ပြည်တွင်းသတင်း

မုံရွာ-အရာ​တော်လမ်းတွင် စစ်​ကောင်စီ၏​ထောက်ပို့ယာဉ်နှစ်စီးကို PDFများ နှစ်​နေရာတွင် တိုက်ခိုက် ( ရုပ်သံ )

မုံရွာ-အရာ​တော်လမ်းတွင် စစ်​ကောင်စီ၏​ထောက်ပို့ယာဥ်နှစ်စီးကို PDFများ နှစ်​နေရာတွင် တိုက်ခိုက်

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ထောက်ပို့ယာဥ်နှစ်စီး ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့

၈ ဖွဲ့တို့ပူးပေါင်းကာ နှစ်ကြိမ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုများရှိကြောင်း Ayadaw Bone Naing PDFအဖွဲ့က သတင်း

ထုတ်ပြန်သည်။

ယနေ့ ( ဇန်နဝါရီ ၄ရက်) နံနက်၆နာရီအချိန်က မုံရွာ-အရာတော် လမ်းမတစ်နေရာ၌ စစ်ကောင်စီတပ်၏ ထောက်ပို့ကား နှစ်စီး

အနက်မှ ဒုတိယမြောက်ယာဉ်အားမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ

အကြမ်းဖက်စစ်ကောင်စီတပ်၏ယာဉ်တစ်စီး ဘေးတစ်ခြမ်းထိခိုက်ပျက်စီးခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီ

လက်ပါးစေ တပ်သားများဒဏ်ရာ အများအပြား ရရှိနိုင်ကြောင်း၊ ၎င်းကားမှာ ဝါတန်းရွာအနီးတွင် ရပ်တန့်နေခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဝါးတန်းရွာအနီးတွင် ကားတစ်စီးကျန်ရစ်ခဲ့ပြီးနောက် ဆက်လက်ထွက်ခွါလာသော စစ်ကောင်စီ၏ ကျန်ရှိသောထောက်ပို့ကားတစ်စီးကို နံနက် ၇နာရီတွင် မန်းကျည်းသုံးပင်ကွေ့တွင်

ထပ်မံမိုင်းခွဲတိုက်ခိုက်ခဲ့ရာ ယာဥ်ပေါ်ရှိ ယာဥ်မောင်းနှင့်ယာဥ်နောက်လိုက်နှစ်ဦး ထိခိုက်သေဆုံးခဲ့ကြောင်း အသိ ပေးထားသည်။

အဆိုပါစစ်ဆင်ရေးကို Knights Of The Red Land (KORL)ပျောက်ကြားတပ်ဖွဲ့၊ Ayardaw Bone Naing(A.B.N.PDF)၊ သပြေညို ပျောက်ကြားတပ်ဖွဲ့၊ ပတ္တမြားညီနောင် ပျောက်ကြားတပ်ဖွဲ့ တို့မှဦးဆောင်၍

Ayardaw Falcon Force(AF2)၊ M.R.T.F တပ်ဖွဲ့၊ The Guys Of Burma Revolution Force(GBRF)၊ တမန်တော်ပြောက်ကျားတပ်

ဖွဲ့(APOSTLE)အစရှိသည့် ညီနောင်(၈)ဖွဲ့ တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့သည်ဟု ထုတ်ပြန်သည်။

People’sSpring