ဘဝတူ ဝေဒနာခံစားနေရတဲ့သူတွေ သိအောင် မျှဝေပေးစမ်းပါဟယ်ဆိုတဲ့ ဒူးနာ အမြန်ပျောက်ဆေးနည်း
ဒူးနာအမြန်ပျောက်ဆေးနည်းလေးမျှဝေဖေါ်ပြပေးလိုက်ပါတယ်
#လိုအပ်တဲ့ပစ္စည်းတွေကတော့
၁ ။ ဘူးရွက်အရင့် ၃ရွက်
၂ ။ ပြဒါး မြေပဲစေ့ ၁ စေ့ခန့်
၃ ။ ရှောက်ရည် လစ်ပိုပုလင်း လက်တစ်လုံးခန့်
#ဆေးဖေါ်စပ်နည်းကတော့
ဘူးရွက်၃ရွက်ကိုထောင်း၍ သတ္တုရည်ညှစ်ယူပါ
ပြီးလျင်ပြဒါး၊ရှောက်ရည်တို့နှင့်ရောပါ။
ဖေါ်ပြထားသောပမာဏသည် လစ်ပိုပုလင်းတစ်ပုလင်းစာဖြစ်ပါသည် ။
ဘူးရွက်သတ္တုရည်ထောင်းရာတွင်ရေကိုချိန်ဆထည့်ရန်ဖြစ်ပါသည်။ ဒူးကိုမကြာခနလူးပေးရန်ဖြစ်ပါသည် ။
သာမညဆရာတော်ဘုရားကြီး၏” ဒူးနာပျောက်ဆေးနည်း”လေး
စာအုပ်ထဲမှတ်ထားတာ၁ဝနှစ်ကျော်ပြီ။
တမနက် အိပ်ယာထဒူးကတော်တော်နာနေတာအထိုင်အထအကွေးအဆန့်ဘယ်လိုမှအဆင်မပြေတော့ဘူး ပိုပိုဆိုးလာတယ်။
ဒါနဲ့မှတ်ထားတဲ့ဆေးမြီးတို(ဆေးနည်းတို)မှတ်စုစာအုပ်လေးသတိရလို့ လှန်လှောကြည့်မိတော့ သာမညဆရာတော်ကြီးရဲ့ဆေးနည်းလေးသွားတွေ့တယ်။
လိုအပ်တဲ့အမယ်၃မျိုးရအောင်ရှာပြီး ဆေးညွှန်းအတိုင်းလိမ်းကြည့်လိုက်တာ
အခု၂ရက်ဘဲလိမ်းရသေးတယ်ကောင်းသလောက်ဖြစ်နေပြီ
ဘဝတူဝေဒနာခံစားနေရတဲ့သူတွေသိအောင်မျှဝေပေးစမ်းပါဟယ်”
ဒေါ်သန်းစိန်(အငြိမ်းစားဝန်ထမ်း၊မြို့နယ်သမဦးစီးဌာန၊လှည်းကူး)မှအားရဝမ်းသာပြောလာပါသည် ။ ။
လက်ထဲတွင်လဲ နောက်ထပ်ဆေးတဖုံစာအတွက်ဆေးအမယ်၃မျိုးကိုတွေ့ရသဖြင့်ဓါတ်ပုံရိုက်၍ဖေါ်ပြပေးလိုက်ပါသည်။ ။
ဒူး တစ်တောင် ခါး ဂုတ် အရိုးအဆစ်နာကျင်ကိုက်ခဲနေသူများလည်းလူးကြည့်ပါ။ ။
ပြဒါးကို… ပရဆေးအရောင်းဆိုင်များမှာ ဝယ်ယူလို့ရပါသည်။
မေတ္တာဖြင့်မျှဝေပါသည်။ စိုင်း မင်း သန့်
၁ ။ ဘူးရွက်အရင့် ၃ရွက်
#ဆေးဖေါ်စပ်နည်းကတော့