၆တန္းေက်ာင္းသားႏွစ္ဦး ေပ်ာက္ဆုံးေနတာ ယခုခ်ိန္ထိ မေတြ႕ေသးလို႔ မွ်ေဝရင္း ကူညီရွာေပးၾကပါရန္
၆တန္းေက်ာင္းသားႏွစ္ဦး ေပ်ာက္ဆုံးေနတာ တစ္ႏွစ္ေက်ာ္ၾကာသည္အထိ ျပန္မေတြ႕ေသး၍ မိဘမ်ားမွ ျပည္သူမ်ားထံ အကူအညီေတာင္းခံ
စစ္ကိုင္းတိုင္းေဒသႀကီး မုံ႐ြာၿမိဳ႕၊ ၿမိဳ႕သစ္ရပ္ကြက္ေနသူ ဦးတင္ေမာင္ေထြး၊ ေဒၚရီရီျမင့္ တို႔၏ သားျဖစ္သူ (ေပ်ာက္ဆုံးစဥ္ အသက္) (၁၁) ႏွစ္ ၆ တန္းေက်ာင္းသား ေမာင္စြမ္းေဇာ္ေဇာ္ ႏွင့္ ၄င္းရပ္ကြက္ေနသူ ဦးမိုးသီေအာင္ ရဲ႕ သား ေမာင္ျမင့္ျမတ္မိုး (ေပ်ာက္ဆုံးစဥ္ အသက္) (၁၂) ႏွစ္ ၆ တန္းေက်ာင္းသား ေမာင္ျမင့္ျမတ္မိုး ႏွစ္ဦးသည္ မုံ႐ြာၿမိဳ႕ ဆူးေလကုန္းရပ္ကြက္ အထက(၃) မုံ႐ြာ သို႔ ေက်ာင္းတက္ရာမွ (၈.၁၀.၂၀၁၈) ရက္ေန႔တြင္ စတင္ေပ်ာက္ေဆုံးေနၿပီး ယေန႔အခ်ိန္အထိ ျပန္လည္မေတြ႕ရွိရေသးေၾကာင္း မိဘမ်ားထံမွ သိရပါသည္။
အဆိုပါ ၆တန္းေက်ာင္းသား ႏွစ္ဦး ေပ်ာက္ဆုံးေနမႈႏွင့္ ပတ္သက္ၿပီး သက္ဆိုင္ရာ ရဲစခန္းတြင္ (၁၀.၁၀.၂၀၁၈) ရက္ေန႔မွာ လူေပ်ာက္အမွတ္စဥ္ (ပ/၂၀၁၈) ျဖင့္ အမႈဖြင့္တိုင္ၾကားထားခဲ့ၿပီးျဖစ္ေၾကာင္း၊ ထို႔ေနာက္တြင္ ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ (၁၅) ရက္ေန႔ ရက္စြဲျဖင့္ စစ္ကိုင္းတိုင္းေဒသႀကီးအစိုးရအဖြဲ႕၊ ဝန္ႀကီးခ်ဳပ္ ထံသို႔လည္း ၆ တန္းေက်ာင္းသား ႏွစ္ဦး ေပ်ာက္ဆုံးေနမႈအား ကူညီေပးပါရန္ အသနားခံစာတင္ျပထားေၾကာင္း သိရသည္။
၂၀၁၉ ခုႏွစ္ မတ္လ ၃ ရက္ေန႔တြင္လည္း ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ႏွင့္ မုံ႐ြာၿမိဳ႕ လူထုေတြ႕ဆုံပြဲတြင္ ေပ်ာက္ဆုံးေနသူ ၆ တန္းေက်ာင္းသား ေမာင္စြမ္းေဇာ္ေဇာ္ ၏ မိခင္ျဖစ္သူ ေဒၚရီရီျမင့္မွ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ထံသို႔ ကိုယ္တိုင္ ေျပာဆိုတိုင္ၾကားခဲ့ၿပီး ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္မွ အဆိုပါကေလးႏွစ္ဦး ေပ်ာက္ဆုံးေနတဲ့ကိစၥႏွင့္ ပတ္သက္ၿပီး အေျခအေနအား ေမးျမန္းရာ နယ္လုံဝန္ႀကီးမွ ျဖစ္စဥ္အက်ဥ္းခ်ဳပ္ တင္ျပခဲ့ၿပီး ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္မွ အတတ္ႏိုင္ဆုံးႀကိဳးစားၿပီး ကူညီေပးပါမည္ဟု ေျပာၾကားခဲ့ပါတယ္။
သို႔ရာတြင္ ေပ်ာက္ေနတဲ့ ၆ တန္းေက်ာင္းသား ႏွစ္ဦးသည္ ယေန႔အခ်ိန္အထိ ျပန္လည္မေတြ႕ရွိေသးသျဖင့္ ေမာင္စြမ္းေဇာ္ေဇာ္၏ မိဘမ်ားမွ အမ်ားျပည္သူမ်ားသိရွိေအာင္ လူမႈကြန္ယက္စာမ်က္ႏွာတြင္ တင္ျပၿပီး ျပည္သူမ်ားထံ အကူအညီထပ္မံေတာင္းခံလို၍ AlinnMyay(အလင္းေျမ)မီဒီယာသို႔ လူမႈကြန္ယက္စာမ်က္ႏွာတြင္ တင္ျပေၾကာ္ညာေပးပါရန္ အကူအညီေတာင္းခံလာခဲ့ပါသည္။
ထို႔ေၾကာင့္ အဆိုပါ ေပ်ာက္ဆုံးေနေသာ ၆ တန္းေက်ာင္းသား ႏွစ္ဦးအား မိဘျပည္သူမ်ားမွ ေတြ႕ရွိပါက AlinnMyay(အလင္းေျမ)မီဒီယာ ထံသို႔ျဖစ္ေစ၊ ကာယကံရွင္ မိဘမ်ားထံသို႔ ျဖစ္ေစ ဆက္သြယ္အေၾကာင္းၾကားေပးၾကပါရန္ႏွင့္ ၄င္းဗြီဒီယိုဖိုင္အား တတ္ႏိုင္သေလာက္ မွ်ေဝကူညီေပးၾကပါရန္ AlinnMyay(အလင္းေျမ)မီဒီယာမွ အမ်ားျပည္သူမ်ားအား ေလးစားစြာျဖင့္ ထပ္ဆင့္ အကူအညီေတာင္းခံေပးလိုက္ပါသည္။
ေပ်ာက္ဆုံးေနေသာ ေက်ာင္းသားႏွစ္ဦးအားေတြ႕ရွိပါက ဆက္သြယ္ရန္ (ဖုန္း) – 09774242402 ၊ 0942494942
႐ိုက္ကူး – မ်ိဳးဆင့္
Credit to AlinnMyay(အလင္းေျမ)
Unicode
၆တန်းကျောင်းသားနှစ်ဦး ပျောက်ဆုံးနေတာ ယခုချိန်ထိ မတွေ့သေးလို့ မျှဝေရင်း ကူညီရှာပေးကြပါရန်
၆တန်းကျောင်းသားနှစ်ဦး ပျောက်ဆုံးနေတာ တစ်နှစ်ကျော်ကြာသည်အထိ ပြန်မတွေ့သေး၍ မိဘများမှ ပြည်သူများထံ အကူအညီတောင်းခံ
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ မြို့သစ်ရပ်ကွက်နေသူ ဦးတင်မောင်ထွေး၊ ဒေါ်ရီရီမြင့် တို့၏ သားဖြစ်သူ (ပျောက်ဆုံးစဉ် အသက်) (၁၁) နှစ် ၆ တန်းကျောင်းသား မောင်စွမ်းဇော်ဇော် နှင့် ၎င်းရပ်ကွက်နေသူ ဦးမိုးသီအောင် ရဲ့ သား မောင်မြင့်မြတ်မိုး (ပျောက်ဆုံးစဉ် အသက်) (၁၂) နှစ် ၆ တန်းကျောင်းသား မောင်မြင့်မြတ်မိုး နှစ်ဦးသည် မုံရွာမြို့ ဆူးလေကုန်းရပ်ကွက် အထက(၃) မုံရွာ သို့ ကျောင်းတက်ရာမှ (၈.၁၀.၂၀၁၈) ရက်နေ့တွင် စတင်ပျောက်ဆေုံးနေပြီး ယနေ့အချိန်အထိ ပြန်လည်မတွေ့ရှိရသေးကြောင်း မိဘများထံမှ သိရပါသည်။
အဆိုပါ ၆တန်းကျောင်းသား နှစ်ဦး ပျောက်ဆုံးနေမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ရဲစခန်းတွင် (၁၀.၁၀.၂၀၁၈) ရက်နေ့မှာ လူပျောက်အမှတ်စဉ် (ပ/၂၀၁၈) ဖြင့် အမှုဖွင့်တိုင်ကြားထားခဲ့ပြီးဖြစ်ကြောင်း၊ ထို့နောက်တွင် ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၁၅) ရက်နေ့ ရက်စွဲဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ထံသို့လည်း ၆ တန်းကျောင်းသား နှစ်ဦး ပျောက်ဆုံးနေမှုအား ကူညီပေးပါရန် အသနားခံစာတင်ပြထားကြောင်း သိရသည်။
၂၀၁၉ ခုနှစ် မတ်လ ၃ ရက်နေ့တွင်လည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် မုံရွာမြို့ လူထုတွေ့ဆုံပွဲတွင် ပျောက်ဆုံးနေသူ ၆ တန်းကျောင်းသား မောင်စွမ်းဇော်ဇော် ၏ မိခင်ဖြစ်သူ ဒေါ်ရီရီမြင့်မှ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ကိုယ်တိုင် ပြောဆိုတိုင်ကြားခဲ့ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ အဆိုပါကလေးနှစ်ဦး ပျောက်ဆုံးနေတဲ့ကိစ္စနှင့် ပတ်သက်ပြီး အခြေအနေအား မေးမြန်းရာ နယ်လုံဝန်ကြီးမှ ဖြစ်စဉ်အကျဉ်းချုပ် တင်ပြခဲ့ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ အတတ်နိုင်ဆုံးကြိုးစားပြီး ကူညီပေးပါမည်ဟု ပြောကြားခဲ့ပါတယ်။
သို့ရာတွင် ပျောက်နေတဲ့ ၆ တန်းကျောင်းသား နှစ်ဦးသည် ယနေ့အချိန်အထိ ပြန်လည်မတွေ့ရှိသေးသဖြင့် မောင်စွမ်းဇော်ဇော်၏ မိဘများမှ အများပြည်သူများသိရှိအောင် လူမှုကွန်ယက်စာမျက်နှာတွင် တင်ပြပြီး ပြည်သူများထံ အကူအညီထပ်မံတောင်းခံလို၍ AlinnMyay(အလင်းမြေ)မီဒီယာသို့ လူမှုကွန်ယက်စာမျက်နှာတွင် တင်ပြကြော်ညာပေးပါရန် အကူအညီတောင်းခံလာခဲ့ပါသည်။
ထို့ကြောင့် အဆိုပါ ပျောက်ဆုံးနေသော ၆ တန်းကျောင်းသား နှစ်ဦးအား မိဘပြည်သူများမှ တွေ့ရှိပါက AlinnMyay(အလင်းမြေ)မီဒီယာ ထံသို့ဖြစ်စေ၊ ကာယကံရှင် မိဘများထံသို့ ဖြစ်စေ ဆက်သွယ်အကြောင်းကြားပေးကြပါရန်နှင့် ၎င်းဗွီဒီယိုဖိုင်အား တတ်နိုင်သလောက် မျှဝေကူညီပေးကြပါရန် AlinnMyay(အလင်းမြေ)မီဒီယာမှ အများပြည်သူများအား လေးစားစွာဖြင့် ထပ်ဆင့် အကူအညီတောင်းခံပေးလိုက်ပါသည်။
ပျောက်ဆုံးနေသော ကျောင်းသားနှစ်ဦးအားတွေ့ရှိပါက ဆက်သွယ်ရန် (ဖုန်း) – 09774242402 ၊ 0942494942
ရိုက်ကူး – မျိုးဆင့်
Credit to AlinnMyay(အလင်းမြေ)