က်မၼာေရး ဗဟုသုတ

သင့်ကို ဆယ်နှစ်စာမက အရွယ်တင်နုပျိုစေမယ့် အစားအစာများ

(Zawgyi)

သင့္ကို ဆယ္ႏွစ္စာမက အ႐ြယ္တင္ႏုပ်ိဳေစမယ့္ အစားအစာမ်ား
==================================

လူတိုင္းလူတိုင္းမွာ တစ္ေန႔တာအတြက္ မိမိႀကိဳက္ႏွစ္သက္ရာ အစားအစာမ်ိဳးစုံကို မိမိအႀကိဳက္အေပၚမွာ မူတည္ၿပီး စားသုံးေနၾကတဲ့အထဲမွာ မိမိအတြက္ က်န္းမာေရးနဲ႔ ကိုက္ညီမွ်တတဲ့ အစားအစာေတြ အမ်ားႀကီးပါဝင္ေနၾကပါလိမ့္မယ္။ အခုတင္ဆက္ေပးမွာကေတာ့ သင့္ကို ဆယ္ႏွစ္စာမက အ႐ြယ္တင္ႏုပ်ိဳေစမယ့္ အစားအစာ ၆ မ်ိဳးကို ပရိသတ္ႀကီးအတြက္ က်န္းမာေရး ဗဟုသုတအေနျဖင့္ တင္ဆက္ မွ်ေဝေပးလိုက္ပါရေစေနာ္။

၁။ ေထာပတ္သီး

ေထာပတ္သီးမွာ လူအတြက္အက်ိဳးရွိတဲ့အဆီဓာတ္ေတြ ပါဝင္ေနတာေၾကာင့္ တစ္ေန႔တစ္လုံးစားေပးျခင္းဟာ ကိုလက္စထေရာကိုက်ေစၿပီး က်န္းမာတဲ့ အသားအရည္အလွကိုရရွိေစမွာပါ။ ေထာပတ္သီးေဖ်ာ္ရည္ႀကိဳက္တတ္ရင္ေတာ့ သိပ္ေကာင္းပါတယ္။

၂။ ဘယ္ရီသီးမ်ား

စေတာ္ဘယ္ရီ၊ ဘလက္ဘယ္ရီ၊ ဘလူးဘယ္ရီနဲ႔ စပ်စ္သီးေတြဟာ အယ္ဇိုင္းမားေရာဂါ ၊ ဦးေႏွာက္မွတ္ဉာဏ္ခ်ိဳ႕ယြင္းေရာဂါေတြကို ကာကြယ္ေပးၿပီး အသိစိတ္စြမ္းတိုးတက္ေကာင္းမြန္ေစဖို႔ကိုပါ အေထာက္အကူျပဳတာပါ။

၃။ မုန္လာဥနီ

သူကေတာ့ မ်က္စိအားေကာင္းဖို႔အတြက္သိပ္အက်ိဳးရွိတယ္ဆိုတာ နာမည္ႀကီးပါတယ္။ ေနာက္တစ္ခုက အသားအရည္အလွ ကို ပါ မ်ားစြာအေထာက္အပံ့ေပးေနတာပါ။ မုန္လာဥနီကိုခ်က္စားမယ္ဆိုရင္ေတာ့ အက်က္မလြန္ေအာင္ ဂ႐ုျပဳရမွာပါ။

၄။ ၾကက္သြန္ျဖဴ

ၾကက္သြန္ျဖဴရဲ႕အနံ႔ကဆိုးေပမယ့္ ေရာဂါပိုးကူးစက္မႈကို အံ့အားသင့္ေလာက္ေအာင္ႏွိမ္နင္းကာကြယ္ေပးပါတယ္။ ကင္ဆာေရာဂါ တခ်ိဳ႕ကိုပါ ကာကြယ္ေပးလို႔ သဘာဝပဋိဇီဝေဆးတစ္ခုလို႔ပါ ေျပာလို႔ရပါတယ္။

၅။ သံလြင္ဆီ

အေရျပားကိုႏုပ်ိဳေအာင္ထိန္းသိမ္းခ်င္ရင္ သံလြင္ဆီ က မရွိမျဖစ္ ၊ မစားမျဖစ္ပါ။ အေရျပားကို ေရဓာတ္ျဖည့္ေပးသလို အ႐ြယ္တင္ႏုပ်ိဳေနေစပါတယ္။

၆။ ခရမ္းခ်ဥ္သီး

အာဟာရဓာတ္ေျမာက္မ်ားစြာပါဝင္တဲ့အျပင္ ဗီတာမင္ေအ၊ ဗီတာမင္စီ၊ ႂကြယ္ဝလြန္းတာေၾကာင့္ က်န္းမာေရးအတြက္သိပ္ေကာင္းပါတယ္။ ႏွလုံးေသြေၾကာနဲ႔ပတ္သက္တဲ့ေရာဂါတိုင္းကို အထိေရာက္ဆုံး ကာကြယ္ေပးတယ္။ ခရမ္းခ်ဥ္သီးကို သံလြင္ဆီ နည္းနည္းေရာၿပီးခ်က္ျပဳတ္စားေပးတာက ပိုေတာင္အက်ိဳးမ်ားေစမွာပါ။

(Unicode)

သင့်ကို ဆယ်နှစ်စာမက အရွယ်တင်နုပျိုစေမယ့် အစားအစာများ
==================================

လူတိုင်းလူတိုင်းမှာ တစ်နေ့တာအတွက် မိမိကြိုက်နှစ်သက်ရာ အစားအစာမျိုးစုံကို မိမိအကြိုက်အပေါ်မှာ မူတည်ပြီး စားသုံးနေကြတဲ့အထဲမှာ မိမိအတွက် ကျန်းမာရေးနဲ့ ကိုက်ညီမျှတတဲ့ အစားအစာတွေ အများကြီးပါဝင်နေကြပါလိမ့်မယ်။ အခုတင်ဆက်ပေးမှာကတော့ သင့်ကို ဆယ်နှစ်စာမက အရွယ်တင်နုပျိုစေမယ့် အစားအစာ ၆ မျိုးကို ပရိသတ်ကြီးအတွက် ကျန်းမာရေး ဗဟုသုတအနေဖြင့် တင်ဆက် မျှဝေပေးလိုက်ပါရစေနော်။

၁။ ထောပတ်သီး

ထောပတ်သီးမှာ လူအတွက်အကျိုးရှိတဲ့အဆီဓာတ်တွေ ပါဝင်နေတာကြောင့် တစ်နေ့တစ်လုံးစားပေးခြင်းဟာ ကိုလက်စထရောကိုကျစေပြီး ကျန်းမာတဲ့ အသားအရည်အလှကိုရရှိစေမှာပါ။ ထောပတ်သီးဖျော်ရည်ကြိုက်တတ်ရင်တော့ သိပ်ကောင်းပါတယ်။

၂။ ဘယ်ရီသီးများ

စတော်ဘယ်ရီ၊ ဘလက်ဘယ်ရီ၊ ဘလူးဘယ်ရီနဲ့ စပျစ်သီးတွေဟာ အယ်ဇိုင်းမားရောဂါ ၊ ဦးနှောက်မှတ်ဉာဏ်ချို့ယွင်းရောဂါတွေကို ကာကွယ်ပေးပြီး အသိစိတ်စွမ်းတိုးတက်ကောင်းမွန်စေဖို့ကိုပါ အထောက်အကူပြုတာပါ။

၃။ မုန်လာဥနီ

သူကတော့ မျက်စိအားကောင်းဖို့အတွက်သိပ်အကျိုးရှိတယ်ဆိုတာ နာမည်ကြီးပါတယ်။ နောက်တစ်ခုက အသားအရည်အလှ ကို ပါ များစွာအထောက်အပံ့ပေးနေတာပါ။ မုန်လာဥနီကိုချက်စားမယ်ဆိုရင်တော့ အကျက်မလွန်အောင် ဂရုပြုရမှာပါ။

၄။ ကြက်သွန်ဖြူ

ကြက်သွန်ဖြူရဲ့အနံ့ကဆိုးပေမယ့် ရောဂါပိုးကူးစက်မှုကို အံ့အားသင့်လောက်အောင်နှိမ်နင်းကာကွယ်ပေးပါတယ်။ ကင်ဆာရောဂါ တချို့ကိုပါ ကာကွယ်ပေးလို့ သဘာဝပဋိဇီဝဆေးတစ်ခုလို့ပါ ပြောလို့ရပါတယ်။

၅။ သံလွင်ဆီ

အရေပြားကိုနုပျိုအောင်ထိန်းသိမ်းချင်ရင် သံလွင်ဆီ က မရှိမဖြစ် ၊ မစားမဖြစ်ပါ။ အရေပြားကို ရေဓာတ်ဖြည့်ပေးသလို အရွယ်တင်နုပျိုနေစေပါတယ်။

၆။ ခရမ်းချဉ်သီး

အာဟာရဓာတ်မြောက်များစွာပါဝင်တဲ့အပြင် ဗီတာမင်အေ၊ ဗီတာမင်စီ၊ ကြွယ်ဝလွန်းတာကြောင့် ကျန်းမာရေးအတွက်သိပ်ကောင်းပါတယ်။ နှလုံးသွေကြောနဲ့ပတ်သက်တဲ့ရောဂါတိုင်းကို အထိရောက်ဆုံး ကာကွယ်ပေးတယ်။ ခရမ်းချဉ်သီးကို သံလွင်ဆီ နည်းနည်းရောပြီးချက်ပြုတ်စားပေးတာက ပိုတောင်အကျိုးများစေမှာပါ။

Crd:ApannPyay