ဗေဒင်

( ၇ )ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်း (၃.၅.၂၀၂၂)

3,May .2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် 7ရက်သားသမီးဟောစာတမ်းအကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ ကဆုန်လဆန်း(၄)ရက်၊ အင်္ဂါနေ့ ဖြစ်ပါတယ်။ ခရစ်နှစ် ၂၀၂၂ခုနှစ်၊မေလ(၃)ရက်နေ့လဲ ဖြစ်ပါတယ်။ ဒီနေ့နံနက်(၄း၅၁)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅း၃၉)နာရီဖြစ်ပြီး၊ ညနေ(၆း၃၁)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ နဂါး မြေခံဖြစ်၍ ပျက်စီးဆုံးရှုံးရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်ရန် မသင့်ပါ။

ဒီနေ့ဟာတီထိမြေခံအရ တနင်္လာမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္လာမြေခံ ဖြစ်တဲ့အတွက် ဒီနေ့မှာ လုပ်ကိုင် လိုက်သော လုပ်ငန်းများမှန်သမျှ အကျိုးအမြက်ကြီးကြီးမားမားရရှိကြွယ်ခြင်း၊ ချမ်းသာခြင်း၊ စည်းစိမ်ဉစ္စာ တိုးပွား ခြင်းများ အထူးပင်ရရှိစေနိုင်တာကြောင့်

ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးဆောင်ရွက် သင့်ပါတယ်။သို့သော်ရက်ယုတ်မာနဲ့ တိုက်ဆိုင်နေတာမို့ ရှောင်နိုင်ရင်တော့ ပိုကောင်းပါတယ်။

ဒီနေ့ဟာ သမားညို၊ ရက်ယုတ်မာ ရက်ကျရောက်နေတာဖြစ်ပါတယ်။ ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၃)လုံး အောင်မြင်မှုတွေကိုဖြစ်ပေါ်စေတဲ့ဇယျာတီထိကျရောက်တဲ့နေ့ရက်လဲ ဖြစ်ပါတယ်။

ဒါကြောင့်ဒီလိုနေ့မျိုးဟာ မိမိရဲ့စိတ်စွမ်းကြီးမားအောင်လို့ ပြုလုပ်နိုင်မဲ့နေ့ရက်ပါပဲ။ ဒါကြောင့်ပဲစိတ်လေ့ ကျင့်ခန်းများဖြစ်တဲ့ သမထဘာဝနာပွားများခြင်းတွေလဲ ဆောင်ရွက်လို့အထူးကောင်းပါတယ်။ နည်းပညာနဲ့ပတ် သက်ပြီးအားထည့်လုပ်ဆောင်လေတိုးတတ်လေဖြစ်မဲ့နေ့ရက်ပါပဲ။

သတ္ထုများ၊ရွှေနှင့်ရတနာပစ္စည်းစူးစမ်းရှာဖွေခြင်းများလဲစတင်နိုင်မဲ့နေ့ရက်ပါပဲ။ အောက်လက်ငယ်သားတွေကို အလုပ်နဲ့ပတ်သက်ပြီးလက်တွဲခေါ်ယူခြင်း၊ အရွယ်ရောက်ပြီးတဲ့သားသမီးတွေကို မိမိအလုပ်နဲ့ပတ်သက်ပြီးရင်းနှီး အောင်ဆောင်ရွက်ပေးခြင်းများ ပြုလုပ်နိုင်ပါတယ်။

စာပေအနုပညာလုပ်ငန်းများ၊ စားသောက်ကုန်လုပ်ငန်းများ၊လျှပ်စစ်နှင့်ဆိုင်သောလုပ်ငန်းများ အထူးဆောင်ရွက် နိုင်မဲ့နေ့ရက်လဲဖြစ်ပါတယ်။ စစ်ရေးနဲ့ဆိုင်သောကိစ္စတွေဖြစ်တဲ့ စစ်သားစုဆောင်းခြင်း၊စစ်ရေးလေ့ကျင့်ခြင်း၊စစ် လက်နက်အသုံးပြုခြင်းများလဲ အထူးဆောင်ရွက်နိုင်ပါတယ်။

မိမိလုပ်ငန်းအတွက်လိုအပ်သောစက်ပစ္စည်းများကိုဝယ်ယူခြင်းတွေ၊ တပ်ဆင်ခြင်းတွေပြုလုပ်သင့်တဲ့နေ့ပါ။ စက်လှေအသစ်များ၊သင်္ဘောများကို စတင်ရေချခြင်း၊ ခုတ်မောင်းခြင်းတွေပြုလုပ်နိုင်မဲ့နေ့ရက်ဖြစ်ပါတယ်။

ကြော်ငြာနှင့်ပတ်သက်သောကိစ္စမှန်သမျှအထူးဆောင်ရွက်နိုင်ပါလိမ့်မယ်။ အိမ်ပြုပြင်ခြင်း၊အိမ်ခန်းဖွဲ့ခြင်းများလဲ အထူးဆောင်ရွက်လို့ကောင်းတဲ့နေ့ပါပဲ။ အလုပ်နဲ့ပတ်သက်ပြီးဝန်ထမ်းတွေကိုသင်တန်းပေးခြင်းများလဲအထူး ဆောင်ရွက်နိုင်ပါတယ်။

ဒီလိုနေ့မျိုးမှာတော့ အခက်အခဲတွေကိုကောင်းစွာဖြေရှင်းနိုင်ပါလိမ့်မယ်။ရင်းနှီးမြုပ်နှံမှုတွေပြုလုပ်လို့အထူးကောင်း ပါတယ်။အမှုအခင်းပြဿနာတွေရှိရင်တော့ပြေလည်အောင်ဖြေရှင်းနိုင်မဲ့နေ့ရက်လဲဖြစ်ပါတယ်။

ယနေ့တွင် တောင်တက်ခရီးများ သွားလာခြင်းမပြုရပါ။ ခေါင်းဆေး၊ ခေါင်းလျှော်ပြုက ဘေးရန်ပျောက်မည်။ သတင်းအချက်အလက်များ စုစည်းပါ။

လုပ်ငန်းခွင် အသုံးအဆောင်ပစ္စည်းများ ပြင်ဆင်ခြင်း၊ အသစ် အစားထိုးခြင်းပြုရန် ရက်ကောင်းဖြစ်သည်။ မင်္ဂလာယူပြီးဆောင်ရွက်ရသော ကိစ္စများ ရှောင်ကြည်ပါ။ တစ်ပတ်ရစ် ပစ္စည်းဟောင်းများ ဈေးကွက်တင်ရောင်းချရန် ရက်ကောင်းဖြစ်သည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့(၆း၄၁)နာရီမှ (ရး၃၃)နာရီအတွင်း အတွင်းဖြစ်ပါတယ်။

ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာ ခြင်းများ ကြုံလာရပါလိမ့်မယ်။

မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာ မျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။

ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါ တယ်။

ရက်ယုတ်မာကျရောက်တဲ့နေ့ဖြစ်တာကြောင့် အိမ်ဆောက် တာ၊တိုက်ဆောက် တာ၊ ဆိုင်ဆောက်တာ၊ ပန္နက်ရိုက် တာ၊တိုင်ထူတာမျိုးတွေ မလုပ်သင့်ပါ။ လုပ်မိတယ် ဆိုရင်တော့ ရေမီးမင်းခိုးသူ၊အမွေခံသားဆိုးသမီးဆိုးဆိုတဲ့ ရန်သူမျိုးငါးပါးကြောင့် ပြန်လည်ပျက်စီးရ တတ်ပါ တယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ရာဇဖွား၊ ပြိဿစန်း၊ မိဿရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးရင်သွေးများဟာ သူမတူ တဲ့ အတွေးရှိကြတယ်။ ဖောက်ထွက်တွေးနိုင်တဲ့သူတွေဖြစ်ကြပါလိမ့်မယ်။ ငွေကံအားနည်းတဲ့သူတွေဖြစ်ပြီး လုပ်မှ ရမယ်၊အချောင်မရဘူးဆိုတဲ့ဇာတာမျိုးတွေဖြစ်ပါတယ်။

ငွေကြေးကံအားနည်းပေမဲ့ ဉာဏ်ကြီးသူတွေဖြစ်တာ ကြောင့် ဘဝမှာထိပ်တန်းရောက်တတ်ပါတယ်။ ကံကောင်းတာတစ်ခုက ဒီနေ့မွေးရင်သွေးငယ်ဟာ မိဘကျေးဇူးကို သိတတ်တဲ့သူတွေဖြစ်ကြတယ်။ မိဘနဲ့အနေဝေးရင်တောင်မှာ ရသမျှမိဘကိုထောက်ပံ့နေကြသူတွေဖြစ်လိမ့်မယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ (၃း၁၄) မှ ညနေ (၄း၅၀) အတွင်း ကျရောက်နေပါ တယ်။ ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်း ပါတယ်။

ဒီနေ့မှာ ကံကောင်းသောနေ့သားများ တနင်္လာ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲဖြစ်ပါတယ်။ ကံညံ့သော နေ့သားများကတော့ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ အင်္ဂါ၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။ ဒီနေ့မှာ အဖြူရောင်၊လိမ္မော်ရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းတွေကို အထူးအလေးထား ဝတ်ဆင် သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ ရရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ ( ၂၊၀ ) ဂဏန်း ဖြစ်ပါတယ်။ ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ဦးခေါင်းကို အမွှေးနံ့သာ ဆွတ်သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ပိန္နဲသီး ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ရရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

ရရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

တနင်္ဂနွေ

စိတ်ညစ်စရာတွေကို ဖယ်ထုတ်ထားလိုက်ပါ။ ပျော်ပျော် နေမှလဲအဆင်ပြေပါလိမ့်မယ်။ ငွေကြေးနဲ့ပတ်သက်သော အခွင့်အလမ်းကောင်းတွေပေါ်လာတတ်ပါတယ်။ ဒါပေမဲ့ အများပိုင်ငွေတွေကိုတော့ လက်ထဲမှာမထားလိုက်ပါနဲ့။ သူများငွေကြောင့်ဒုက္ခရောက်တတ်လို့ပါ။

ပညာရေးနဲ့ ပတ် သက်ရင် ငါရနေပြီဆိုပြီးတော့ ပေါ့ပေါ့မတွေးပါနဲ့။ အထူးဂရုစိုက်ဖို့လိုတာက မိခင်၊ဖခင်တွေရဲ့ ကျန်းမာရေးပါပဲ။ လိုအပ်တဲ့ဆေးဝါးတွေလဲဝယ်ထားပေးလိုက်ပါ။ ခရီးကိစ္စတွေ၊ လူမှုရေးကိစ္စတွေလဲများတတ်တဲ့ နေ့ရက်ပါပဲ။ စက်ပစ္စည်းနဲ့ပတ်သက်ပြီး ရောင်းမှားဝယ်မှားတွေ ဖြစ်ရတတ်ပါ တယ်။

တနင်္လာ

လူကြီးတွေရဲ့မြှောက်စားခြင်းကိုခံရတတ်ပါတယ်။ လူငယ်တွေဆို မိဘတွေဆီကမုန့်ဖိုးများများရတတ်ပါတယ်။ အလုပ်နဲ့ပတ်သက်ပြီး မိမိရဲ့အစွမ်းအစတွေကိုထုတ်ပြခွင့်ရလာမဲ့နေ့ပါ။ အချစ်ရေးမှာ တော့ချစ်သူနဲ့ ပျော်စရာ အချိန်တွေကိုဖန်တီးနိုင်ပါလိမ့်မယ်။

အိမ်တွင်းရေးပြဿနာတွေရှိထား ခဲ့ရင် ဒီနေ့မှာ ပြေလည်အောင် ဖြေရှင်းဖို့အကောင်းဆုံးနေ့ရက်ပါပဲ။ ရွှေဝယ်မယ်ဆိုဒီနေ့ဟာ ကောင်းမွန်တဲ့နေ့ရက်ပါပဲ။ အပျော်ခရီးမျိုးတွေ သွားရတတ်ပါတယ်။ ကိုယ်လုပ်ချင်တဲ့ဝါသနာပါရာအလုပ်ကိစ္စ တွေလုပ်ခွင့်ရဖို့ အခွင့်အရေးရ လာတတ်ပါတယ်။

အင်္ဂါ

အခက်အခဲတွေကိုရဲရဲရင်ဆိုင်တတ်ဖို့လိုပါတယ်။ စိတ်ဓာတ်ပျော့ညံ့သူများလဲ ပိုမိုစိတ်ညစ်နေရတတ်ပါတယ်။ အခက်အခဲပြဿနာတွေကို ရင်ဆိုင်လေ၊ မိမိအတွက် ပိုမိုတိုးတတ်လေပါပဲ။ ပညာရေးနဲ့ပတ်သက်ပြီး စာမေးပွဲဖြေပြီးတော့ ပြန်စစ်ဆေးကြည့်လိုက်ပါ။

ရှန်းတာမျိုးကြောင့် အမှားလေးတွေကိုတွေ့ရပါလိမ့်မယ်။ အိမ်တွင်းရေးကိစ္စတွေမှာ မိမိဦးဆောင်လုပ်ကိုင်ပေးနေရတတ်ပါတယ်။ စပ်တူအလုပ်များ တတ်နိုင်သ၍ ငွေကြေးကိစ္စများရှင်းရှင်းလင်းလင်း လုပ်ထားပါ။ ဆရာသမား လူကြီးတွေရဲ့ ခိုင်းစေထားတဲ့အလုပ်တွေလဲ လုပ်ပေးနေရတတ်ပါတယ်။

ဗုဒ္ဓဟူး၊ရာဟု

ဘယ်ကိစ္စမဆိုအမှားကင်းကင်းနဲ့ အကောင်းဆုံးလုပ် ဆောင်သွားနိုင်မဲ့နေ့ပါပဲ။ ကိုယ်ပိုင်စီးပွားများ အခွင့်အလမ်း ကောင်းတွေ ပေါ်လာတတ်ပါတယ်။ အလုပ်နဲ့ပတ်သက် သောသိသင့်တဲ့ သတင်းအချက်အလက်တွေကိုလဲ ရရှိပါ လိမ့်မယ်။

ကျန်းမာရေးကိုတော့ သိပ်စိတ်ပူဖို့မလိုပါဘူး။ ပညာရေးနဲ့ပတ်သက်ပြီး အားရစရာကောင်းတဲ့ ရလဒ် တွေကို ရရှိတတ်ပါတယ်။ အလုပ်ကိစ္စတွေအဆင်ပြေမည်။

အလုပ်လျှောက်ထားရင် အလုပ်ခေါ်စာတွေရော က်လာ ပါလိမ့်မယ်။ မိတ်ဆွေသစ် သူငယ်ချင်းသစ်တွေလဲ တိုးပွားမဲ့နေ့ရက်ပါပဲ။ အိမ်တွင်းရေးအိမ်ထောင်ရေးတွေ အထူး သာ ယာပါလိမ့်မယ်။

ကြာသပတေး

ငွေတွေမြုပ်တတ်ပါတယ်။ အဓိကတော့ အလုပ်နဲ့ပတ်သက်ပြီး ရင်းနှီးမြုပ်နှံမှုတွေမှားတတ်ပါတယ်။ မိသားစုဝင် တွေထဲမှာ ကျန်းမာရေးညံ့သူတစ်ယောက်ကြောင့်ငွေကုန်ရတတ် ပါတယ်။ ကျန်းမာရေးကိုတော့ အနည်းငယ် သတိထားပါ။

အကြောနဲ့ပတ်သက်သောရောဂါများ၊မျက်စိရောဂါများ ဖြစ်ရတတ်ပါတယ်။ မိသားစုအတွင်း ပြဿနာတတ်သွားစေမဲ့စကားတွေကို မပြောမိပါစေနဲ့။ ယုံကြည်ရာကို ဇွတ်လုပ်လိုက်လို့ မသင့်သေးပါဘူး ။ သားသမီးလက်အောက်ငယ်သား တွေရဲ့အကူအညီအထောက်အပံ့တွေ အများကြီးရလာမဲ့နေ့ရက်ပါပဲ။

သောကြာ

အနည်းငယ်စိတ်ရှုပ်ရတတ်ပါတယ်။ အဓိကတော့ ကတိမတည်တဲ့သူတွေကြောင့်ပဲ စိတ်ညစ်စရာတွေ ကြုံရတတ် တာပါ။ မိမိဆိုင်၊မိမိခြံကို ခြံစည်းရိုးအဆင့်မြှင့် ခြင်း၊တံခါးပြုပြင်ခြင်းများ လုပ်ဆောင်လို့ကောင်းတဲ့နေ့ရက်ပါပဲ။ အသုံးအဖြုန်းများနေတတ်ပါတယ်။

ကုန်သွားပြီး မှနှမြောနေမိတတ်ပါတယ်။ ကျန်းမာရေးကို ဂရုစိုက်ပါ။ ပင်ပန်းပြီး ကိုယ်လက် မအီမသာဖြစ်တာ ၊သွေးအားနည်း တာမျိုးတွေဖြစ်ရတတ်ပါတယ်။ မနာလိုသူတွေ ရန်လိုသူတွေ တွေ့ရတတ်ပါတယ်။ ညဘက်အပေါင်းအသင်းတွေနဲ့ သွားလာတာမျိုးဒီနေ့ရှောင်လိုက်ပါ။

စနေ

ကံကောင်းခြင်းတွေ မိမိဆီကိုရောက်လာတတ်ပါတယ်။ ထီဝါသနာပါသူများ ၂အပူးပါသော ထီလက်မှတ်ကိုရွေး ချယ်ကံစမ်းလိုက်ပါ။ ရင်းနှီးမြုပ်နှံထားတဲ့အလုပ်တွေကနေ ငွေပေါ်လာပါလိမ့််မယ်။နိုင်ငံခြားနဲ့ပတ်သက် ဆက်နွယ်သော ကိစ္စမှန်သမျှအဆင်ပြေပါလိမ့်မယ်။

ကောင်းသော မွန်မြတ် သောအလုပ်တွေအားစိုက်လုပ်လိုက်ပါ။ ကံသိသိသာသာမြင့်မားသွားပါလိမ့်မယ်။ ကျေးဇူးပြုခဲ့ဖူးသူတွေ ကိုမှတ်မှတ်ရရ ကျေးဇူးပြန်ပြုလိုက်ပါ။ အဝေးရောက်နေတဲ့ သားသမီးတွေဆီက အထောက်အပံ့တွေရလာ တတ်ပါတယ်။ ငွေကံလဲမြင့်မားနေတဲ့ နေ့ရက်ပါပဲ။ Crd- ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)