တီ့သားကို အမြဲမှတ်မိနေပါ့မယ်။ သေမင်းက လူကောင်း သိပ်ကြိုက်တယ်ဗျာ၊ တကယ် စိတ်ထားကောင်းတဲ့သူကိုမှ ခေါ်သွားရက်တယ်။(ကြွေလွင့်သွားခဲ့ရတဲ့ အာဇာနည်မောင်ခန့်ငြားဟိန်းကို အလေးပြုလျက်)
Rest in power, our hero🥀🕊
14.3.2021💔
unicode
သီဟိုဠ္မွ ဉာဏ္ႀကီးရွင္သည္ အာယုဝၯနေဆးၫႊန္းစာကို ဇလြန္ေဈးေဘး ဗာဒံပင္ထက္ အဓိ႒ာန္လ်က္ ဂဃနဏဖတ္ခဲ့သည္။“သား ပါရဂူႀကီးျဖစ္ရင္ ဆင္းရဲတဲ့သူေတြကို အလကားကုေပးမွာတဲ့” ဒီေလာက္ စိတ္ထားေကာင္းတဲ့သူကိုမွ လုပ္ရက္တယ္ကြာ💔
“အာဇာနည္ဆိုတာ နာမည္ပဲရွိတာသားရယ္၊ အန္တီ့သားေလးက ခုမရွိေတာ့ဘူး၊ အန္တီရင္က်ိဳးရခ်ည္ရဲ႕” 😔
“အန္တီ ငယ္ငယ္က ရွမ္းျပည္နယ္စပ္မွာေနတာ ၊ အၿမဲတမ္း စစ္ျဖစ္လို႔ ေက်ာင္းေတာင္ ေကာင္းေကာင္းမတက္ခဲ့ရဘူး၊ ေျပးရပုန္းရနဲ႔ ေနလာရတာသားရယ္၊ အဲ့ေတာ့ အန္တီက အန္တီ့သားေလးကို ပညာတတ္ေစခ်င္တယ္၊ အန္တီ မစားရေနပါေစ သားေလးကို အေကာင္းဆုံးေတြပဲ ေပးခဲ့တာ၊ ပိုးေမြးသလို ေမြးခဲ့တာ၊ ခုေတာ့ အန္တီ့သား ပညာတတ္ေလး မရွိေတာ့ဘူး၊ အန္တီ့သား ဆရာဝန္ႀကီးျဖစ္တာ မျမင္ရေတာ့ဘူး၊ အန္တီ့ရဲ႕ အသည္းႏွလုံးတစ္ခုလုံးကို ေဖာက္ထုတ္လိုက္သလိုပါပဲသားရယ္”💔
“အန္တီ့ သားေလးက အရမ္းစိတ္ထားေကာင္းတာ၊ လူႀကီးေတြေရာ ဆရာဆရာမေတြေရာက သိပ္ခ်စ္တာ၊ စာလည္း အရမ္းေတာ္တာ၊ အန္တီ့သားေၾကာင့္ေလ တစ္ခါမွ မ်က္ႏွာမငယ္ခဲ့ရဘူး သိလား၊ ခုေတာ့ အသက္ေပးလိုက္ရၿပီသားရယ္၊ အန္တီ့သားေလးကို အသက္ျပန္ရွင္ခြင့္ေပးပါ၊ အန္တီရင္ဘက္ကို ေကာ့ေပးထားပါတယ္၊ အခ်က္ ၁၀၀ ပစ္ရင္လည္း အန္တီခံပါ့မယ္သားရယ္” 😓
အန္တီက သူ႔လက္ကေလးေတြ ၾကည့္ၿပီး ငိုရင္း “ဒီလက္ကေလးေတြနဲ႔ေလ အန္တီ့သားေလးကို ဟင္းခ်က္ေကြၽးခဲ့တာ၊ သူႀကိဳက္တဲ့ဟင္းေတြ အကုန္ခ်က္ေကြၽးခဲ့တာ၊ ခုအန္တီခ်က္ေကြၽးခ်င္ရင္ေတာင္ ေကြၽးလို႔မရေတာ့ဘူးသားရယ္” 😔
“အန္တီ့သားေလး ကိုရင္ ၁လ ဝတ္တုန္းကဆိုေလ မ်က္ႏွာေလးျမင္ခ်င္လြန္းလို႔ ဘုန္းႀကီးေက်ာင္းမွာ တစ္ေနကုန္ ပန္းကန္ေဆးၿပီး ေစာင့္ခဲ့တာ သားရဲ႕၊ အန္တီ့သားကေလ သိပ္ေတာ္တယ္ သိလား၊ ကိုရင္ဝတ္ေတာ့ စာေမးပြဲစစ္တာ အေယာက္ ၄၀၀ေက်ာ္မွာ အဆင့္ ၄ ခ်ိတ္တာသားရဲ႕၊ အန္တီအရမ္းဂုဏ္ယူရတဲ့သားေလးပါ သားရယ္”😔
အန္တီက သူ႔ေျခေထာက္ေလးေတြကို ၾကည့္ရင္း ” ဒီေျခေထာက္ေလးေတြနဲ႔ အန္တီ့သားေလးကို ေက်ာင္းပို႔၊ က်ဴရွင္ပို႔လုပ္ခဲ့တာ၊ အန္တီ့သားေလးနဲ႔အတူ ေလွ်ာက္သြားခဲ့တာ၊ ခု သားေလးမရွိေတာ့ ဒီေျခေထာက္ေတြနဲ႔ ဘယ္လိုရပ္တည္ရမလဲသားရယ္” 😓
Dead bodyထုတ္ဖို႔သြားရင္းနဲ႔ လမ္းမွာ ညီေလး ခန႔္ျငားဟိန္း က်သြားတဲ့ေနရာနားလည္းေရာက္ေရာ ” သားေရ ဟိုမွာ ၾကည့္ပါဦး၊ ႏွင္းဆီပန္းေလး ခ်ထားတဲ့ေနရာေတြ႕လား၊ အဲ့မွာ အန္တီ့သားေလးကို ပစ္သတ္သြားတာ သားရဲ႕၊ ၿပီးေတာ့ တ႐ြတ္တိုက္ဆြဲသြားတာ၊ အန္တီ ရင္ကြဲမတတ္ကို ခံစားရတယ္ သားရယ္” 💔
“အန္တီတို႔က တ႐ုတ္စစ္စစ္ပါ သားရယ္၊ ျမန္မာျပည္မွာ ေမြးတဲ့ တ႐ုတ္စစ္စစ္ပါ၊ အန္တီမွာခ်င္တာကေလ ျမန္မာျပည္က တ႐ုတ္ေတြကို မမုန္းလိုက္ပါနဲ႔၊ ျမန္မာႏိုင္ငံမွာေမြးၿပီး ျမန္မာစိတ္ဓါတ္ပဲရွိတာပါ၊ အန္တီတို႔ စိတ္ဓါတ္က ျပည္မႀကီးကတ႐ုတ္ေတြနဲ႔ ယွဥ္ရင္ အကြာႀကီးပါ၊ အန္တီဆို သူတို႔ရဲ႕မေတာ္ေလာဘေၾကာင့္ အန္တီ့သားေလးကို ဆုံးရႈံးလိုက္ရၿပီ၊ တကယ္ ကမာၻမေၾကဘူး”😔
“အန္တီ့သားေလးကို အၿမဲအမွတ္ရေနေပးပါေနာ္၊ သားေလးအတြက္ အမွတ္တရျဖစ္ေစမယ့္ေနရာေလးေတြလည္း လုပ္ေပးပါေနာ္၊ အန္တီ့သားေလးကိုလြမ္းတိုင္း အဲ့ေနရာေလးေတြသြားၿပီး ဂုဏ္ယူခ်င္လို႔ပါသားရယ္၊ အန္တီ့သား ဆရာဝန္ေလာင္းေလးကို အန္တီ ဂုဏ္ယူခ်င္လို႔ပါ သားရယ္” 😞
ကြၽန္ေတာ္တို႔ ကူေငြေလးေပးဖို႔ကို အန္တီက လက္မခံဘဲ ” အန္တီတို႔ထက္ တကယ္ပိုၿပီးလိုအပ္ေနတဲ့သူေတြ အမ်ားႀကီး ရွိပါတယ္၊ သူတို႔ကိုပဲ လႉေပးပါေနာ္၊ အန္တီ့သားေလးကို ရည္စူးၿပီးေတာ့ လႉေပးပါေနာ္”😔
ဒီစကားတစ္ခြန္းခ်င္းဆီတိုင္းက ရင္ဘတ္ကို ေဖာက္ထြက္မတတ္ ခံစားရတယ္၊ သားေလးတစ္ေယာက္ ဆုံးရႈံးသြားတဲ့ မိခင္တစ္ေယာက္ရဲ႕ ပူေဆြးငိုေႂကြးသံေတြၾကား တကယ္ ဝမ္းနည္းရတယ္၊ ဘာမွ မလုပ္ေပးႏိုင္လို႔လည္း အားနာရပါတယ္၊ ဒီမိုကေရစီတိုက္ပြဲအတြက္ အသက္ေပးလိုက္ရတဲ့ အန္တီ့သားကို အၿမဲမွတ္မိေနပါ့မယ္။ ေသမင္းက လူေကာင္း သိပ္ႀကိဳက္တယ္ဗ်ာ၊ တကယ္ စိတ္ထားေကာင္းတဲ့သူကိုမွ ေခၚသြားရက္တယ္။(ေႂကြလြင့္သြားခဲ့ရတဲ့ အာဇာနည္ေမာင္ခန႔္ျငားဟိန္းကို အေလးျပဳလ်က္)
Rest in power, our hero🥀🕊
14.3.2021💔