က်မၼာေရး ဗဟုသုတ

အစပ် ပုံမှန်စားပေးခြင်းကြောင့် ရရှိနိုင်မယ့် ကျန်းမာရေး အကျိုးကျေးဇူးများ…….





(1) အသက်ရှည်စေတယ်










penny

Unicode,

အစပ် ပုံမှန်စားပေးခြင်းကြောင့် ရရှိနိုင်မယ့် ကျန်းမာရေး အကျိုးကျေးဇူးများ

အစပ်လေးပါကာမှ ထမင်းစားဝင်တတ်တဲ့လူတွေ ရှိကြလားမသိဘူး။

တကယ်တော့ အစပ်စားခြင်းဟာ အစာအိမ်အတွက် မကောင်းဘူးဆိုပေမယ့်လို့ ပုံမှန်လေးစားပေးခြင်းအားဖြင့် လူတိုင်းမထင်ထားတဲ့ ကျန်းမာရေးကောင်းကျိုးတွေရှိနေတယ်ဆိုတာ သင်သိပါသလား။

မသိသေးဘူးဆိုရင်တော့ ဒီစာလေးကို ဆက်ဖတ်ကြည့်လိုက်ရအောင်နော်။

(1) အသက်ရှည်စေတယ်

Harvard and China National Center for Disease Control and PreventionTrusted Source ရဲ့ လေ့လာချက်အရ တစ်ပတ်ကို ၆ ရက်လောက် အစပ်ပါတာ စားပေးခြင်းဟာ မစားတဲ့လူတွေထက် အသက်ရှည်မှုနှုန်းဟာ ၁၄% လောက်ပိုမြင့်နေပါတယ်လို့ Health Line မှာ ဖတ်လိုက်ရပါတယ်။

(2) Metabolism ကို မြှင့်တင်ပေးတယ်

အစပ်နဲ့ ဟင်းခတ်အမွှေးအကြိုင်တွေဟာ သင့်ရဲ့ metabolism နှုန်းကို မြှင့်တင်ပေးတဲ့အတွက်ကြောင့် အစာလည်းခံစေပါတယ်။ ဒါကြောင့် အစပ်ဟာ ဝိတ်ချတဲ့နေရာမှာလည်း တော်တော်လေး အထောက်အကူဖြစ်စေပါတယ်။

(3) ယောင်ယမ်းမှုတွေကိုကျဆင်းစေတယ်

အာရုံကြောယောင်ယမ်းတာတွေ၊ ကြွက်သားယောင်ယမ်းတာတွေ စတာတွေကိုလည်း ငရုတ်သီးလိုမျိုး အစပ်အရသာတွေဟာ လျော့ကျစေပါတယ်။ ဒါကြောင့် ခေါင်းကိုက်ရင် အစပ်စားပါတဲ့။

(4) ကင်ဆာဆဲလ်တွေကိုလည်းသေစေတယ်

UCLA လရဲ့ လေ့လာချက်အရ အစပ်စားခြင်းဟာ ကင်ဆာပြန့်ပွားမှုနှုန်းကိုလျော့ကျစေပြီတော့ ကင်ဆာဖြစ်နိုင်ချေမှလည်း ကာကွယ်ပေးပါတယ်။

(5) ဘတ်တီးရီးယားတွေကိုသတ်ဖို့

Antioxidant နဲ့ Antimicrobial ဓာတ်တွေပါဝင်တဲ့အတွက်ကြောင့် ခန္ဓာကိုယ်အတွက် ဆိုးကျိုးဖြစ်စေမယ့် ဘတ်တီးရီးယားတွေကို သေစေနိုင်ပါတယ်။

penny