ရန်ကုန်၊ ဒီဇင်ဘာ ၁၃
source khit thit
unicode
ခြေလျင်ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဗွီဒီယို စပါယ်ရှယ်ရိုက်ပီး မိုင်းဆွဲတိုက်ခိုက်သည့်(ရုပ်သံ)
ရုပ်သံကို အောက်ဆုံးတွင် ဖော်ပြထားပါသည်
ယင်းမာပင်မြို့အတွက်တွင် ခြေလျင်ထွက်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့ကို
ရွှေတြိဂံတပ်ရင်းက မိုင်းဆွဲတိုက်ခိုက်လို့ စစ်သား ၃၀ ခန့် သေဆုံးနိုင် (ရုပ်/သံ)
ရန်ကုန်၊ ဒီဇင်ဘာ ၁၃
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှ ပုလဲမြို့ဘက်သို့ ခြေလျင်ထွက်ခွာလာသော အင်အား ၅၀ ခန့်ရှိသည့် စစ်ကောင်စီစစ်ကြောင်းကို
ယနေ့ ဒီဇင်ဘာလ ၁၃ ရက် နံနက် ၁၀ နာရီ ၂၈ မိနစ်တွင် ရွှေတြိဂံတပ်ရင်း ပြောက်ကျားတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး
စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ထက်မနည်း သေဆုံးနိုင်ကြောင်း ရွှေတြိဂံတပ်ရင်းက သတင်းထုတ်ပြန်သည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းကို ယင်းမာပင်မြို့အထွက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မိနစ် ၄၀ ခန့် ငြိမ်သက်သွားကြောင်း စစ်သား ၁၃ ဦးခန့်၏ လှုပ်ရှားမှုကိုသာ တွေ့မြင်ရတော့ကြောင်း
ရွှေတြိဂံတပ်ရင်းထံမှ သိရှိရသည်
source khit thit