အနုပညာ

” ဖြူဖြူထွေးကို အနုပညာရှင်တွေအားလုံးက ကြောက်နေကြသလိုပဲ…ကျွန်‌တော်ကတော့ မကြောက်လို့ဆဲတာ”ဆိုတဲ့ မင်းခန့်ကျော်(ရုပ်သံ)






 

Unicode

ဒုက္ခရောက်နေတဲ့လူတွေကို ကူညီတဲ့ဖြူဖြူထွေးကို ကူညီတာက ကူညီပါ ဘာလို့မီဒီယာတွေခေါ်ပြီး ဒီလူတွေကို ကျေးဇူးတင်စကားပြောခိုင်းရတာလဲ။ အဲဒီလူတွေကရော ဘာလို့ သူ့ကို ကျေးဇူးရှင်ကြီးတစ်ယောက်လို ကျေးဇူးတင်နေရတာလဲ

သူတို့သည် သူတို့ရဲ့ အနုပညာဆိုတဲ့စိတ်မရှိကြတော့ဘူးလား၊ အရင်က မာန်မာနတွေဘယ်နားသွားထားလဲ အဲတွက်စိတ်မကောင်းဘူးဟု မင်းခန့်ကျော်ကဆိုသည်။

အခုဖြစ်နေတာက ရှေ့မထွက်ရဲလို့သာမထွက်ကြတာ အနုပညာရှင်တွေအားလုံးက ဖြူဖြူထွေးကို ကြောက်နေတယ်ထင်တယ်။ ကျနော်မကြောက်လို့ ဆဲတာ ဟုတ်တယ်နော် ကျနော်မကြောက်ဘူး ကြောက်စရာလည်းမလိုဘူး ကျနော့်လောကကို ချစ်လို့ဆဲတာ

လှူတာချင်းအတူတူ ယုန်လေးတို့ ခိုင်နှင်းဝေတို့လှူတာကို ကြိုယ်တယ် ။ ကျနော် သတ္တိရှိရှိပြောတာပါ ဆဲရင်လည်းဆဲကြ ဂရုမစိုက်ဘူးဟု မင်းခန့်ကျော်က ဆိုသည်

သူပြောသွားတဲ့ဗီဒီယိုကိုကြည့်ပြီး သူ့စကားတွေကို ပရိတ်သတ်တွေအနေနဲ့ ဘယ်လိုမြင်ပါသလဲ အောက်ကကောမန့်မှာ ဝင်ရောက်ဆွေးနွေးသွားပါအုံး