အမ်ိဳးသမီး သပိတ္ေခါင္းေဆာင္ ေနထိုင္သည့္ အေဆာင္အား စစ္တပ္က အရပ္ဝတ္မ်ားျဖင့္ ဝင္ေရာက္ဖမ္းဆီး
ဂ်ာမုန္း
မႏၲေလး အမ်ိဳးသမီးသပိတ္ ေခါင္းေဆာင္ တစ္ဦးျဖစ္သူ မေအးျမင့္ေအာင္ေအာင္ ေနထိုင္သည့္ အေဆာင္အား စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ားက အရပ္ဝတ္ျဖင့္ ဝင္ေရာ
က္ရွာေဖြကာ အျခားသူ ႏွစ္ဦးကို ဖမ္းဆီးခဲ့ၿပီး ေငြေၾကးႏွင့္ အသုံးအေဆာင္မ်ား သိမ္းဆည္းသြားေၾကာင္း မေအးျမင့္ေအာင္ေအာင္ကေျပာသည္။
မႏၲေလးၿမိဳ႕၊ မဟာေအာင္ေျမၿမိဳ႕နယ္ရွိ အေဆာင္သို႔ ယမန္ေန႔ ဇန္နဝါရီလ ၄ ရက္ေန႔ ည ၁၀ နာရီ ၁၀ မိနစ္ခန႔္တြင္ အိမ္စီးကား သုံးစီး၊ အရပ္ဝတ္ အင္အား ၂၀ ေ
က်ာ္ျဖင့္ ဝင္ေရာက္ ဖမ္းဆီးခဲ့ေၾကာင္း ဆိုသည္။
“ကြၽန္ေတာ့္ နာမည္နဲ႔ ဓာတ္ပုံျပၿပီး ကြၽန္ေတာ္ေနတဲ့ အေဆာင္ေနရာကို လာရွာတယ္၊ အေဆာင္တစ္ခုလုံးကို ေမႊေႏွာက္ၿပီးေတာ့ ဖုန္းေတြလည္း စစ္တယ္၊ ကုတင္ေ
အာက္ေတြလည္း ၾကည့္တယ္၊ ကြၽန္ေတာ္ေနတဲ့ အခန္းကိုလည္း ရစရာမရွိေအာင္ ေမႊသြားတာေပါ့” ဟု သူမက မဇၩိမကို ေျပာသည္။
သပိတ္စစ္ေၾကာင္း တစ္ခုအတြင္း ဖမ္းဆီးခံခဲ့ရသည့္ ရဲေဘာ္တစ္ဦးႏွင့္ ဆက္စပ္ကာ လာေရာက္ဖမ္းဆီးျခင္း ျဖစ္ႏိုင္ေၾကာင္း ၎ကေျပာသည္။ သူမ အေနျဖင့္ ႀကိဳ
တင္ေရွာင္တိမ္းၿပီး ျဖစ္ေၾကာင္း ဆိုသည္။
“လာရွာေတာ့ စစျခင္း တံခါးေခါက္ ကတည္းက နာမည္တပ္ၿပီးေတာ့ ေအာ္ဆဲၿပီး ရွာတာေပါ့ေနာ္။ တစ္ေဆာင္လုံးကိုလည္း ေမႊေႏွာက္ၿပီး ပတ္ဆဲတယ္။ ဒီေကာင္
မကို ရွာေနတာ ေတာ္ေတာ္ၾကာၿပီ ခုထိကို မဖမ္းႏိုင္ေသးဘူးလို႔ ေျပာတယ္။ ေတာ္ေတာ္ ရစရာမရွိေအာင္ ဆဲတယ္ေပါ့။ ၿပီးေတာ့ ပစၥည္း ဘာညာလည္း ယူသြားတ
ယ္” ဟု သူမက ရွင္းျပသည္။
မေအးျမင့္ေအာင္ေအာင္ အခန္းမွ က်ပ္သိန္း ၂၀ ေက်ာ္၊ Laptop တစ္လုံး၊ စာအုပ္မ်ားႏွင့္ ဘြဲ႕လက္မွတ္မ်ား သိမ္းဆည္းသြားသည့္ အျပင္ အေဆာင္မႉးႏွင့္ အမ်ိဳး
သမီးငယ္ တစ္ဦးကို မဟာေအာင္ေျမ ရဲစခန္းသို႔ ဖမ္းဆီး ေခၚေဆာင္သြားေၾကာင္း သူမက ေျပာသည္။
“အေဆာင္မႉးကို စစ္ဖို႔ေခၚသြားတယ္၊ အေဆာင္က ေကာင္မေလး တစ္ေယာက္ကိုလည္း လက္ထိပ္ခတ္ၿပီး ေခၚသြားတယ္။ ဘာေတြ႕သြားလို႔လည္းေတာ့ မသိဘူး ဖ
မ္းေခၚသြားတယ္လို႔ သိရတယ္။ ျဖစ္ႏိုင္တာကေတာ့ ဖမ္းေခၚသြားရင္ သူ႔နယ္ေျမအလိုက္ ရဲစခန္းကို ဖမ္းေခၚသြားတာဘဲ ျဖစ္ႏိုင္ပါတယ္၊ မဟာေအာင္ေျမ ရဲစခန္း ျဖ
စ္ႏိုင္ပါတယ္။ ကြၽန္ေတာ္တို႔ ဘာသတင္းမွ ျပန္မရေသးဘူး၊ လုံၿခဳံေရးအရ မဆက္သြယ္ဘဲ ထားထားတာ ဆိုေတာ့ေလ” ဟု မေအးျမင့္ေအာင္ေအာင္က ဆိုသည္။
မေအးျမင့္ေအာင္ေအာင္ သည္ အဝတ္တစ္ထည္ ကိုယ္တစ္ခုျဖင့္ တိမ္းေရွာင္ခဲ့ရေသာ္လည္း “ၿငိမ္ေနရင္ ပင့္ကူအိမ္ေတာင္ ၿငိလိမ့္မယ္၊ ႐ုန္းထြက္ရင္ သံႀကိဳးေတြေ
တာင္ ျပတ္ႏိုင္တယ္” အေရးေတာ္ပုံ မုခ် ေအာင္ရမယ္ေဟ့ ဟု သူမ၏ လူမႈကြန္ရက္ စာမ်က္ႏွာတြင္ ေရးသားထားသည္။
အမျိုးသမီး သပိတ်ခေါင်းဆောင် နေထိုင်သည့် အဆောင်အား စစ်တပ်က အရပ်ဝတ်များဖြင့် ဝင်ရောက်ဖမ်းဆီး
ဂျာမုန်း
မန္တလေး အမျိုးသမီးသပိတ် ခေါင်းဆောင် တစ်ဦးဖြစ်သူ မအေးမြင့်အောင်အောင် နေထိုင်သည့် အဆောင်အား စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အရပ်ဝတ်ဖြင့်
ဝင်ရောက်ရှာဖွေကာ အခြားသူ နှစ်ဦးကို ဖမ်းဆီးခဲ့ပြီး ငွေကြေးနှင့် အသုံးအဆောင်များ သိမ်းဆည်းသွားကြောင်း မအေးမြင့်အောင်အောင်ကပြောသည်။
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ အဆောင်သို့ ယမန်နေ့ ဇန်နဝါရီလ ၄ ရက်နေ့ ည ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် အိမ်စီးကား သုံးစီး၊ အရပ်ဝတ် အင်အား ၂၀
ကျော်ဖြင့် ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။
“ကျွန်တော့် နာမည်နဲ့ ဓာတ်ပုံပြပြီး ကျွန်တော်နေတဲ့ အဆောင်နေရာကို လာရှာတယ်၊ အဆောင်တစ်ခုလုံးကို မွှေနှောက်ပြီးတော့ ဖုန်းတွေလည်း စစ်တယ်၊ ကု
တင်အောက်တွေလည်း ကြည့်တယ်၊ ကျွန်တော်နေတဲ့ အခန်းကိုလည်း ရစရာမရှိအောင် မွှေသွားတာပေါ့” ဟု သူမက မဇ္ဈိမကို ပြောသည်။
သပိတ်စစ်ကြောင်း တစ်ခုအတွင်း ဖမ်းဆီးခံခဲ့ရသည့် ရဲဘော်တစ်ဦးနှင့် ဆက်စပ်ကာ လာရောက်ဖမ်းဆီးခြင်း ဖြစ်နိုင်ကြောင်း ၎င်းကပြောသည်။ သူမ
အနေဖြင့် ကြိုတင်ရှောင်တိမ်းပြီး ဖြစ်ကြောင်း ဆိုသည်။
“လာရှာတော့ စစခြင်း တံခါးခေါက် ကတည်းက နာမည်တပ်ပြီးတော့ အော်ဆဲပြီး ရှာတာပေါ့နော်။ တစ်ဆောင်လုံးကိုလည်း မွှေနှောက်ပြီး ပတ်ဆဲတယ်။ ဒီကောင်
မကို ရှာနေတာ တော်တော်ကြာပြီ ခုထိကို မဖမ်းနိုင်သေးဘူးလို့ ပြောတယ်။ တော်တော် ရစရာမရှိအောင် ဆဲတယ်ပေါ့။ ပြီးတော့ ပစ္စည်း ဘာညာလည်း ယူသွား
တယ်” ဟု သူမက ရှင်းပြသည်။
မအေးမြင့်အောင်အောင် အခန်းမှ ကျပ်သိန်း ၂၀ ကျော်၊ Laptop တစ်လုံး၊ စာအုပ်များနှင့် ဘွဲ့လက်မှတ်များ သိမ်းဆည်းသွားသည့် အပြင် အဆောင်မှူးနှင့်
အမျိုးသမီးငယ် တစ်ဦးကို မဟာအောင်မြေ ရဲစခန်းသို့ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သူမက ပြောသည်။
“အဆောင်မှူးကို စစ်ဖို့ခေါ်သွားတယ်၊ အဆောင်က ကောင်မလေး တစ်ယောက်ကိုလည်း လက်ထိပ်ခတ်ပြီး ခေါ်သွားတယ်။ ဘာတွေ့သွားလို့လည်းတော့ မသိ
ဘူး ဖမ်းခေါ်သွားတယ်လို့ သိရတယ်။ ဖြစ်နိုင်တာကတော့ ဖမ်းခေါ်သွားရင် သူ့နယ်မြေအလိုက် ရဲစခန်းကို ဖမ်းခေါ်သွားတာဘဲ ဖြစ်နိုင်ပါတယ်၊ မဟာအောင်မြေ
ရဲစခန်း ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ ဘာသတင်းမှ ပြန်မရသေးဘူး၊ လုံခြုံရေးအရ မဆက်သွယ်ဘဲ ထားထားတာ ဆိုတော့လေ” ဟု မအေးမြင့်အောင်အောင်က
ဆိုသည်။
မအေးမြင့်အောင်အောင် သည် အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် တိမ်းရှောင်ခဲ့ရသော်လည်း “ငြိမ်နေရင် ပင့်ကူအိမ်တောင် ငြိလိမ့်မယ်၊ ရုန်းထွက်ရင် သံကြိုး
တွေတောင် ပြတ်နိုင်တယ်” အရေးတော်ပုံ မုချ အောင်ရမယ်ဟေ့ ဟု သူမ၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။