ၾကားသိရသမွ်

စစ္ေတြကျပန္လာတာတဲ့….

စစ္ေတြကျပန္လာတာတဲ့….

ေန႔လည္ ၄နာရီခြဲေလာက္ ၊ အားလုံးျပဳိင္းကုန္ၾကပီ ခနတျဖဳတ္ကုိယ့္အခန္းကုိယ္ အနား ျပန္ယူ အိပ့္သူကအိပ့္ (မနက္ကswabယူတဲ့ေန႔မုိ႔ေစာထရတာကုိး)

အဲ့ဒီအခ်ိန္ ကြာရန္တင္းယူမဲ့၁ေယာက္ေရာက္လာတယ္ ….အားလုံးအလုပ္႐ႈပ္ ေယာက္ယွက္ခပ္ကုန္ၾကေရာ ၊ဘာလုိ႔ဆုိ သူကသူ႔အစီစဥ္နဲ႔သူေရာက္လာတာ….

ကုိယ္ကေတာ့ သူ႔ကုိစပ္စုလုိက္မိတယ္ ။စစ္ေတြကျပန္လာတာတဲ့ လမ္းမွာကားနဲ႔၁ရက္ၾကာတယ္တဲ့….ဇာတိက ဧရာဝတီတုိင္း ကိ်ဳက္ပိကတဲ့ စစ္ေတြမွာအလုပ္သြားလုပ္တာတဲ့…

သူျပန္လာပီး အေနာက္မွာေနာက္ေန႔ ေလာ့ေဒါင္းတဲ့ သူကလည္းကူးစက္ပုိးၾကားၾကားခ်င္း အေျခေနမဆုိးခင္လုျပန္လာ႐ွာတာ ရန္ကုန္အေရာက္ ဟုိကေလာ့ေဒါင္းေၾကျငာ….

သူ႔မိန္းမက ျပန္မလာနဲ႔ ရန္ကုန္မွာ ကြာရန္တင္းဝင္ပီးမွ အိမ္ျပန္လာပါတဲ့….ေတာေန ေတာစား ေတာအလုပ္လုပ္တဲ့ ေတာသူမ၁ေယာက္ရဲ႕ အသိစိတ္ေလး…..

ဘေလာက္ခ်စ္ဖုိ႔ေကာင္းသလည္း သူ႔ေယာက္က်ားကုိ ကြာရန္တင္းေနဖုိ႔သိသေလာက္ ဖုန္းနဲ႔ေျပာျပေနတာရယ္…

ကဲ …..ေျပာခ်င္တဲ့လုိရင္းက အခုမွ စမွာ …..

အေဝးေျပးကြင္း ထုိသူေရာက္ပါပီ ေအာင္မင္ဂလာကားႀကီးကြင္း သူက ေပါ့စတစ္မ်ားေနသည့္အရပ္က ျပန္လာတာ ဒါေပမယ့္ maskအႏြမ္းေလးေတာ့ တပ္လ်က္ပါ ….ပီးေတာ့ လက္ဖ်ားခါေလာက္မိပါရဲ႕….

အ့ံျသမႈ့၁ခုကေလ ဒီညီေလး…. (ကုိယ့္ထက္ငယ္ပုံပါ အလုပ္ၾကမ္းဒဏ္ေၾကာင့္အသက္ႀကီးပုံ)သူက သူစစ္ေတြကျပန္လာေၾကာင္း ကြာရန္တင္း သြားဝင္ရမွာျဖစ္သည့္အေၾကာင္း ပြင့္ပြင့္လင္းလင္းေျပာ႐ွာပီး taxiေတြကုိငွါးတယ္တဲ့….

အက္လုိေျပာေတာ့ ဘယ္taxiကလုိက္မွာတုန္း (ပုိ႔မွာတုန္း) ဒီအစီးေတြမရရင္ ေနာက္အစီးေတြက် လိမ္ညာငွါးလုိ႔ရပါလ်ွက္ ခုလုိပဲ အမွန္တုိင္းေျပာငွါး႐ွာတယ္…

ဒီလုိနဲ႔ပဲ မနက္ ၈နာရီေလာက္က လမ္းေလ်ွာက္လာလုိက္တာ ညေန ၄နာရီစြန္းစြန္းမွာ က်ေတာ္႐ွိတဲ့ လႈိင္တက္ကသုိလ္ဝန္း ဟုိး လမ္း၁ပတ္ႀကီး႐ွိတဲ့ စင္တာဂိတ္ဆုံးဆီေရာက္လာခဲ့တယ္ …

ဗုိက္အရမ္းဆာေန႐ွာပုံပါပဲ ေရာ့ညီေလး ဒီထမင္းဗူးေလးအရင္စား အက္နားမွာပဲ အက္ေဘးကပုံးထ ဲဗူးခြံပစ္ေနာ္ညီေလးဆုိပီး ခပ္လွမ္းလွမ္းကေန အကာအကြယ္ဝတ္စုံဝတ္ထားပီးသူ႔ကုိလွမ္းေပးလုိက္တယ္….

ဟုတ္အကုိရီးတဲ့ စားေနလုိက္တာ ေခါင္းမေဖာ္ဘူးရယ္ ….ေက်ာပုိးအိတ္ေလး၁လုံးရယ္ ၊ လ်ွာဦးထုပ္ေလးေဆာင္းပီး ဆြဲသားေဘာင္းဘီၾကပ္ၾကပ္နဲ႔ ကြင္းထုိးဖနပ္မဲေလးစီး …

အင္းက်ီကြက္လက္႐ွည္ေလးဝတ္ထားတဲ့ အဆင္အယင္ဟာ ျမန္မာပလာဇာ၁ခုရဲ႕ အတြင္းထဲမွာေတြ႔မိၾကရင္ လူကုန္ထံေတြၾကား ေတာသားေလးအတြက္ အထင္ေသးစရာအၾကည့္ေတြေအာက္ ေရာက္ေနမွာက်ိန္ေျပာရဲပါတယ္ ….

ရန္ကုန္မွာ တခ်ိဳ႕ဝတ္ေကာင္းစားလွေတြဝတ္ပီး Maskေလးတပ္ဖုိ႔ခဲယည္းေနခ်ိန္မွာ ဒီေတာသားေလးရဲ႕အသိစိတ္ေလးကုိခ်စ္လုိက္တာ….ပီးေတာ့ သူ႔မိန္းမေတာသူမေလးကလည္း အသိစိတ္ေလးေကာင္းလုိက္တာ …

ဟုိး….ေအာင္မင္ဂလာကေန ဒီ လိႈင္တက္ကသုိအဝန္းထဲမက အတြင္းလမ္းမတဆုံးအထိ ဝုိင္ဘီအက္မစီးပဲ taxiေတြကုိမလိမ္ညာပဲ ငွါးမရလုိ႔ လမ္းေလ်ွာက္လာခဲ့႐ွာသတဲ့ သူေျပာတာနားေထာင္ပီး တကယ္ဘုရားစူး က်ေတာ္မ်က္ရည္ဝဲမိတာ….(PPEဝတ္စုံကဖုံးကြယ္ထားေပးတယ္)

က်ေတာ္တုိ႔အားလုံး ဒီေတာသားေလး လင္မယားရဲ႕ အသိစိတ္ေလးမ်ိဳးေမြးၾကရေအာင္ကြာ ….(သူ႔ကုိ က်ေတာ္ကုိယ္တုိင္အခန္းလုိက္ျပေပး အဲကြင္းဖြင့္ေပး ေရမီးအစုံအခင္း ေခါင္းအုံး ေစာင္ ေရခ်ိဳးဆပ္ျပာ ဆပ္ျပာမႈန္႔ ေသခ်ာအခန္းထဲထည့္ေပးလုိက္ပါတယ္)

24.August.20 8:25 p.m. #Skyboy / Wa Than

unicode

စစ်တွေကပြန်လာတာတဲ့….

နေ့လည် ၄နာရီခွဲလောက် ၊ အားလုံးပြိုင်းကုန်ကြပီ ခနတဖြုတ်ကိုယ့်အခန်းကိုယ် အနား ပြန်ယူ အိပ့်သူကအိပ့် (မနက်ကswabယူတဲ့နေ့မို့စောထရတာကိုး)

အဲ့ဒီအချိန် ကွာရန်တင်းယူမဲ့၁ယောက်ရောက်လာတယ် ….အားလုံးအလုပ်ရှုပ် ယောက်ယှက်ခပ်ကုန်ကြရော ၊ဘာလို့ဆို သူကသူ့အစီစဉ်နဲ့သူရောက်လာတာ….

ကိုယ်ကတော့ သူ့ကိုစပ်စုလိုက်မိတယ် ။စစ်တွေကပြန်လာတာတဲ့ လမ်းမှာကားနဲ့၁ရက်ကြာတယ်တဲ့….ဇာတိက ဧရာဝတီတိုင်း ကျိုက်ပိကတဲ့ စစ်တွေမှာအလုပ်သွားလုပ်တာတဲ့…

သူပြန်လာပီး အနောက်မှာနောက်နေ့ လော့ဒေါင်းတဲ့ သူကလည်းကူးစက်ပိုးကြားကြားချင်း အခြေနေမဆိုးခင်လုပြန်လာရှာတာ ရန်ကုန်အရောက် ဟိုကလော့ဒေါင်းကြေငြာ….

သူ့မိန်းမက ပြန်မလာနဲ့ ရန်ကုန်မှာ ကွာရန်တင်းဝင်ပီးမှ အိမ်ပြန်လာပါတဲ့….တောနေ တောစား တောအလုပ်လုပ်တဲ့ တောသူမ၁ယောက်ရဲ့ အသိစိတ်လေး…..

ဘလောက်ချစ်ဖို့ကောင်းသလည်း သူ့ယောက်ကျားကို ကွာရန်တင်းနေဖို့သိသလောက် ဖုန်းနဲ့ပြောပြနေတာရယ်…

ကဲ …..ပြောချင်တဲ့လိုရင်းက အခုမှ စမှာ …..

အဝေးပြေးကွင်း ထိုသူရောက်ပါပီ အောင်မင်ဂလာကားကြီးကွင်း သူက ပေါ့စတစ်များနေသည့်အရပ်က ပြန်လာတာ ဒါပေမယ့် maskအနွမ်းလေးတော့ တပ်လျက်ပါ ….ပီးတော့ လက်ဖျားခါလောက်မိပါရဲ့….

အံ့သြမှု့၁ခုကလေ ဒီညီလေး…. (ကိုယ့်ထက်ငယ်ပုံပါ အလုပ်ကြမ်းဒဏ်ကြောင့်အသက်ကြီးပုံ)သူက သူစစ်တွေကပြန်လာကြောင်း ကွာရန်တင်း သွားဝင်ရမှာဖြစ်သည့်အကြောင်း ပွင့်ပွင့်လင်းလင်းပြောရှာပီး taxiတွေကိုငှါးတယ်တဲ့….

အက်လိုပြောတော့ ဘယ်taxiကလိုက်မှာတုန်း (ပို့မှာတုန်း) ဒီအစီးတွေမရရင် နောက်အစီးတွေကျ လိမ်ညာငှါးလို့ရပါလျှက် ခုလိုပဲ အမှန်တိုင်းပြောငှါးရှာတယ်…

ဒီလိုနဲ့ပဲ မနက် ၈နာရီလောက်က လမ်းလျှောက်လာလိုက်တာ ညနေ ၄နာရီစွန်းစွန်းမှာ ကျတော်ရှိတဲ့ လှိုင်တက်ကသိုလ်ဝန်း ဟိုး လမ်း၁ပတ်ကြီးရှိတဲ့ စင်တာဂိတ်ဆုံးဆီရောက်လာခဲ့တယ် …

ဗိုက်အရမ်းဆာနေရှာပုံပါပဲ ရော့ညီလေး ဒီထမင်းဗူးလေးအရင်စား အက်နားမှာပဲ အက်ဘေးကပုံးထ ဲဗူးခွံပစ်နော်ညီလေးဆိုပီး ခပ်လှမ်းလှမ်းကနေ အကာအကွယ်ဝတ်စုံဝတ်ထားပီးသူ့ကိုလှမ်းပေးလိုက်တယ်….

ဟုတ်အကိုရီးတဲ့ စားနေလိုက်တာ ခေါင်းမဖော်ဘူးရယ် ….ကျောပိုးအိတ်လေး၁လုံးရယ် ၊ လျှာဦးထုပ်လေးဆောင်းပီး ဆွဲသားဘောင်းဘီကြပ်ကြပ်နဲ့ ကွင်းထိုးဖနပ်မဲလေးစီး …

အင်းကျီကွက်လက်ရှည်လေးဝတ်ထားတဲ့ အဆင်အယင်ဟာ မြန်မာပလာဇာ၁ခုရဲ့ အတွင်းထဲမှာတွေ့မိကြရင် လူကုန်ထံတွေကြား တောသားလေးအတွက် အထင်သေးစရာအကြည့်တွေအောက် ရောက်နေမှာကျိန်ပြောရဲပါတယ် ….

ရန်ကုန်မှာ တချို့ဝတ်ကောင်းစားလှတွေဝတ်ပီး Maskလေးတပ်ဖို့ခဲယည်းနေချိန်မှာ ဒီတောသားလေးရဲ့အသိစိတ်လေးကိုချစ်လိုက်တာ….ပီးတော့ သူ့မိန်းမတောသူမလေးကလည်း အသိစိတ်လေးကောင်းလိုက်တာ …

ဟိုး….အောင်မင်ဂလာကနေ ဒီ လှိုင်တက်ကသိုအဝန်းထဲမက အတွင်းလမ်းမတဆုံးအထိ ဝိုင်ဘီအက်မစီးပဲ taxiတွေကိုမလိမ်ညာပဲ ငှါးမရလို့ လမ်းလျှောက်လာခဲ့ရှာသတဲ့ သူပြောတာနားထောင်ပီး တကယ်ဘုရားစူး ကျတော်မျက်ရည်ဝဲမိတာ….(PPEဝတ်စုံကဖုံးကွယ်ထားပေးတယ်)

ကျတော်တို့အားလုံး ဒီတောသားလေး လင်မယားရဲ့ အသိစိတ်လေးမျိုးမွေးကြရအောင်ကွာ ….(သူ့ကို ကျတော်ကိုယ်တိုင်အခန်းလိုက်ပြပေး အဲကွင်းဖွင့်ပေး ရေမီးအစုံအခင်း ခေါင်းအုံး စောင် ရေချိုးဆပ်ပြာ ဆပ်ပြာမှုန့် သေချာအခန်းထဲထည့်ပေးလိုက်ပါတယ်)

24.August.20 8:25 p.m. #Skyboy / Wa Than