လူတွေမှာ အိမ်မွေးတိရိစ္ဆာန်ကိုမွေးစားပြီး ပြုစုထိန်းသိမ်းရတာကိုကြိက်နှစ်သက်ရတဲ့ အကြောင်းရင်းအမျိုးမျိုးရှိပါတယ်။ အများစုမှာ တိရိစ္ဆာန်ချစ်သူများဖြစ်ကြပြီး ၎င်းတို့ရဲ့အိမ်မွေးတိရိစ္ဆာန်များနှင့်အတူတူ ဖြတ်သန်းနေရတာကိုဘဲကျေနပ်နေတတ်ကြပါတယ်။ တကယ်လည်း အိမ်မွေးတိရိစ္ဆာန်လေးတွေရဲ့ချစ်စရာကောင်းမှုနဲ့ သစ္စာရှိမှုက ကျွန်တော်တို့ရဲ့မျက်နှာပေါ်ကအပြုံးကို ဘယ်တော့မှမပျက်ပြယ်စေပါဘူး။
အင်တာနက်အသုံးပြုသူတစ်ဦးက သူမရဲ့အိမ်မွေးတိရိစ္ဆာန် ကြောင်တစ်ကောင် ဟာ ညဘက်အချိန်တွေမှာ အိမ်မှပျောက်ကွယ်သွားလေ့ရှိပြီး တစ်ညလုံး ဘယ်မှာမှသူမရှာမတွေ့ခဲ့ဘူးလို့ ပြောပြခဲ့ပါတယ်။
တစ်နေ့မှာတော့ သူမရဲ့အချစ်တော်ကြောင်လေးက မနက်ရောက်မှအိမ်ပြန်ရောက်လာခဲ့ပြီး ပင်ပန်းကာ အိပ်မောကျနေခဲ့ပေမဲ့ သူမကို အံ့အားအသင့်ဆုံးဖြစ်သွားစေခဲ့တဲ့အရာက သူမကြောင်လေးရဲ့လည်ပင်းမှာ တရုတ်ယွမ် ၁၀ တန် ငွေစက္ကူတစ်ရွက်ကပ်ပါလာခြင်းဖြစ်ကြောင်း သူမက ဆိုခဲ့ပါတယ်။
၎င်းအဖြစ်ကို သခင်ဖြစ်သူက နောက်ပိုင်းမှာ ပိုမိုသတိထားမိလာခဲ့ပြီး သူမကြောင်လေးက နောက်တစ်နေ့မနက်ရောက်တိုင်း အိမ်ပြန်ရောက်တာနဲ့ ပင်ပန်းနွမ်းနယ်ပုံရပြီး အိပ်ပျော်သွားခဲ့တဲ့အပြင် အိမ်သို့ငွေစက္ကူများယူဆောင်လာခဲ့ခြင်းဟာ ကြောင်လေးက ” ညဆိုင်း ” အလုပ်လုပ်နေတာကြောင့် ညဘက်ရောက်တိုင်းပျောက်ပျောက်သွားတာလားလို့ သူမ မကြာခဏတွေးခဲ့မိကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။
ထို့ကြောင့် သခင်ဖြစ်သူကလည်း သူမကြောင်က အိမ်သို့ယူဆောင်လာတဲ့ သူ့ ‘လစာ’ ငွေအားလုံးကိုစုဆောင်းပေးလိုက်ပြီး သူ့စိတ်ကြိုက်အစာကို နေ့တိုင်းဝယ်ကျွေးပေးလိုက်ကြောင်းလည်း ထပ်မံပြောကြားခဲ့ပါတယ်။
သူမမျှဝေပေးလိုက်တဲ့ တွေးတောစရာအဖြစ်အပျက်ကြောင့် အင်တာနက်သုံးစွဲသူများစွာက “ ဒီကြောင်က ဘယ်လိုအလုပ်မျိုးလုပ်ခဲ့တာလဲ ” ၊ “ ကြွက်ဖမ်းပေးတာလား ၊ ဒါမှမဟုတ် တစ်ခြားသူတွေရဲ့အိမ်တွေကိုစောင့်ပေးတာလား။
” ၊ “ ဒီကြောင်လေးကသာ သူ ဘာလုပ်ခဲ့လဲဆိုတာသိပုံရတယ် ” စတဲ့မှတ်ချက်များဖြင့်တုံ့ပြန်ခဲ့ကြသလို မနက်ရောက်မှ အိမ်ပြန်ပြီး ပြန်အိပ်တတ်တဲ့ကြောင်တစ်ကောင်ရဲ့ဒီလျှို့ဝှက်ဆန်းကြယ်တဲ့အလုပ်ကြောင့် အင်တာနက်အသုံးပြုသူများအကြား ညဘက်မှာ ဒီကြောင်တစ်ကောင်ဘယ်တွေများဘာလုပ်နေလဲဆိုတဲ့မေးခွန်းထုတ်စရာများ ဖြစ်လာခဲ့ပါတယ်။
Crd
zawgyi
လူေတြမွာ အိမ္ေမြးတိရိစာၦန္ကိုေမြးစားၿပီး ျပဳစုထိန္းသိမ္းရတာကိုႀကိက္ႏွစ္သက္ရတဲ့ အေၾကာင္းရင္းအမ်ိဳးမ်ိဳးရွိပါတယ္။ အမ်ားစုမွာ တိရိစာၦန္ခ်စ္သူမ်ားျဖစ္ၾကၿပီး ၎တို႔ရဲ႕အိမ္ေမြးတိရိစာၦန္မ်ားႏွင့္အတူတူ ျဖတ္သန္းေနရတာကိုဘဲေက်နပ္ေနတတ္ၾကပါတယ္။ တကယ္လည္း အိမ္ေမြးတိရိစာၦန္ေလးေတြရဲ႕ခ်စ္စရာေကာင္းမႈနဲ႔ သစၥာရွိမႈက ကြၽန္ေတာ္တို႔ရဲ႕မ်က္ႏွာေပၚကအၿပဳံးကို ဘယ္ေတာ့မွမပ်က္ျပယ္ေစပါဘူး။
အင္တာနက္အသုံးျပဳသူတစ္ဦးက သူမရဲ႕အိမ္ေမြးတိရိစာၦန္ ေၾကာင္တစ္ေကာင္ ဟာ ညဘက္အခ်ိန္ေတြမွာ အိမ္မွေပ်ာက္ကြယ္သြားေလ့ရွိၿပီး တစ္ညလုံး ဘယ္မွာမွသူမရွာမေတြ႕ခဲ့ဘူးလို႔ ေျပာျပခဲ့ပါတယ္။
တစ္ေန႔မွာေတာ့ သူမရဲ႕အခ်စ္ေတာ္ေၾကာင္ေလးက မနက္ေရာက္မွအိမ္ျပန္ေရာက္လာခဲ့ၿပီး ပင္ပန္းကာ အိပ္ေမာက်ေနခဲ့ေပမဲ့ သူမကို အံ့အားအသင့္ဆုံးျဖစ္သြားေစခဲ့တဲ့အရာက သူမေၾကာင္ေလးရဲ႕လည္ပင္းမွာ တ႐ုတ္ယြမ္ ၁၀ တန္ ေငြစကၠဴတစ္႐ြက္ကပ္ပါလာျခင္းျဖစ္ေၾကာင္း သူမက ဆိုခဲ့ပါတယ္။
၎အျဖစ္ကို သခင္ျဖစ္သူက ေနာက္ပိုင္းမွာ ပိုမိုသတိထားမိလာခဲ့ၿပီး သူမေၾကာင္ေလးက ေနာက္တစ္ေန႔မနက္ေရာက္တိုင္း အိမ္ျပန္ေရာက္တာနဲ႔ ပင္ပန္းႏြမ္းနယ္ပုံရၿပီး အိပ္ေပ်ာ္သြားခဲ့တဲ့အျပင္ အိမ္သို႔ေငြစကၠဴမ်ားယူေဆာင္လာခဲ့ျခင္းဟာ ေၾကာင္ေလးက ” ညဆိုင္း ” အလုပ္လုပ္ေနတာေၾကာင့္ ညဘက္ေရာက္တိုင္းေပ်ာက္ေပ်ာက္သြားတာလားလို႔ သူမ မၾကာခဏေတြးခဲ့မိေၾကာင္းကိုလည္း ေျပာျပခဲ့ပါတယ္။
ထို႔ေၾကာင့္ သခင္ျဖစ္သူကလည္း သူမေၾကာင္က အိမ္သို႔ယူေဆာင္လာတဲ့ သူ႔ ‘လစာ’ ေငြအားလုံးကိုစုေဆာင္းေပးလိုက္ၿပီး သူ႔စိတ္ႀကိဳက္အစာကို ေန႔တိုင္းဝယ္ေကြၽးေပးလိုက္ေၾကာင္းလည္း ထပ္မံေျပာၾကားခဲ့ပါတယ္။
သူမမွ်ေဝေပးလိုက္တဲ့ ေတြးေတာစရာအျဖစ္အပ်က္ေၾကာင့္ အင္တာနက္သုံးစြဲသူမ်ားစြာက “ ဒီေၾကာင္က ဘယ္လိုအလုပ္မ်ိဳးလုပ္ခဲ့တာလဲ ” ၊ “ ႂကြက္ဖမ္းေပးတာလား ၊ ဒါမွမဟုတ္ တစ္ျခားသူေတြရဲ႕အိမ္ေတြကိုေစာင့္ေပးတာလား။
” ၊ “ ဒီေၾကာင္ေလးကသာ သူ ဘာလုပ္ခဲ့လဲဆိုတာသိပုံရတယ္ ” စတဲ့မွတ္ခ်က္မ်ားျဖင့္တုံ႔ျပန္ခဲ့ၾကသလို မနက္ေရာက္မွ အိမ္ျပန္ၿပီး ျပန္အိပ္တတ္တဲ့ေၾကာင္တစ္ေကာင္ရဲ႕ဒီလွ်ိဳ႕ဝွက္ဆန္းၾကယ္တဲ့အလုပ္ေၾကာင့္ အင္တာနက္အသုံးျပဳသူမ်ားအၾကား ညဘက္မွာ ဒီေၾကာင္တစ္ေကာင္ဘယ္ေတြမ်ားဘာလုပ္ေနလဲဆိုတဲ့ေမးခြန္းထုတ္စရာမ်ား ျဖစ္လာခဲ့ပါတယ္။
Crd