ၾကားသိရသမွ်

မိသားစုကိုေတာင္ အသိမေပးပဲ စကစတို႕ တကယ္လုပ္သြားပီဗ်ာ(ကမာၻမေၾကဖူး)

မြန်မာနိုင်ငံ အကျဉ်းထောင်လက်စွဲပါ ကြိုးမိန့်စီရင်မှုနှင့်ပတ်သက်၍ ညွှန်ကြားချက်ကို သတင်းစာများမှတဆင့်ထုတ်ပြန်သော်လည်း ကာယကံရှင်မိသားစုဝင်များ မသိရှိ
ဇူလိုင်လ ၂၅ ရက်နေ့။

ခန္ဓာကိုယ်အား စစ်ဆေးခြင်းနှင့် စွန့်လွှတ်ပေးအပ်ခြင်းကဏ္ဍတွင်

” ခန္ဓာကိုယ်အား နာရီဝက်တွဲလောင်းရှိနေစေပြီးနောက် ဆရာဝန်ဖြင့် စစ်ဆေးကြည့်ရှုစေရမည်။

ဆရာဝန်မှ အသက်မရှိတော့ကြောင်းကို ကြေညာသည်အထိ ခန္ဓာကိုယ်အား ဖြုတ်ယူခြင်း မပြုရ၊ သေဒဏ်ကြိုးပေးခံရသော ရာဇဝတ်သား၏ ခန္ဓာကိုယ်အား ၎င်း၏ ဆွေမျိုးသားချင်းများ (သို့) မိတ်ဆွေများမှ တောင်းဆိုခြင်း မပြုမှသာ မြှုပ်နှံပစ်ရမည်။

ခန္ဓာကိုယ်အား ဆွေမျိုးများ (သို့) မိတ်ဆွေများမှ တောင်ဆိုလာလျှင် ငြင်းဆိုရန် အထူးအကြောင်းကိစ္စမရှိလျှင် (အပိုဒ် ၁၀.၁.၉ – ကြည့်) တံခါးကြီး၏

ပြင်ပသို့ သယ်ဆောင်သွားပြီးနောက် ထိုနေရာတွင် ၎င်းတို့အား ပေးအပ်လိုက်ရမည်။” ဟု ပါရှိသည်။

သို့သော် ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်တို့အပါအဝင် နိုင်ငံရေးအကျဉ်းသားလေးဦးကို ကြိုးမိန့်ပေးပြစ်ဒဏ်စီရင်ပြီးဖြစ်သည်ဟု စစ်ကောင်စီက ၄င်းထိန်းချုပ်ထားသော သတင်းစာများမှတဆင့်ထုတ်ပြန်သော်လည်း ကာယကံရှင်မိသားစုဝင်များ မသိရှိဘဲဖြစ်နေသည်။

ျမန္မာနိုင္ငံ အက်ဥ္းေထာင္လက္စြဲပါ ႀကိဳးမိန႔္စီရင္မႈႏွင့္ပတ္သက္၍ ညႊန္ၾကားခ်က္ကို သတင္းစာမ်ားမွတဆင့္ထုတ္ျပန္ေသာ္လည္း ကာယကံရွင္မိသားစုဝင္မ်ား မသိရွိ

ဇူလိုင္လ ၂၅ ရက္ေန႔။

ခႏၶာကိုယ္အား စစ္ေဆးျခင္းႏွင့္ စြန႔္လႊတ္ေပးအပ္ျခင္းက႑တြင္

” ခႏၶာကိုယ္အား နာရီဝက္တြဲေလာင္းရွိေနေစၿပီးေနာက္ ဆရာဝန္ျဖင့္ စစ္ေဆးၾကည့္ရႈေစရမည္။

ဆရာဝန္မွ အသက္မရွိေတာ့ေၾကာင္းကို ေၾကညာသည္အထိ ခႏၶာကိုယ္အား ျဖဳတ္ယူျခင္း မျပဳရ၊ ေသဒဏ္ႀကိဳးေပးခံရေသာ ရာဇဝတ္သား၏ ခႏၶာကိုယ္အား ၎၏ ေဆြမ်ိဳးသားခ်င္းမ်ား (သို႔) မိတ္ေဆြမ်ားမွ ေတာင္းဆိုျခင္း မျပဳမွသာ ျမႇုပ္ႏွံပစ္ရမည္။
ခႏၶာကိုယ္အား ေဆြမ်ိဳးမ်ား (သို႔) မိတ္ေဆြမ်ားမွ ေတာင္ဆိုလာလၽွင္ ျငင္းဆိုရန္ အထူးအေၾကာင္းကိစၥမရွိလၽွင္ (အပိုဒ္ ၁၀.၁.၉ – ၾကည့္) တံခါးႀကီး၏

ျပင္ပသို႔ သယ္ေဆာင္သြားၿပီးေနာက္ ထိုေနရာတြင္ ၎တို႔အား ေပးအပ္လိုက္ရမည္။” ဟု ပါရွိသည္။

သို႔ေသာ္ ဦးဂ်င္မီ၊ ဦးၿဖိဳးေဇယ်ာေသာ္တို႔အပါအဝင္ နိုင္ငံေရးအက်ဥ္းသားေလးဦးကို ႀကိဳးမိန္႔ေပးျပစ္ဒဏ္စီရင္ၿပီးျဖစ္သည္ဟု စစ္ေကာင္စီက ၄င္းထိန္းခ်ဳပ္ထားေသာ သတင္းစာမ်ားမွတဆင့္ထုတ္ျပန္ေသာ္လည္း ကာယကံရွင္မိသားစုဝင္မ်ား မသိရွိဘဲျဖစ္ေနသည္။