ျပည္တြင္းသတင္း

ပညာသင္ႏွစ္ တစ္ႏွစ္ေအာက္မည္ ဆိုသည္မွာ….

ပညာသင္ႏွစ္ တစ္ႏွစ္ေအာက္မည္ ဆိုသည္မွာ မဟုတ္ဘဲ ကိုဗစ္ကူးစက္ အေပၚ မူတည္၍ ေက်ာင္းမ်ား ျပန္ဖြင့္ႏိုင္ရန္ စီစဥ္ ေနေၾကာင့္ အေျခခံပညာဦးစီးဌာနမွ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးကိုေလးဝင္းက ေျပာ ၾကားသည္။

စာသင္ေက်ာင္းမ်ားျပန္ဖြင့္ရန္ ေလာေလာဆယ္တြင္ အစီအစဥ္မ်ားကို ေရးဆြဲေနၿပီး ပညာေရးဝန္ႀကီးဌာနက အသိေပးသြားမည္ျဖစ္ေၾကာင္း ဦးကိုေလးဝင္းက ဆိုသည္။

“ဖြင့္ႏိုင္ မဖြင့္ႏိုင္ဆိုတာ ခ်က္ခ်င္းႀကီး ေကာက္ေျပာလို႔ မရဘူးေလ။ ကိုဗစ္ကူးစက္ မႈအေပၚ မူတည္တယ္။ အခု ေလာေလာ ဆယ္ကေတာ့ ေစာင့္ၾကည့္ဆဲ ကာလလို႔ပဲ ေျပာလို႔ရတယ္။ ေလာေလာဆယ္ အစီအစဥ္ ဆြဲတာေတြေတာ့ လုပ္ေနၾကတယ္။အခ်ိန္ မွာေတာ့ မထုတ္ျပန္ေသးဘူး။ ထုတ္ျပန္တဲ့ အခ်ိန္အသိေပးလိုက္မယ္” ဟု ၫႊန္ၾကားေရး မႉးခ်ဳပ္ ဦးကိုေလးဝင္းက ေျပာသည္။

စာသင္ေက်ာင္းမ်ား ပိတ္ထားရေသာ ေၾကာင့္ ပညာေရးဝန္ႀကီးဌာနဟာ အေျခခံပညာအတန္းမ်ား၏ သင္႐ိုးၫႊန္းတမ္းမ်ားကို ႐ုပ္သံလိုင္းမ်ားက တစ္ဆင့္ထုတ္လႊင့္ ျပသရန္ စီစဥ္ေနသည္။

Free to Air ႐ုပ္သံမီဒီယာမ်ားျဖစ္သည့္ MRTV, MRTV 4, Sky Net, Myanmar Eduction Channel,MNTVႏွင့္ ျမဝတီ႐ုပ္သံမီဒီယာတို႔မွာ အထက္တန္း၊ အလယ္တန္းႏွင့္ မူလတန္း မ်ား၏ သင္႐ိုးၫႊန္းတမ္းမ်ား ထုတ္လႊင့္ျပသရန္ စီစဥ္ေနေၾကာင္း သိရသည္။ လွ်ပ္စစ္မီးႏွင့္ တီဗီမရွိသည့္ ေဒသမ်ားတြင္ ေရဒီယိုမ်ားက တစ္ဆင့္ ပို႔ခ် သြားမည္ျဖစ္သည္။

“ဘာပဲျဖစ္ျဖစ္ေက်ာင္းဖြင့္သည္ ျဖစ္ေစ မဖြင့္သည္ျဖစ္ေစ ကေလးကေတာ့ အိမ္မွာသင္ယူေနရင္ သူတို႔အတြက္က အက်ိဳးရွိသြားၿပီ။ ေက်ာင္းဖြင့္တာကို ေစာင့္ရင္းနဲ႔အိမ္ မွာပဲ သင္ယူေနေစခ်င္တယ္” လို႔ ၫႊန္ၾကားေရးမႉးခ်ဳပ္က ဆိုသည္။

လက္ရွိတြင္ MRTV ႏွင့္ Myanmar Education Channel တို႔တြင္ ယခင္က ေရး ဆြဲၿပီးသားျဖစ္သည့္ သင္႐ိုးၫႊန္းတမ္းမ်ားကို ထုတ္လႊင့္ျပသလ်က္ရွိသည္။

တစ္ႏိုင္ငံလုံးရွိ စာသင္ေက်ာင္းမ်ား ကိုဗစ္ကပ္ေရာဂါပ်႕ံႏွံ႔မႈေၾကာင့္ ႏွစ္လနီးပါး ေနာက္က်ၿပီးမွ ဇူလိုင္ ၂၁ ရက္တြင္ အထက္တန္းမ်ားကို စတင္ဖြင့္လွစ္ခြင့္ျပဳခဲ့သည္။

အထက္တန္းမ်ား ဖြင့္လွစ္ၿပီး ေနာက္ သတၱပတ္အၾကာတြင္ အလယ္တန္းႏွင့္ မူလတန္းမ်ားကို ဖြင့္လွစ္ရန္ ကနဦးက စီစဥ္ထား ခဲ့ေသာ္လည္း ၾသဂုတ္လအတြင္း ရခိုင္ျပည္ နယ္တြင္ ကိုဗစ္ ျပည္တြင္းကူးစက္မႈမ်ား ပ်ံ႕ ႏွ႔ံလာေသာေၾကာင့္ တစ္ႏိုင္ငံလုံးရွိ အထက္တန္းေက်ာင္းမ်ား ျပန္လည္ပိတ္ခဲ့ရျခင္းျဖစ္ သည္။

ၾသဂုတ္ ၂၇ ရက္မွစတင္ၿပီး တစ္ႏိုင္ငံလုံးတြင္ ဖြင့္လွစ္ထားရွိသည့္ အေျခခံပညာ အထက္တန္းေက်ာင္း၊ ဘုန္းေတာ္ႀကီးသင္ ေက်ာင္းပညာေရးေက်ာင္းႏွင့္ ပုဂၢလိက ေက်ာင္း၊ စုစုေပါင္းေက်ာင္းေပါင္း ၆၅၂၆ ေက်ာင္းကို ပိတ္ရန္ ကိုဗစ္ဗဟိုေကာ္မတီက ၫႊန္ၾကားခဲ့သည္။

၂၀၂၀-၂၀၂၁ ခုႏွစ္ ပညာသင္ႏွစ္ ႏွစ္ဝက္က်ိဳးသြားေသာ္လည္း ျမန္မာႏိုင္ငံ အတြင္း ကိုဗစ္ကပ္ေရာဂါ ပ်ံ႕ႏွံ႔ေနမႈမ်ား ေၾကာင့္ ေက်ာင္းသူေက်ာင္းသားမ်ား စာသင္ခန္းထဲသို႔ ေရာက္ရွိႏိုင္ျခင္း မရွိေသး ေပ။

Credit

————————-

ပညာသင်နှစ် တစ်နှစ်အောက်မည် ဆိုသည်မှာ မဟုတ်ပါ

ပညာသင်နှစ် တစ်နှစ်အောက်မည် ဆိုသည်မှာ မဟုတ်ဘဲ ကိုဗစ်ကူးစက် အပေါ် မူတည်၍ ကျောင်းများ ပြန်ဖွင့်နိုင်ရန် စီစဉ် နေကြောင့် အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြော ကြားသည်။

စာသင်ကျောင်းများပြန်ဖွင့်ရန် လောလောဆယ်တွင် အစီအစဉ်များကို ရေးဆွဲနေပြီး ပညာရေးဝန်ကြီးဌာနက အသိပေးသွားမည်ဖြစ်ကြောင်း ဦးကိုလေးဝင်းက ဆိုသည်။

“ဖွင့်နိုင် မဖွင့်နိုင်ဆိုတာ ချက်ချင်းကြီး ကောက်ပြောလို့ မရဘူးလေ။ ကိုဗစ်ကူးစက် မှုအပေါ် မူတည်တယ်။ အခု လောလော ဆယ်ကတော့ စောင့်ကြည့်ဆဲ ကာလလို့ပဲ ပြောလို့ရတယ်။ လောလောဆယ် အစီအစဉ် ဆွဲတာတွေတော့ လုပ်နေကြတယ်။အချိန် မှာတော့ မထုတ်ပြန်သေးဘူး။ ထုတ်ပြန်တဲ့ အချိန်အသိပေးလိုက်မယ်” ဟု ညွှန်ကြားရေး မှူးချုပ် ဦးကိုလေးဝင်းက ပြောသည်။

စာသင်ကျောင်းများ ပိတ်ထားရသော ကြောင့် ပညာရေးဝန်ကြီးဌာနဟာ အခြေခံပညာအတန်းများ၏ သင်ရိုးညွှန်းတမ်းများကို ရုပ်သံလိုင်းများက တစ်ဆင့်ထုတ်လွှင့် ပြသရန် စီစဉ်နေသည်။

Free to Air ရုပ်သံမီဒီယာများဖြစ်သည့် MRTV, MRTV 4, Sky Net, Myanmar Eduction Channel,MNTVနှင့် မြဝတီရုပ်သံမီဒီယာတို့မှာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း များ၏ သင်ရိုးညွှန်းတမ်းများ ထုတ်လွှင့်ပြသရန် စီစဉ်နေကြောင်း သိရသည်။ လျှပ်စစ်မီးနှင့် တီဗီမရှိသည့် ဒေသများတွင် ရေဒီယိုများက တစ်ဆင့် ပို့ချ သွားမည်ဖြစ်သည်။

“ဘာပဲဖြစ်ဖြစ်ကျောင်းဖွင့်သည် ဖြစ်စေ မဖွင့်သည်ဖြစ်စေ ကလေးကတော့ အိမ်မှာသင်ယူနေရင် သူတို့အတွက်က အကျိုးရှိသွားပြီ။ ကျောင်းဖွင့်တာကို စောင့်ရင်းနဲ့အိမ် မှာပဲ သင်ယူနေစေချင်တယ်” လို့ ညွှန်ကြားရေးမှူးချုပ်က ဆိုသည်။

လက်ရှိတွင် MRTV နှင့် Myanmar Education Channel တို့တွင် ယခင်က ရေး ဆွဲပြီးသားဖြစ်သည့် သင်ရိုးညွှန်းတမ်းများကို ထုတ်လွှင့်ပြသလျက်ရှိသည်။

တစ်နိုင်ငံလုံးရှိ စာသင်ကျောင်းများ ကိုဗစ်ကပ်ရောဂါပျံ့နှံ့မှုကြောင့် နှစ်လနီးပါး နောက်ကျပြီးမှ ဇူလိုင် ၂၁ ရက်တွင် အထက်တန်းများကို စတင်ဖွင့်လှစ်ခွင့်ပြုခဲ့သည်။

အထက်တန်းများ ဖွင့်လှစ်ပြီး နောက် သတ္တပတ်အကြာတွင် အလယ်တန်းနှင့် မူလတန်းများကို ဖွင့်လှစ်ရန် ကနဦးက စီစဉ်ထား ခဲ့သော်လည်း သြဂုတ်လအတွင်း ရခိုင်ပြည် နယ်တွင် ကိုဗစ် ပြည်တွင်းကူးစက်မှုများ ပျံ့ နှံ့လာသောကြောင့် တစ်နိုင်ငံလုံးရှိ အထက်တန်းကျောင်းများ ပြန်လည်ပိတ်ခဲ့ရခြင်းဖြစ် သည်။

သြဂုတ် ၂၇ ရက်မှစတင်ပြီး တစ်နိုင်ငံလုံးတွင် ဖွင့်လှစ်ထားရှိသည့် အခြေခံပညာ အထက်တန်းကျောင်း၊ ဘုန်းတော်ကြီးသင် ကျောင်းပညာရေးကျောင်းနှင့် ပုဂ္ဂလိက ကျောင်း၊ စုစုပေါင်းကျောင်းပေါင်း ၆၅၂၆ ကျောင်းကို ပိတ်ရန် ကိုဗစ်ဗဟိုကော်မတီက ညွှန်ကြားခဲ့သည်။

၂၀၂၀-၂၀၂၁ ခုနှစ် ပညာသင်နှစ် နှစ်ဝက်ကျိုးသွားသော်လည်း မြန်မာနိုင်ငံ အတွင်း ကိုဗစ်ကပ်ရောဂါ ပျံ့နှံ့နေမှုများ ကြောင့် ကျောင်းသူကျောင်းသားများ စာသင်ခန်းထဲသို့ ရောက်ရှိနိုင်ခြင်း မရှိသေး ပေ။

Credit