ၾကားသိရသမွ်

YBS မစီးဘူး…. TAXI ငွားမရဘူး ၊QUARANTINE စင္တာ သို႔ လမ္းေလွ်ာက္လာခဲ့ေသာ စစ္ေတြျပန္ေလးစားစရာ စိတ္ဓာတ္ပိုင္ရွင္

YBS မစီးဘူး…. TAXI ငွားမရဘူး ၊QUARANTINE စင္တာ သို႔ လမ္းေလွ်ာက္လာခဲ့ေသာ စစ္ေတြျပန္ေလးစားစရာ စိတ္ဓာတ္ပိုင္ရွင္

စစ္ေတြကျပန္လာတာတဲ့ ။ေန႔လည္ (၄)နာရီ ခြဲေလာက္ ၊ အားလုံး ၿပိဳင္းကုန္ၾကပီ။ ခနတျဖဳတ္ ကိုယ့္အခန္းကိုယ္အနားျပန္ယူ အိပ္သူကအိပ္ (မနက္က swabယူတဲ့ေန႔မို႔ ေစာေစာထရတာကိုး)အဲ့ဒီအခ်ိန္ ကြာရန္တင္းယူမဲ့ (၁) ေယာက္ ေရာက္လာတယ္။ အားလုံးအလုပ္ရႈပ္ ေယာက္ယွက္ ခပ္ကုန္ၾကေရာ ၊ဘာလို႔ဆို သူက သူ႔အစီစဥ္နဲ႔သူ ေရာက္လာတာ ကိုယ္က ေတာ့ သူ႔ကို စပ္စု လိုက္မိတယ္ ။

 

စစ္ေတြက ျပန္လာတာတဲ့ လမ္းမွာကားနဲ႔ (၁) ရက္ ၾကာတယ္တဲ့ ။ဇာတိက ဧရာဝတီတိုင္း က်ိဳက္ပိကတဲ့ စစ္ေတြမွာ အလုပ္ သြားလုပ္တာတဲ့။သူျပန္လာပီး အေနာက္မွာ ေနာက္ေန႔ ေလာ့ေဒါင္းတဲ့ သူကလည္း ကူးစက္ပိုး ၾကားၾကားခ်င္းအေျခေနမဆိုးခင္ လုျပန္ လာရွာတာ ရန္ကုန္အေရာက္ဟိုကေလာ့ေဒါင္း ေၾကျငာ သူ႔မိန္းမက ျပန္မလာနဲ႔ ရန္ကုန္မွာ ကြာရန္တင္းဝင္ပီးမွအိမ္ျပန္လာပါတဲ့။

 

ေတာေန ေတာစား ေတာအလုပ္လုပ္တဲ့ ေတာသူမ(၁)ေယာက္ရဲ႕ အသိစိတ္ေလး ဘေလာက္ခ်စ္ဖို႔ ေကာင္းသလည္း သူ႔ေယာက္က်ားကို ကြာရန္တင္း ေနဖို႔ သိသေလာက္ ဖုန္း နဲ႔ ေျပာျပေနတာရယ္ ။ကဲ ေျပာခ်င္တဲ့လိုရင္းက အခုမွစမွာ။

 

အေဝးေျပးကြင္း ထိုသူေရာက္ပါပီ ေအာင္မဂၤလာ ကားႀကီး ကြင္း သူက ေပါ့စတစ္ မ်ားေနသည့္ အရပ္က ျပန္လာတာ ဒါေပမယ့္ mask အႏြမ္းေလးေတာ့ တပ္လ်က္ပါ ။ပီးေတာ့ လက္ဖ်ား ခါေလာက္မိပါရဲ႕အံ့ၾသမႈ႕ (၁) ခုကေလ ဒီညီေလး (ကိုယ့္ထက္ ငယ္ပုံံပါ အလုပ္ၾကမ္းဒဏ္ေၾကာင့္ အသက္ႀကီးပုံ)သူက သူစစ္ေတြက ျပန္လာေၾကာင္း ကြာရန္တင္း သြားဝင္ရမွာ ျဖစ္သည့္အေၾကာင္း ပြင့္ပြင့္လင္းလင္းေျပာရွာပီး taxi ေတြကို ငွါးတယ္တဲ့။

 

အဲသလို ေျပာေတာ့ဘယ္taxiက လိုက္မွာတုန္း (ပို႔မွာတုန္း) ဒီအစီးေတြ မရရင္ ေနာက္အစီးေတြက် လိမ္ညာ ငွါးလို႔ရပါလွ်က္ ခုလိုပဲ အမွန္တိုင္းေျပာ ငွါးရွာတယ္။

ဒီလိုနဲ႔ပဲ မနက္ (၈)နာရီေလာက္က လမ္းေလွ်ာက္ လာလိုက္တာညေန (၄)နာရီ စြန္းစြန္းမွာ က်ေတာ္ရွိတဲ့ လႈိင္တကၠသိုလ္ဝန္း ဟိုးလမ္း၁ပတ္ႀကီး ရွိတဲ့စင္တာဂိတ္ဆုံးဆီ ေရာက္လာခဲ့တယ္ ။

ဗိုက္ အရမ္းဆာ ေနရွာပုံပါပဲ ။ေရာ့ ညီေလးဒီထမင္းဗူးေလး အရင္စား အဲဒီနားမွာပဲ အဲဒီေဘးက ပုံးထဲ ဗူးခြံပစ္ေနာ္ ညီေလး ဆိုပီး ခပ္လွမ္းလွမ္းကေန အကာအကြယ္ ဝတ္စုံ ဝတ္ထားပီး သူ႔ကို လွမ္းေပး လိုက္တယ္။ ဟုတ္အကိုရီးတဲ့ စားေနလိုက္တာ ေခါင္းမေဖာ္ဘူးရယ္ ။

ေက်ာပိုးအိတ္ေလး (၁)လုံးရယ္ ၊ လွ်ာထိုးဦးထုပ္ေလး ေဆာင္းပီး ဆြဲသားေဘာင္းဘီ ၾကပ္ၾကပ္နဲ႔ကြင္းထိုး ဖနပ္မဲေလးစီး အက်ႌကြက္ လက္ရွည္ေလး ဝတ္ထားတဲ့ အဆင္အယင္ဟာျမန္မာပလာဇာ (၁)ခုရဲ႕ အတြင္းထဲမွာ ေတြ႕မိၾကရင္ လူကုန္ထံ ေတြၾကား ေတာသားေလးအတြက္ အထင္ေသးစရာ အၾကည့္ေတြေအာက္ေရာက္ေနမွာ က်ိန္ေျပာရဲပါတယ္ ။

ရန္ကုန္မွာ တခ်ိဳ႕ ဝတ္ေကာင္းစားလွေတြ ဝတ္ပီးMaskေလးတပ္ဖို႔ ခဲယဥ္းေနခ်ိန္မွာ ဒီေတာသားေလးရဲ႕ အသိစိတ္ေလးကို ခ်စ္လိုက္တာ ပီးေတာ့ သူ႔မိန္းမ ေတာသူမေလးကလည္း အသိစိတ္ေလး ေကာင္းလိုက္တာ။ ဟိုး ေအာင္မဂၤလာ ကေန ဒီ လႈိင္တကၠသိုလ္ အဝန္းထဲမက အတြင္းလမ္းမ တဆုံးအထိ ဝိုင္ဘီအက္မစီးပဲ taxiေတြကို မလိမ္ညာပဲ ငွါးမရလို႔ လမ္းေလွ်ာက္ လာခဲ့ရွာသတဲ့ သူေျပာတာ နားေထာင္ပီး တကယ္ ဘုရားစူးက်ေတာ္ မ်က္ရည္ဝဲမိတာ (PPEဝတ္စုံကဖုံးကြယ္ ထားေပးတယ္) က်ေတာ္တို႔အားလုံး ဒီေတာသားေလး လင္မယားရဲ႕အသိစိတ္ေလးမ်ိဳး ေမြးၾကရေအာင္ကြာ

(သူ႔ကို က်ေတာ္ကိုယ္တိုင္ အခန္းလိုက္ျပေပး အဲကြန္းဖြင့္ေပး ေရမီးအစုံအခင္း ေခါင္းအုံး ေစာင္ ေရခ်ိဳးဆပ္ျပာ ဆပ္ျပာမႈန႔္ ေသေသ ခ်ာခ်ာ အခန္းထဲ ထည့္ေပးလိုက္ပါတယ္)

24.August.208:25 p.m. Skyboyပိုးမရွိပါေစလို႔ ဆုမြန္ေကာင္းေတာင္းလွ်က္ TZM

Unicode

YBS မစီးဘူး…. TAXI ငှားမရဘူး ၊QUARANTINE စင်တာ သို့ လမ်းလျှောက်လာခဲ့သော စစ်တွေပြန်လေးစားစရာ စိတ်ဓာတ်ပိုင်ရှင်

စစ်တွေကပြန်လာတာတဲ့ ။နေ့လည် (၄)နာရီ ခွဲလောက် ၊ အားလုံး ပြိုင်းကုန်ကြပီ။ ခနတဖြုတ် ကိုယ့်အခန်းကိုယ်အနားပြန်ယူ အိပ်သူကအိပ် (မနက်က swabယူတဲ့နေ့မို့ စောစောထရတာကိုး)အဲ့ဒီအချိန် ကွာရန်တင်းယူမဲ့ (၁) ယောက် ရောက်လာတယ်။ အားလုံးအလုပ်ရှုပ် ယောက်ယှက် ခပ်ကုန်ကြရော ၊ဘာလို့ဆို သူက သူ့အစီစဉ်နဲ့သူ ရောက်လာတာ ကိုယ်က တော့ သူ့ကို စပ်စု လိုက်မိတယ် ။

စစ်တွေက ပြန်လာတာတဲ့ လမ်းမှာကားနဲ့ (၁) ရက် ကြာတယ်တဲ့ ။ဇာတိက ဧရာဝတီတိုင်း ကျိုက်ပိကတဲ့ စစ်တွေမှာ အလုပ် သွားလုပ်တာတဲ့။သူပြန်လာပီး အနောက်မှာ နောက်နေ့ လော့ဒေါင်းတဲ့ သူကလည်း ကူးစက်ပိုး ကြားကြားချင်းအခြေနေမဆိုးခင် လုပြန် လာရှာတာ ရန်ကုန်အရောက်ဟိုကလော့ဒေါင်း ကြေငြာ သူ့မိန်းမက ပြန်မလာနဲ့ ရန်ကုန်မှာ ကွာရန်တင်းဝင်ပီးမှအိမ်ပြန်လာပါတဲ့။

တောနေ တောစား တောအလုပ်လုပ်တဲ့ တောသူမ(၁)ယောက်ရဲ့ အသိစိတ်လေး ဘလောက်ချစ်ဖို့ ကောင်းသလည်း သူ့ယောက်ကျားကို ကွာရန်တင်း နေဖို့ သိသလောက် ဖုန်း နဲ့ ပြောပြနေတာရယ် ။ကဲ ပြောချင်တဲ့လိုရင်းက အခုမှစမှာ။

အဝေးပြေးကွင်း ထိုသူရောက်ပါပီ အောင်မင်္ဂလာ ကားကြီး ကွင်း သူက ပေါ့စတစ် များနေသည့် အရပ်က ပြန်လာတာ ဒါပေမယ့် mask အနွမ်းလေးတော့ တပ်လျက်ပါ ။ပီးတော့ လက်ဖျား ခါလောက်မိပါရဲ့အံ့သြမှု့ (၁) ခုကလေ ဒီညီလေး (ကိုယ့်ထက် ငယ်ပုံံပါ အလုပ်ကြမ်းဒဏ်ကြောင့် အသက်ကြီးပုံ)သူက သူစစ်တွေက ပြန်လာကြောင်း ကွာရန်တင်း သွားဝင်ရမှာ ဖြစ်သည့်အကြောင်း ပွင့်ပွင့်လင်းလင်းပြောရှာပီး taxi တွေကို ငှါးတယ်တဲ့။

အဲသလို ပြောတော့ဘယ်taxiက လိုက်မှာတုန်း (ပို့မှာတုန်း) ဒီအစီးတွေ မရရင် နောက်အစီးတွေကျ လိမ်ညာ ငှါးလို့ရပါလျှက် ခုလိုပဲ အမှန်တိုင်းပြော ငှါးရှာတယ်။

ဒီလိုနဲ့ပဲ မနက် (၈)နာရီလောက်က လမ်းလျှောက် လာလိုက်တာညနေ (၄)နာရီ စွန်းစွန်းမှာ ကျတော်ရှိတဲ့ လှိုင်တက္ကသိုလ်ဝန်း ဟိုးလမ်း၁ပတ်ကြီး ရှိတဲ့စင်တာဂိတ်ဆုံးဆီ ရောက်လာခဲ့တယ် ။

ဗိုက် အရမ်းဆာ နေရှာပုံပါပဲ ။ရော့ ညီလေးဒီထမင်းဗူးလေး အရင်စား အဲဒီနားမှာပဲ အဲဒီဘေးက ပုံးထဲ ဗူးခွံပစ်နော် ညီလေး ဆိုပီး ခပ်လှမ်းလှမ်းကနေ အကာအကွယ် ဝတ်စုံ ဝတ်ထားပီး သူ့ကို လှမ်းပေး လိုက်တယ်။ ဟုတ်အကိုရီးတဲ့ စားနေလိုက်တာ ခေါင်းမဖော်ဘူးရယ် ။

ကျောပိုးအိတ်လေး (၁)လုံးရယ် ၊ လျှာထိုးဦးထုပ်လေး ဆောင်းပီး ဆွဲသားဘောင်းဘီ ကြပ်ကြပ်နဲ့ကွင်းထိုး ဖနပ်မဲလေးစီး အင်္ကျီကွက် လက်ရှည်လေး ဝတ်ထားတဲ့ အဆင်အယင်ဟာမြန်မာပလာဇာ (၁)ခုရဲ့ အတွင်းထဲမှာ တွေ့မိကြရင် လူကုန်ထံ တွေကြား တောသားလေးအတွက် အထင်သေးစရာ အကြည့်တွေအောက်ရောက်နေမှာ ကျိန်ပြောရဲပါတယ် ။

ရန်ကုန်မှာ တချို့ ဝတ်ကောင်းစားလှတွေ ဝတ်ပီးMaskလေးတပ်ဖို့ ခဲယဉ်းနေချိန်မှာ ဒီတောသားလေးရဲ့ အသိစိတ်လေးကို ချစ်လိုက်တာ ပီးတော့ သူ့မိန်းမ တောသူမလေးကလည်း အသိစိတ်လေး ကောင်းလိုက်တာ။ ဟိုး အောင်မင်္ဂလာ ကနေ ဒီ လှိုင်တက္ကသိုလ် အဝန်းထဲမက အတွင်းလမ်းမ တဆုံးအထိ ဝိုင်ဘီအက်မစီးပဲ taxiတွေကို မလိမ်ညာပဲ ငှါးမရလို့ လမ်းလျှောက် လာခဲ့ရှာသတဲ့ သူပြောတာ နားထောင်ပီး တကယ် ဘုရားစူးကျတော် မျက်ရည်ဝဲမိတာ (PPEဝတ်စုံကဖုံးကွယ် ထားပေးတယ်) ကျတော်တို့အားလုံး ဒီတောသားလေး လင်မယားရဲ့အသိစိတ်လေးမျိုး မွေးကြရအောင်ကွာ

(သူ့ကို ကျတော်ကိုယ်တိုင် အခန်းလိုက်ပြပေး အဲကွန်းဖွင့်ပေး ရေမီးအစုံအခင်း ခေါင်းအုံး စောင် ရေချိုးဆပ်ပြာ ဆပ်ပြာမှုန့် သေသေ ချာချာ အခန်းထဲ ထည့်ပေးလိုက်ပါတယ်)

24.August.208:25 p.m. Skyboyပိုးမရှိပါစေလို့ ဆုမွန်ကောင်းတောင်းလျှက် TZM