မႏၲေလး အမရပူရၿမိဳ႕နယ္ ၊ တာ႐ိုးက်ိဳးေပါက္မႈ ယေန႔ နံနက္ လက္ရွိအေျခအေန ( စိုးရိမ္ အဆင့္ ကို ေရာက္ရွိေနပါၿပီ ..
မႏၲေလးတိုင္း ေဒသႀကီး၊ အမရပူရၿမိဳ႕နယ္၊ စစ္ကိုင္း – မႏၲေလး ကန္ပတ္လမ္း၊ ေဒၚေအးၾကင္ထမင္းဆိုင္ေျမာက္ဘက္ ေရဆိုးထုတ္ေျမာင္းေနရာ တာ႐ိုးက်ိဳးေပါက္ကာ ဧရာဝတီျမစ္ေရမ်ား တာ႐ိုးေအာက္ဘက္သို႔ စီးဆင္းေနမႈ လက္ရွိ အေျခအေန…
ျဖစ္စဥ္..
မႏၲေလး၊ အမရပူရၿမိဳ႕နယ္၊ စစ္ကိုင္း-မႏၲေလး၊ ကမ္းနားလမ္း၊ ဧရာဝတီျမစ္ေရ ထိန္းကာထားေသာ တာ႐ိုးက်ိဳးေပါက္မႈျဖစ္ပြား
မႏၲေလး၊ အမရပူရၿမိဳ႕နယ္၊ စစ္ကိုင္း-မႏၲေလး၊ ကမ္းနားလမ္း၊ ဧရာဝတီျမစ္ေရ ထိန္းကာထားေသာ တာ႐ိုးမွာ ေ႐ႊဂဲေရထိန္းတံခါးအနီး၊ ေဒၚေအးၾကင္ ထမင္းဆိုင္ေျမာက္ဘက္တြင္
ဇူလိုင္ (၁၉)ရက္ေန႔ ည (၉)နာရီ အခ်ိန္ခန႔္က တာ႐ိုးေအာက္ ကလိုဏ္ေပါက္ျဖစ္ၿပီး ဧရာဝတီျမစ္ေရသည္ ထိန္းကာထားေသာတာ႐ိုးေအာက္ဘက္သို႔ စီးဆင္းဝင္ေရာက္ခဲ့ပါသည္။
အဆိုပါ တာ႐ိုးေအာက္မွ ေရစီးဝင္ေနမႈျဖစ္စဥ္ကို ထိန္းသိမ္းႏိုင္ရန္ မႏၲေလးတိုင္း စည္ပင္သာယာေရးဝန္ႀကီး၊ ေဆာက္လုပ္ေရးနဲ႔လွ်ပ္စစ္ဝန္ႀကီး၊ လုံနယ္ဝန္ႀကီး၊ ကယ္ဆယ္ေရးအဖြဲ႕မ်ားႏွင့္ မီးသတ္တပ္ဖြဲ႕မ်ား အင္အားေထာင္ေက်ာ္ခန႔္ျဖင့္
စက္ယႏၲရားႀကီးမ်ားအသုံးျပဳကာ တားဆီးပိတ္ပင္ရန္ႀကိဳးစားခဲ့ပါသည္။ ထိုသို႔ ေရထြက္ေပါက္ကို တားဆီးပိတ္ပင္ရန္ ႀကိဳးစားခဲ့ေသာ္လည္း ဧရာဝတီျမစ္ေရ စီးဝင္မႈသည္ ရပ္တန႔္ျခင္းမရွိပဲ
ဆက္လက္စီးဝင္ေနခဲ့ရာ တာ႐ိုးေပၚလမ္း ႏွစ္ဘက္လုံးတြင္ ေျမသားမ်ား ကြၽံက်ကာ ကလိုဏ္ေပါက္ရာကေန တာ႐ိုးျပတ္ေတာက္ က်ိဳးေပါက္သြားသည္ အထိျဖစ္ပြားခဲ့ၿပီး ေရးစီးဝင္အားလည္း ပိုမိုျပင္ထန္လာခဲ့ပါသည္။
ထို႔ေၾကာင့္ မႏၲေလး၊ အမရပူရၿမိဳ႕နယ္အတြင္းက ေျမနိမ့္ရာရပ္ကြက္ေနျပည္သူမ်ားအေနျဖင့္ ေဘးလြတ္ရာသို႔ ေ႐ႊ႕ေျပာင္းေနထိုင္ၾကရန္ သက္ဆိုင္ရာက ေလာ္စပီကာမ်ားျဖင့္ လွည့္လည္ေအာ္ဟစ္ သတိေပးေနၿပီ ပါတယ္။
အခုလို ဧရာဝတီျမစ္ေရထိန္းကာထားေသာ တာ႐ိုးက်ိဳးေပါက္မႈေၾကာင့္ မႏၲေလး၊ အမရပူရၿမိဳ႕နယ္အတြင္းက အိမ္ေျခေပါင္း အမ်ားအျပား ေရလြတ္ရာသို႔ ေ႐ႊ႕ေျပာင္းရႏိုင္ေၾကာင္း ေဒသခံမ်ားထံမွ သိရပါတယ္။
Unicode
မန္တလေး အမရပူရမြို့နယ် ၊ တာရိုးကျိုးပေါက်မှု ယနေ့ နံနက် လက်ရှိအခြေအနေ ( စိုးရိမ် အဆင့် ကို ရောက်ရှိနေပါပြီ ..
မန္တလေးတိုင်း ဒေသကြီး၊ အမရပူရမြို့နယ်၊ စစ်ကိုင်း – မန္တလေး ကန်ပတ်လမ်း၊ ဒေါ်အေးကြင်ထမင်းဆိုင်မြောက်ဘက် ရေဆိုးထုတ်မြောင်းနေရာ တာရိုးကျိုးပေါက်ကာ ဧရာဝတီမြစ်ရေများ တာရိုးအောက်ဘက်သို့ စီးဆင်းနေမှု လက်ရှိ အခြေအနေ…
ဖြစ်စဉ်..
မန္တလေး၊ အမရပူရမြို့နယ်၊ စစ်ကိုင်း-မန္တလေး၊ ကမ်းနားလမ်း၊ ဧရာဝတီမြစ်ရေ ထိန်းကာထားသော တာရိုးကျိုးပေါက်မှုဖြစ်ပွား
မန္တလေး၊ အမရပူရမြို့နယ်၊ စစ်ကိုင်း-မန္တလေး၊ ကမ်းနားလမ်း၊ ဧရာဝတီမြစ်ရေ ထိန်းကာထားသော တာရိုးမှာ ရွှေဂဲရေထိန်းတံခါးအနီး၊ ဒေါ်အေးကြင် ထမင်းဆိုင်မြောက်ဘက်တွင်
ဇူလိုင် (၁၉)ရက်နေ့ ည (၉)နာရီ အချိန်ခန့်က တာရိုးအောက် ကလိုဏ်ပေါက်ဖြစ်ပြီး ဧရာဝတီမြစ်ရေသည် ထိန်းကာထားသောတာရိုးအောက်ဘက်သို့ စီးဆင်းဝင်ရောက်ခဲ့ပါသည်။
အဆိုပါ တာရိုးအောက်မှ ရေစီးဝင်နေမှုဖြစ်စဉ်ကို ထိန်းသိမ်းနိုင်ရန် မန္တလေးတိုင်း စည်ပင်သာယာရေးဝန်ကြီး၊ ဆောက်လုပ်ရေးနဲ့လျှပ်စစ်ဝန်ကြီး၊ လုံနယ်ဝန်ကြီး၊ ကယ်ဆယ်ရေးအဖွဲ့များနှင့် မီးသတ်တပ်ဖွဲ့များ အင်အားထောင်ကျော်ခန့်ဖြင့်
စက်ယန္တရားကြီးများအသုံးပြုကာ တားဆီးပိတ်ပင်ရန်ကြိုးစားခဲ့ပါသည်။ ထိုသို့ ရေထွက်ပေါက်ကို တားဆီးပိတ်ပင်ရန် ကြိုးစားခဲ့သော်လည်း ဧရာဝတီမြစ်ရေ စီးဝင်မှုသည် ရပ်တန့်ခြင်းမရှိပဲ
ဆက်လက်စီးဝင်နေခဲ့ရာ တာရိုးပေါ်လမ်း နှစ်ဘက်လုံးတွင် မြေသားများ ကျွံကျကာ ကလိုဏ်ပေါက်ရာကနေ တာရိုးပြတ်တောက် ကျိုးပေါက်သွားသည် အထိဖြစ်ပွားခဲ့ပြီး ရေးစီးဝင်အားလည်း ပိုမိုပြင်ထန်လာခဲ့ပါသည်။
ထို့ကြောင့် မန္တလေး၊ အမရပူရမြို့နယ်အတွင်းက မြေနိမ့်ရာရပ်ကွက်နေပြည်သူများအနေဖြင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ကြရန် သက်ဆိုင်ရာက လော်စပီကာများဖြင့် လှည့်လည်အော်ဟစ် သတိပေးနေပြီ ပါတယ်။
အခုလို ဧရာဝတီမြစ်ရေထိန်းကာထားသော တာရိုးကျိုးပေါက်မှုကြောင့် မန္တလေး၊ အမရပူရမြို့နယ်အတွင်းက အိမ်ခြေပေါင်း အများအပြား ရေလွတ်ရာသို့ ရွှေ့ပြောင်းရနိုင်ကြောင်း ဒေသခံများထံမှ သိရပါတယ်။