ရခိုင္ကေနျပန္လာၿပီး ကြာရန္တင္းမဝင္သူ(၂)ဦးအနက္ (၁)ဦးမွာဖ်ားေန
ၿပီးခဲ့တဲ့ ႏွစ္ရက္ေလာက္က ရခိုင္ကေန ျပန္လာၿပီး ကြာရန္တင္းမဝင္တဲ့သူ ႏွစ္ဦးမွာ တစ္ဦးကဖ်ားေနတာေၾကာင့္ က်န္းမာေရးဌာနကေနလာေရာက္ေခၚေဆာင္သြားတယ္လို႔ သိရပါတယ္။
အဆိုပါႏွစ္ဦးက ဇနီးေမာင္ႏွံေတြျဖစ္ၿပီး လြန္ခဲ့တဲ့ ႏွစ္ရက္ေလာက္ကမွ ရခိုင္ကေန လႈိင္သာယာကို ျပန္လာတဲ့ သူေတြျဖစ္ပါတယ္။လက္ရွိမွာ အမ်ိဳးသားက ဖ်ားေနတာေၾကာင့္ မေန႔က ညေနပိုင္းကပဲ က်န္းမာေရးဌာနတာဝန္ရွိသူေတြက လာေရာက္ေခၚေဆာင္သြားတယ္လို႔ သိရပါတယ္။
“ ဟုတ္ပါတယ္။ မေန႔ကပဲ က်န္းမာေရးအဖြဲ႕ကေနလာေခၚသြားၿပီ။ ေခၚသြားတဲ့အခ်ိန္မွာ အမ်ိဳးသားက ဖ်ားေနတယ္။ သူတို႔က ဝန္ထမ္းေတြဆိုေတာ့ ရခိုင္နဲ႔ ရန္ကုန္ကို အသြားအျပန္လုပ္ေနတဲ့သူေတြ။
ရခိုင္ကျပန္လာတဲ့ အခါမွာ သူတို႔ကေလးပါလားေတာ့မသိဘူး။ မေန႔က က်န္းမာေရးဌာနက လာေခၚသြားတာေတာ့ ကေလးပါ ပါတယ္။ တာဝန္ရွိသူေတြဘက္ကပဲ လုပ္စရာရွိတာ ဆက္လုပ္ပါလိမ့္မယ္” လို႔ လႈိင္သာယာ ၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးျမတ္မင္းသူက Duwun ကိုေျပာပါတယ္။
အဆိုပါ မိသားစုကို က်န္းမာေရးတာဝန္ရွိသူေတြအေနနဲ႔ လာေရာက္ေခၚေဆာင္သြားၿပီးေနာက္ သတ္မွတ္ခ်က္ေတြအတိုင္း ကြာရန္တင္း ဝင္ေရာက္ေစမွာျဖစ္ၿပီး ဓာတ္ခြဲစစ္ေဆးမႈေတြလည္း လုပ္ေဆာင္သြားမယ္လို႔ သိရပါတယ္။
ဒီေန႔ (သို႔မဟုတ္) မနက္ျဖန္ေလာက္မွာ ဓာတ္ခြဲ စစ္ေဆးမႈအေျဖသိရႏိုင္တယ္လို႔ လည္း ဦးျမတ္မင္းသူကေျပာပါတယ္။လက္ရွိ ရခိုင္ျပည္နယ္မွာ ပ်ံ႕ႏွံ႔ေနတဲ့ ကိုဗစ္ပိုးက ကူးစက္မႈ ျမန္ဆန္လွ်က္ရွိေနတာေၾကာင့္ ရခိုင္ကေန ရန္ကုန္လာတဲ့သူေတြအားလုံးကို ပိတ္ဆို႔ စစ္ေဆးမႈေတြလုပ္ေနၿပီး (၂၁)ရက္ ကြာရန္တင္းဝင္ေရာက္ေစကာ ဓာတ္ခြဲစစ္ေဆးမႈေတြလုပ္ေဆာင္ေနတာျဖစ္ပါတယ္။
က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ ရခိုင္ျပည္နယ္မွာ ၾသဂုတ္လ(၁၆)ရက္ေန႔ကေန ဒီကေန႔ မနက္ပိုင္းထိ (၈)ရက္အတြင္း ျပည္တြင္းကူးစက္လူနာ (၈၀)ဦးထိ ရွိေနၿပီျဖစ္ပါတယ္။
ဒါ့အျပင္ ရခိုင္ကေန ရန္ကုန္ကို ေလယာဥ္နဲ႔ ေရာက္လာတဲ့ အမ်ိဳးသမီးႏွစ္ဦးမွာလည္း ေရာဂါပိုးေတြ႕ရွိထားၿပီး သူတို႔ႏွစ္ဦးစလုံးက ေလဆိပ္ကေန ကြာရန္တင္းစင္တာကို ခ်က္ခ်င္းပို႔ေဆာင္လိုက္သူေတြ ျဖစ္ေၾကာင္း တာဝန္ရွိသူမ်ားက အတည္ျပဳပါသၫ္။
Duwun
Unicode
ရခိုင်ကနေပြန်လာပြီး ကွာရန်တင်းမဝင်သူ(၂)ဦးအနက် (၁)ဦးမှာဖျားနေ
ပြီးခဲ့တဲ့ နှစ်ရက်လောက်က ရခိုင်ကနေ ပြန်လာပြီး ကွာရန်တင်းမဝင်တဲ့သူ နှစ်ဦးမှာ တစ်ဦးကဖျားနေတာကြောင့် ကျန်းမာရေးဌာနကနေလာရောက်ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
အဆိုပါနှစ်ဦးက ဇနီးမောင်နှံတွေဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ရက်လောက်ကမှ ရခိုင်ကနေ လှိုင်သာယာကို ပြန်လာတဲ့ သူတွေဖြစ်ပါတယ်။လက်ရှိမှာ အမျိုးသားက ဖျားနေတာကြောင့် မနေ့က ညနေပိုင်းကပဲ ကျန်းမာရေးဌာနတာဝန်ရှိသူတွေက လာရောက်ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
“ ဟုတ်ပါတယ်။ မနေ့ကပဲ ကျန်းမာရေးအဖွဲ့ကနေလာခေါ်သွားပြီ။ ခေါ်သွားတဲ့အချိန်မှာ အမျိုးသားက ဖျားနေတယ်။ သူတို့က ဝန်ထမ်းတွေဆိုတော့ ရခိုင်နဲ့ ရန်ကုန်ကို အသွားအပြန်လုပ်နေတဲ့သူတွေ။
ရခိုင်ကပြန်လာတဲ့ အခါမှာ သူတို့ကလေးပါလားတော့မသိဘူး။ မနေ့က ကျန်းမာရေးဌာနက လာခေါ်သွားတာတော့ ကလေးပါ ပါတယ်။ တာဝန်ရှိသူတွေဘက်ကပဲ လုပ်စရာရှိတာ ဆက်လုပ်ပါလိမ့်မယ်” လို့ လှိုင်သာယာ မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက Duwun ကိုပြောပါတယ်။
အဆိုပါ မိသားစုကို ကျန်းမာရေးတာဝန်ရှိသူတွေအနေနဲ့ လာရောက်ခေါ်ဆောင်သွားပြီးနောက် သတ်မှတ်ချက်တွေအတိုင်း ကွာရန်တင်း ဝင်ရောက်စေမှာဖြစ်ပြီး ဓာတ်ခွဲစစ်ဆေးမှုတွေလည်း လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
ဒီနေ့ (သို့မဟုတ်) မနက်ဖြန်လောက်မှာ ဓာတ်ခွဲ စစ်ဆေးမှုအဖြေသိရနိုင်တယ်လို့ လည်း ဦးမြတ်မင်းသူကပြောပါတယ်။လက်ရှိ ရခိုင်ပြည်နယ်မှာ ပျံ့နှံ့နေတဲ့ ကိုဗစ်ပိုးက ကူးစက်မှု မြန်ဆန်လျှက်ရှိနေတာကြောင့် ရခိုင်ကနေ ရန်ကုန်လာတဲ့သူတွေအားလုံးကို ပိတ်ဆို့ စစ်ဆေးမှုတွေလုပ်နေပြီး (၂၁)ရက် ကွာရန်တင်းဝင်ရောက်စေကာ ဓာတ်ခွဲစစ်ဆေးမှုတွေလုပ်ဆောင်နေတာဖြစ်ပါတယ်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်မှာ သြဂုတ်လ(၁၆)ရက်နေ့ကနေ ဒီကနေ့ မနက်ပိုင်းထိ (၈)ရက်အတွင်း ပြည်တွင်းကူးစက်လူနာ (၈၀)ဦးထိ ရှိနေပြီဖြစ်ပါတယ်။
ဒါ့အပြင် ရခိုင်ကနေ ရန်ကုန်ကို လေယာဉ်နဲ့ ရောက်လာတဲ့ အမျိုးသမီးနှစ်ဦးမှာလည်း ရောဂါပိုးတွေ့ရှိထားပြီး သူတို့နှစ်ဦးစလုံးက လေဆိပ်ကနေ ကွာရန်တင်းစင်တာကို ချက်ချင်းပို့ဆောင်လိုက်သူတွေ ဖြစ်ကြောင်း တာဝန်ရှိသူများက အတည်ပြုပါသည်။
Duwun