ၾကားသိရသမွ်
ယူနီကုဒ်ဖြင့်ဖတ်ရန်
လမ်းဘေးခွေး(၃၀၀) ကျော်ကို (၁၄)နှစ်လုံးလုံး တစ်ရက် ငါးသောင်းဖိုး ကုန်ကျခံ ကျွေးမွေးနေသူ။ မုံရွာမြို့ နေရာအနှံ့က လမ်းဘေးခွေး
အကောင် ၃၀၀ ကျော်ကို ညနေတိုင်း တစ်ရက်ကို ငွေ ၅ သောင်းကျပ်ဖိုးခန့် ထမင်းနဲ့ ကြက်ခေါင်းဟင်းကို နယ်ပြီး မြို့အနှံ့ နေရာစုံ လိုက်လံ
ကျွေးမွေးပြီး တိရိစ္ဆာန်များရဲ့ ကျန်းမာရေးကိုပါ စောင့်ရှောက်ပေးနေတဲ့ ဦးခင်မောင်ဆန်း၊ အများကခေါ်ကြတဲ့ ဂျပန်ကြီးဆိုတဲ့ လေးစားဖွယ်ရာ
ဦးလေးတစ်ဦးရှိပါတယ်။ သူဟာ အခုလို လမ်းဘေးခွေးများကို နေ့စဉ်နေ့တိုင်း လိုက်လံကျွေးမွေးနေခဲ့တာ တစ်ရက်ကို ငွေ ၅ သောင်းကျပ်ဖိုးနှင့်
နှစ်ပေါင်း ၁၄ နှစ်အတွင်းမှာ တစ်ရက်မှ မပျက်ကွက်ခဲ့ဘူးလို့လည်းဆိုပါတယ်။ တစ်ခါတစ်လေ သူနားတဲ့ ရက်တွေမှာဆို သူရဲ့တပည့်ကို ကျွေးခိုင်းတာ
ဖြစ်ပြီး အခုလို ကျွေးမွေးရတဲ့ အပေါ်မှာ ဘာမျှော်လင့်ချက်မှလည်း မထားကြောင်း ဦးခင်မောင်ဆန်းက ပြောပါတယ်။ ခရက်ဒစ်