ျပည္တြင္းသတင္း

ေကာ့ေသာင္းၿမိဳ႕သို႔တစ္ဖက္ႏိုင္ငံမွတရားမဝင္လာေရာက္သူ(၅)ဦးအားေတြ႕ရွိ၍အခ်ိန္မီထိန္းသိမ္းထား

ေကာ့ေသာင္းၿမိဳ႕သို႔တစ္ဖက္ႏိုင္ငံမွတရားမဝင္လာေရာက္သူ(၅)ဦးအားေတြ႕ရွိ၍အခ်ိန္မီထိန္းသိမ္းထား

တနသၤာရီတိုင္းေဒသႀကီး၊ေကာ့ေသာင္းၿမိဳ႕သို႔တစ္ဘက္ႏိုင္ငံမွတရားမဝင္၊ဝင္ေရာက္လာသူ ငါးဦးအား ေတြ႕ရွိေသာေၾကာင့္ တာဝန္ရွိသူမ်ားက အခ်ိန္မီထိန္းသိမ္းထားႏိုင္ခဲ့ေၾကာင္း ေကာ့ေသာင္းၿမိဳ႕နယ္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ၿမိဳ႕နယ္သတင္းျပန္ၾကားေရးေကာ္မတီမွ ၾသဂုတ္လ၂၇ရက္ကသိရသည္။

 

ၾသဂုတ္လ၂၆ရက္၊ည(၇)နာရီအခ်ိန္ခန္႔ကေ႐ႊဟသၤာရပ္ကြက္၊႐ြာမလမ္းရွိကမ္းနီးငါးလုပ္ငန္းဝင္းအတြင္း ခိုင္ခိုင္လင္းငါးသယ္ေလွျဖင့္တစ္ဖက္ႏိုင္ငံမွတရားမဝင္ဝင္ေရာက္လာသူ(၅)ဦးအားေ႐ႊဟသၤာရပ္ကြက္အုပ္ခ်ဳပ္ေရးအဖြဲ႕မွအခ်ိန္မီထိန္းသိမ္းထားႏိုင္ခဲ့ျခင္းျဖစ္သည္။

 

အဆိုပါေတြ႕ရွိသူ(၅)ဦးအား သက္ဆိုင္ရာတာဝန္ရွိသူမ်ားမွေကာ့ေသာင္းၿမိဳ႕၊အဏၰဝါရပ္ကြက္ရွိ တနသၤာရီဟိုတယ္၌ ဟိုတယ္ Quarantine ဝင္ခိုင္းထားေၾကာင္း၊၎တို႔(၅)ဦးလိုက္ပါလာေသာ ခိုင္ခိုင္လင္းငါးသယ္ေလွပါပဲ့နင္းဦးဆန္းဝင္းအပါအ၀င္ (၁၁)ဦးကိုလည္း ေကာ့ေသာင္းၿမိဳ႕၊ အဏၰ ဝါရပ္ကြက္ရွိမၪၨဴသကခန္းမတြင္ Qunrantine ဝင္ခိုင္းထားေၾကာင္း သိရသည္။

ကိုထြဋ္

ဓာတ္ပုံ-ေကာ့ေသာင္းၿမိဳ႕နယ္၊NLD

Unicode

ကော့သောင်းမြို့သို့တစ်ဖက်နိုင်ငံမှတရားမဝင်လာရောက်သူ(၅)ဦးအားတွေ့ရှိ၍အချိန်မီထိန်းသိမ်းထား

တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းမြို့သို့တစ်ဘက်နိုင်ငံမှတရားမဝင်၊ဝင်ရောက်လာသူ ငါးဦးအား တွေ့ရှိသောကြောင့် တာဝန်ရှိသူများက အချိန်မီထိန်းသိမ်းထားနိုင်ခဲ့ကြောင်း ကော့သောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မြို့နယ်သတင်းပြန်ကြားရေးကော်မတီမှ သြဂုတ်လ၂၇ရက်ကသိရသည်။

သြဂုတ်လ၂၆ရက်၊ည(၇)နာရီအချိန်ခန့်ကရွှေဟင်္သာရပ်ကွက်၊ရွာမလမ်းရှိကမ်းနီးငါးလုပ်ငန်းဝင်းအတွင်း ခိုင်ခိုင်လင်းငါးသယ်လှေဖြင့်တစ်ဖက်နိုင်ငံမှတရားမဝင်ဝင်ရောက်လာသူ(၅)ဦးအားရွှေဟင်္သာရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှအချိန်မီထိန်းသိမ်းထားနိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါတွေ့ရှိသူ(၅)ဦးအား သက်ဆိုင်ရာတာဝန်ရှိသူများမှကော့သောင်းမြို့၊အဏ္ဏဝါရပ်ကွက်ရှိ တနင်္သာရီဟိုတယ်၌ ဟိုတယ် Quarantine ဝင်ခိုင်းထားကြောင်း၊၎င်းတို့(၅)ဦးလိုက်ပါလာသော ခိုင်ခိုင်လင်းငါးသယ်လှေပါပဲ့နင်းဦးဆန်းဝင်းအပါအဝင် (၁၁)ဦးကိုလည်း ကော့သောင်းမြို့၊ အဏ္ဏ ဝါရပ်ကွက်ရှိမဉ္ဇူသကခန်းမတွင် Qunrantine ဝင်ခိုင်းထားကြောင်း သိရသည်။

ကိုထွဋ်

ဓာတ်ပုံ-ကော့သောင်းမြို့နယ်၊NLD