ျပည္တြင္းသတင္း

မႏၲေလးမွာ ကိုဗစ္ဒုတိယလွိုင္းရဲ့ ပထမဦးဆုံး ကူးစက္လူနာ ေတြ႕ရွိ (ရခိုင္က လာတဲ့သူေတြကို အထူး စစ္သင့္ပါၿပီ)

မႏၲေလးမွာ ကိုဗစ္ဒုတိယလွိုင္းရဲ့ ပထမဦးဆုံး ကူးစက္လူနာ ေတြ႕ရွိ (ရခိုင္က လာတဲ့သူေတြကို အထူး စစ္သင့္ပါၿပီ)

မႏၲေလးမွာ ကိုဗစ္ဒုတိယလွိုင္းရဲ့ ပထမဦးဆုံး ကူးစက္လူနာ ေတြ႕ရွိ

စစ္ေတြမွ မႏၲေလးသို႔ ေရာက္ရွိေနသည့္ ရဲတပ္ဖြဲ႕ဝင္တစ္ဦးျဖစ္ၿပီး လူနာအား ကန္ေတာ္နဒီေဆး႐ုံပို႔

မႏၲေလးၿမိဳ႕ ခ်မ္းေအးသာစံၿမိဳ႕နယ္၌ အသြားအလာ ကန႔္သတ္ေစာင့္ၾကည့္ထားသည့္ စစ္ေတြၿမိဳ႕နယ္ေန အသက္ ၄၀ အရြယ္ အမ်ိဳးသား တစ္ဦးတြင္ ကိုဗစ္ ေရာဂါပိုး ေတြ႕ရွိေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက သတင္းထုတ္ျပန္ခဲ့ၿပီး အဆိုပါ ပိုးေတြ႕လူနာမွာ ရဲတပ္ဖြဲ႕ဝင္ျဖစ္သည္ဟု မႏၲေလးတိုင္းအစိုးရအဖြဲ႕မွ သတင္းရရွိပါတယ္။

 

ျမန္မာနိုင္ငံရဲတပ္ဖြဲ႕ ရဲအရာရွိသင္တန္းေက်ာင္း မႏၲေလးၿမိဳ႕တြင္ စခန္းမႈးသင္တန္း လာေရာက္တက္ေရာက္ေနသည့္ အရာရွိသင္တန္းသားထဲမွ ရဲအုပ္တစ္ဦးအား ကိုဗစ္၁၉ေရာဂါ ေတြ႕ရွိသျဖင့္ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ကန္ေတာ္နဒီေဆး႐ုံသို႔ ယေန႔ ၾသဂုတ္ ၂၇ ရက္တြင္ ပို႔ေဆာင္ခဲ့သည္ဟု မႏၲေလးတိုင္းေဒသႀကီး ကိုဗစ္ ေရာဂါဆိုင္ရာ သတင္းထုန္ျပန္ေရး ေကာ္မတီ ဥကၠဌ၊ မႏၲေလးတိုင္း အစိုးရအဖြဲ႕ ရွမ္းတိုင္းရင္းသား ေရးရာ ဝန္ႀကီး ဦးစိုင္းပန္းဆိုင္က ေျပာပါတယ္။

 

အဆိုပါရဲအုပ္သည္ စစ္ေတြၿမိဳ႕၊ အမွတ္ ၂ နယ္ေၿမ ရဲစခန္းမွ စခန္းမႈးတစ္ဦးျဖစ္ၿပီး ရခိုင္ျပည္နယ္မွ အျခားရဲအရာရွိမ်ားႏွင့္အတူ ရဲအရာရွိအတတ္သင္ေက်ာင္း၌ ဖြင့္လွစ္သည့္ စခန္းမႉးသင္တန္းအား တက္ေရာက္ရန္ မႏၲေလးၿမိဳ႕သို႔ ေရာက္ရွိေနျခင္းျဖစ္ေၾကာင္း သက္ဆိုင္ရာ တာဝန္ရွိသူမ်ားက ေျပာပါတယ္။

 

အဆိုပါသင္တန္း၌ ရခိုင္ျပည္နယ္မွ ရဲအရာရွိ တပ္ဖြဲ႕ဝင္ ၇ ဦး တက္ေရာက္လ်က္ရွိၿပီး ၎တို႔အား သီးသန႔္ထာရွိကာ ၾသဂုတ္ ၂၆ ရက္တြင္ အာေခါင္တို႔ဖတ္ ရယူခဲ့ၿပီး ျပည္သူ႔က်န္းမာေရး ဓာတ္ခြဲမႈဆိုင္ရာဌာန မႏၲေလး သို႔ ေပးပို႔၍ ကိုဗစ္ကူးစက္ ေရာဂါပိုး ရွိ မရွိ စစ္ေဆးခဲ့ရာမွ ေတြ႕ရွိျခင္း ျဖစ္သည္ဟု ဆိုသည္။

Credit

Unicode

မန္တလေးမှာ ကိုဗစ်ဒုတိယလှိုင်းရဲ့ ပထမဦးဆုံး ကူးစက်လူနာ တွေ့ရှိ (ရခိုင်က လာတဲ့သူတွေကို အထူး စစ်သင့်ပါပြီ)

မန္တလေးမှာ ကိုဗစ်ဒုတိယလှိုင်းရဲ့ ပထမဦးဆုံး ကူးစက်လူနာ တွေ့ရှိ

စစ်တွေမှ မန္တလေးသို့ ရောက်ရှိနေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး လူနာအား ကန်တော်နဒီဆေးရုံပို့

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၌ အသွားအလာ ကန့်သတ်စောင့်ကြည့်ထားသည့် စစ်တွေမြို့နယ်နေ အသက် ၄၀ အရွယ် အမျိုးသား တစ်ဦးတွင် ကိုဗစ် ရောဂါပိုး တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပြီး အဆိုပါ ပိုးတွေ့လူနာမှာ ရဲတပ်ဖွဲ့ဝင်ဖြစ်သည်ဟု မန္တလေးတိုင်းအစိုးရအဖွဲ့မှ သတင်းရရှိပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲအရာရှိသင်တန်းကျောင်း မန္တလေးမြို့တွင် စခန်းမှုးသင်တန်း လာရောက်တက်ရောက်နေသည့် အရာရှိသင်တန်းသားထဲမှ ရဲအုပ်တစ်ဦးအား ကိုဗစ်၁၉ရောဂါ တွေ့ရှိသဖြင့် ချမ်းမြသာစည်မြို့နယ်၊ ကန်တော်နဒီဆေးရုံသို့ ယနေ့ သြဂုတ် ၂၇ ရက်တွင် ပို့ဆောင်ခဲ့သည်ဟု မန္တလေးတိုင်းဒေသကြီး ကိုဗစ် ရောဂါဆိုင်ရာ သတင်းထုန်ပြန်ရေး ကော်မတီ ဥက္ကဌ၊ မန္တလေးတိုင်း အစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသား ရေးရာ ဝန်ကြီး ဦးစိုင်းပန်းဆိုင်က ပြောပါတယ်။

အဆိုပါရဲအုပ်သည် စစ်တွေမြို့၊ အမှတ် ၂ နယ်မြေ ရဲစခန်းမှ စခန်းမှုးတစ်ဦးဖြစ်ပြီး ရခိုင်ပြည်နယ်မှ အခြားရဲအရာရှိများနှင့်အတူ ရဲအရာရှိအတတ်သင်ကျောင်း၌ ဖွင့်လှစ်သည့် စခန်းမှူးသင်တန်းအား တက်ရောက်ရန် မန္တလေးမြို့သို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများက ပြောပါတယ်။

အဆိုပါသင်တန်း၌ ရခိုင်ပြည်နယ်မှ ရဲအရာရှိ တပ်ဖွဲ့ဝင် ၇ ဦး တက်ရောက်လျက်ရှိပြီး ၎င်းတို့အား သီးသန့်ထာရှိကာ သြဂုတ် ၂၆ ရက်တွင် အာခေါင်တို့ဖတ် ရယူခဲ့ပြီး ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန မန္တလေး သို့ ပေးပို့၍ ကိုဗစ်ကူးစက် ရောဂါပိုး ရှိ မရှိ စစ်ဆေးခဲ့ရာမှ တွေ့ရှိခြင်း ဖြစ်သည်ဟု ဆိုသည်။

Credit