က်ိဳက္ထီး႐ိုးဘုရားတြင္ ဘုရားဖူးျပည္သူ ၃ ဦးေသဆုံး၍ ၁၀ ဦးေက်ာ္ဒဏ္ရာရခဲ့သည့္ စိတ္မေကာင္းစရာျအဖစ္
က်ိဳက္ထီး႐ိုးဘုရား၏ ေတာင္တက္ဂိတ္တြင္ ပစ္ခတ္မႈျဖစ္ပြား၊ဘုရားဖူးျပည္သူ ၃ ဦးေသဆုံး၍ ၁၀ ဦးေက်ာ္ဒဏ္ရာရ
မြန္ျပည္နယ္၊က်ိဳက္ထိုၿမိဳ႕နယ္၊ကင္ပြန္းေခ်ာင္းေက်း႐ြာရွိ က်ိဳက္ထီး႐ိုးဘုရားေတာင္တက္ဂိတ္တြင္
ေအာက္တိုဘာ ၁၂ ရက္(ယေန႔)နံနက္ပိုင္းက ေသနတ္ပစ္ခတ္မႈမ်ားျဖစ္ပြားခဲ့သျဖင့္ ဘုရားဖူးျပည္သူမ်ား ၃ ဦးေသဆုံးကာ ၁၃ ဦးခန႔္ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။
“ေသနတ္ပစ္ခတ္မႈျဖစ္ခဲ့တာမွန္ပါတယ္ ထိခိုက္ဒဏ္ရာရတဲ့လူ ၁၃ ေယာက္ေလာက္ရွိတယ္ ေသ ဆုံးတဲ့လူက ၃ ေယာက္ရွိပါတယ္
ကြၽန္ေတာ္တို႔သိရသေလာက္ကေတာ့ ဒီေလာက္ပါပဲ လူနာေတြကိုေဆး႐ုံပို႔ေပးထားပါတယ္”ဟု ကင္ပြန္းေခ်ာင္းေက်း႐ြာအေျခစိုက္နာေရးကူညီမႈအသင္းဝင္တစ္ဦးကေျပာသည္။
ေသဆုံးသူ ၃ ဦး၏႐ုပ္အေလာင္းမ်ားႏွင့္ထိခိုက္ဒဏ္ရာရသူမ်ားအား ကင္မြန္းေခ်ာင္းတိုက္နယ္ေဆး႐ုံႏွင့္က်ိဳက္ထိုၿမိဳ႕ျပည္သူ႔ေဆး႐ုံတို႔သို႔ လူမႈကူညီေရးအသင္းကားမ်ားျဖင့္ ပို႔ေဆာင္ခဲ့ၾကေၾကာင္း သိရသည္။
“ေဆး႐ုံမွာတစ္ခ်ိဳ႕က အေရးေပၚအေျခအေနနဲ႔ကုေနရတယ္လို႔ေတာ့ၾကားတယ္ ဘုရားဖူးတစ္ခ်ိဳ႕ထိခိုက္တယ္
ေသနတ္သံေတြ ေကာဗုံးေပါက္တဲ့အသံေတြလည္းၾကားတယ္ ေၾကာက္လို႔ႀကဳံတဲ့ေနရာဝင္ပုန္းေနရတယ္” ဟု ေဒသခံတစ္ဦးက ေျပာသည္။
လက္ရွိအခ်ိန္၌ အခင္းျဖစ္ပြားခဲ့သည့္ က်ိဳက္ထီး႐ိုးေတာက္တက္ဂိတ္သို႔ လုံၿခဳံေရးအဖြဲ႕ဝင္မ်ားေရာက္ရွိလာကာ
ပိတ္ဆို႔ရွာေဖြစစ္ေဆးမႈမ်ားႏွင့္အနီးပတ္ဝန္းက်င္တစ္ဝိုက္အား ရွာေဖြစစ္ေဆးမႈမ်ားျပဳလုပ္လ်က္ရွိေၾကာင္း သိရသည္။
Photo Credit – Kyaw Walar
unicode
ကျိုက်ထီးရိုးဘုရားတွင် ဘုရားဖူးပြည်သူ ၃ ဦးသေဆုံး၍ ၁၀ ဦးကျော်ဒဏ်ရာရခဲ့သည့် စိတ်မကောင်းစရာအြဖစ်
ကျိုက်ထီးရိုးဘုရား၏ တောင်တက်ဂိတ်တွင် ပစ်ခတ်မှုဖြစ်ပွား၊ဘုရားဖူးပြည်သူ ၃ ဦးသေဆုံး၍ ၁၀ ဦးကျော်ဒဏ်ရာရ
မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်၊ကင်ပွန်းချောင်းကျေးရွာရှိ ကျိုက်ထီးရိုးဘုရားတောင်တက်ဂိတ်တွင်
အောက်တိုဘာ ၁၂ ရက်(ယနေ့)နံနက်ပိုင်းက သေနတ်ပစ်ခတ်မှုများဖြစ်ပွားခဲ့သဖြင့် ဘုရားဖူးပြည်သူများ ၃ ဦးသေဆုံးကာ ၁၃ ဦးခန့် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“သေနတ်ပစ်ခတ်မှုဖြစ်ခဲ့တာမှန်ပါတယ် ထိခိုက်ဒဏ်ရာရတဲ့လူ ၁၃ ယောက်လောက်ရှိတယ် သေ ဆုံးတဲ့လူက ၃ ယောက်ရှိပါတယ်
ကျွန်တော်တို့သိရသလောက်ကတော့ ဒီလောက်ပါပဲ လူနာတွေကိုဆေးရုံပို့ပေးထားပါတယ်”ဟု ကင်ပွန်းချောင်းကျေးရွာအခြေစိုက်နာရေးကူညီမှုအသင်းဝင်တစ်ဦးကပြောသည်။
သေဆုံးသူ ၃ ဦး၏ရုပ်အလောင်းများနှင့်ထိခိုက်ဒဏ်ရာရသူများအား ကင်မွန်းချောင်းတိုက်နယ်ဆေးရုံနှင့်ကျိုက်ထိုမြို့ပြည်သူ့ဆေးရုံတို့သို့ လူမှုကူညီရေးအသင်းကားများဖြင့် ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။
“ဆေးရုံမှာတစ်ချို့က အရေးပေါ်အခြေအနေနဲ့ကုနေရတယ်လို့တော့ကြားတယ် ဘုရားဖူးတစ်ချို့ထိခိုက်တယ်
သေနတ်သံတွေ ကောဗုံးပေါက်တဲ့အသံတွေလည်းကြားတယ် ကြောက်လို့ကြုံတဲ့နေရာဝင်ပုန်းနေရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိအချိန်၌ အခင်းဖြစ်ပွားခဲ့သည့် ကျိုက်ထီးရိုးတောက်တက်ဂိတ်သို့ လုံခြုံရေးအဖွဲ့ဝင်များရောက်ရှိလာကာ
ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများနှင့်အနီးပတ်ဝန်းကျင်တစ်ဝိုက်အား ရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
Photo Credit – Kyaw Walar