က်မၼာေရး ဗဟုသုတ

၂ မိနစ္ အခ်ိန္​ေပး႐ုံနဲ႔ လ်င္လ်င္ျမန္ျမန္ အိပ္​ေပ်ာ္သြား​ေစမယ့္ နည္းလမ္း

၂ မိနစ် အချိန်ပေးရုံနဲ့ လျင်လျင်မြန်မြန် အိပ်ပျော်သွားစေမယ့် နည်းလမ်း

ညဘက်မှာ အိပ်မပျော်ခြင်းက နောက်ဆက်တွဲဆိုးကျိုးတွေ အများကြီးဖြစ်ပေါ်စေပါတယ်။ လူအများစုက အိပ်ပျော်ဖို့အတွက် ဆေးတွေ သောက်ကြပါတယ်။ ဒါပေမယ့် ရေရှည်မှာ အိပ်ဆေးတွေ သောက်တာကလည်း မကောင်းပါဘူး။ ခြေထောက်ကို နှိပ်နယ်ပေးခြင်းကလည်း လျင်လျင်မြန်မြန် အိပ်ပျော်စေပါတယ်။

အဆင့် ၁

ပထမဆုံးအနေနဲ့ ခြေမထိပ်ကို လက်ညိုးနဲ့ စက်ပိုင်းပုံစံနှိပ်နယ်ပေးပါ။ ပြီးတော့ ခြေမကို လက်ညှိုးနဲ့ စက္ကန့်အနည်းငယ်ကြာအောင် ဖိထားပါ။

အဆင့် ၂

အဆင့် ၂မှာ ခြေမကို လက်မနဲ့ နှိပ်နယ်ပေးရမှာပါ။ ခြေမအောက်ကနေ ခြေမအပေါ်အထိ ဖြည်းဖြည်းချင်း နှိပ်ပါ။ ပြီးရင်တော့ နောက်ခြေမတစ်ဖက်ကို ပြောင်းပြီးနှိပ်နယ်ပေးရမှာပါ။

အဆင့် ၃

ခြေဖဝါးရဲ့အလယ်ကနေ အပေါ်ကို တဖြည်းဖြည်းချင်း နှိပ်နယ်ပေးသွားရမှာပါ။

အဆင့် ၄

ခြေဖဝါးအလယ်ကနေ ဘေးဘက်တွေကို လက်မနဲ့ တဖြည်းဖြည်းချင်း နှိပ်နယ်ပေးပါ။

အဆင့် ၅

ခြေဖဝါးရဲ့အလယ်ကို လက်မနဲ့ လက်ဝိုင်းပုံစံနှိပ်ပေးပြီး စက္ကန့်အနည်းငယ်ကြာအောင် လက်မနဲ့ ဖိထားပါ။

အဆင့် ၆

ခြေမကနေ ခြေညှိုးအထိ တစ်ချောင်းချင်းစီကို ညင်ညင်သာသာ နှိပ်နယ်ပေးပါ။ ခြေချောင်းတစ်ချောင်းနဲ့တစ်ချောင်းအကြားကိုလည်း နှိပ်နယ်ပေးလို့ရပါတယ်။

အဆင့် ၇

အတွင်းခြေမျက်စိနဲ့ အပေါ်ဘက် လက်လေးလုံးအကွာ၊ အရိုးရဲ့ဘေးဘက်ကို နှိပိနယ်ပေးပါ။ ကိုယ်ဝန်ဆောင်မိခင်တွေကတော့ ဒီနေရာကို လုံးဝမနှိပ်သင့်ပါဘူး။

အဆင့် ၈

ကြမ်းပြင်တစ်ခုအပေါ်မှာ ပက်လက်လှန်လိုက်ပြီး ဒူးကိုကွေးလိုက်ပါ။ ပြီးရင် ခြေချောင်းလေးတွေကို ဖြည်းဖြည်းချင်းချိုးပေးပါ။ ပြီးရင်တော့ နောက်ခြေထောက်တစ်ဖက်ကို ပြောင်းလုပ်ပါ။

ဒီလေ့ကျင့်ခန်းတွေ လုပ်ပြီးရင်တော့ နှစ်နှစ်ခြိုက်ခြိုက် မြန်မြန်ဆန်ဆန် အိပ်ပျော်နိုင်ပါတယ်။

Zombie (Love Media)

For Zawgyi

၂ မိနစ္ အခ်ိန္​ေပး႐ုံနဲ႔ လ်င္လ်င္ျမန္ျမန္ အိပ္​ေပ်ာ္သြား​ေစမယ့္ နည္းလမ္း

ညဘက္မွာ အိပ္မ​ေပ်ာ္ျခင္းက ​ေနာက္ဆက္တြဲဆိုးက်ိဳး​ေတြ အမ်ားႀကီးျဖစ္​ေပၚ​ေစပါတယ္။ လူအမ်ားစုက အိပ္​ေပ်ာ္ဖို႔အတြက္ ​ေဆး​ေတြ ​ေသာက္ၾကပါတယ္။ ဒါ​ေပမယ့္ ​ေရရွည္မွာ ​အိပ္​ေဆး​ေတြ ​ေသာက္တာကလည္း မ​ေကာင္းပါဘူး။ ​ေျခ​ေထာက္ကို ႏွိပ္နယ္​ေပးျခင္းကလည္း လ်င္လ်င္ျမန္ျမန္ အိပ္​ေပ်ာ္​ေစပါတယ္။

အဆင့္ ၁

ပထမဆုံးအ​ေနနဲ႔ ​​ေျခမထိပ္ကို လက္ညိဳးနဲ႔ စက္ပိုင္းပုံစံႏွိပ္နယ္​​ေပးပါ။ ၿပီး​ေတာ့ ​ေျခမကို လက္ညႇိဳးနဲ႔ စကၠန္႔အနည္းငယ္ၾကာ​ေအာင္ ဖိထားပါ။

အဆင့္ ၂

အဆင့္ ၂မွာ ​ေျခမကို လက္မနဲ႔ ႏွိပ္နယ္​ေပးရမွာပါ။ ​ေျခမ​ေအာက္က​ေန ​ေျခမအ​ေပၚအထိ ျဖည္းျဖည္းခ်င္း ႏွိပ္ပါ။ ၿပီးရင္​ေတာ့ ​​ေနာက္​ေျခမတစ္ဖက္ကို ​ေျပာင္းၿပီးႏွိပ္နယ္​ေပးရမွာပါ။

အဆင့္ ၃

​ေျခဖဝါးရဲ႕အလယ္က​ေန အ​ေပၚကို တျဖည္းျဖည္းခ်င္း ႏွိပ္နယ္​ေပးသြားရမွာပါ။

အဆင့္ ၄

​ေျခဖဝါးအလယ္က​​ေန ​ေဘးဘက္​ေတြကို လက္မနဲ႔ တျဖည္းျဖည္းခ်င္း ႏွိပ္နယ္​ေပးပါ။

အဆင့္ ၅

​​ေျခဖဝါးရဲ႕အလယ္ကို လက္မနဲ႔ လက္ဝိုင္းပုံစံႏွိပ္​ေပးၿပီး စကၠန္႔အနည္းငယ္ၾကာ​ေအာင္ လက္မနဲ႔ ဖိထားပါ။

အဆင့္ ၆

​ေျခမက​ေန ​​ေျခညႇိဳးအထိ တစ္​ေခ်ာင္းခ်င္းစီကို ညင္ညင္သာသာ ႏွိပ္နယ္​​ေပးပါ။ ​ေျခ​​ေခ်ာင္းတစ္​ေခ်ာင္းနဲ႔တစ္​​ေခ်ာင္းအၾကားကိုလည္း ႏွိပ္နယ္​ေပးလို႔ရပါတယ္။

အဆင့္ ၇

အတြင္း​ေျခမ်က္စိနဲ႔ အ​ေပၚဘက္ လက္​​ေလးလုံးအကြာ၊ အ႐ိုးရဲ႕​ေဘးဘက္ကို ႏွိပိနယ္​ေပးပါ။ ကိုယ္ဝန္​ေဆာင္မိခင္​ေတြက​ေတာ့ ဒီ​​ေနရာကို ​လုံးဝမႏွိပ္သင့္ပါဘူး။

အဆင့္ ၈

ၾကမ္းျပင္တစ္ခုအ​ေပၚမွာ ပက္လက္လွန္လိုက္ၿပီး ဒူးကို​ေကြးလိုက္ပါ။ ၿပီးရင္ ​ေျခ​​ေခ်ာင္း​ေလး​ေတြကို ျဖည္းျဖည္းခ်င္းခ်ိဳး​ေပးပါ။ ၿပီးရင္​ေတာ့ ​ေနာက္​ေျခ​ေထာက္တစ္ဖက္ကို ​ေျပာင္းလုပ္ပါ။

ဒီ​ေလ့က်င့္ခန္း​​ေတြ လုပ္ၿပီးရင္​ေတာ့ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ ျမန္ျမန္ဆန္ဆန္ အိပ္​ေပ်ာ္ႏိုင္ပါတယ္။

Zombie (Love Media)