အနုပညာ
Unicode
လူရွှင်တော် ဆင်မ အဖမ်းခံရတာနဲ့ပက်သက်ပြီး ပရိသတ်တွေကို ရင်ဖွင့်ပြောပြလာတဲ့ ဆင်မရဲ့ဇနီး
မြန်မာဗီဒီယိုဇာတ်ကားလောကမှာဆိုရင်တော့ မင်းသား မင်းသမီးတွေနဲ့တင် အလုပ်မဖြစ်ဘဲ ဇာတ်ပို့သရုပ်ဆောင်တွေလည်း အရေးပါတယ်ဆိုတာကတော့ လူတိုင်းသိကြမှာပါနော်.. မြန်မာဇာတ်လမ်းတွေမှာလည်း ကျရာနေရာကနေ ပါဝင်သရုပ်ဆောင်နိုင်တာကြောင့် အကယ်ဒမီမရသေးပေမဲ့လည်း ပရိသတ်တွေ
ရင်ထဲမှာတော့ အမြဲအားပေးနေကြတဲ့ ဇာတ်ပို့သရုပ်ဆောင်တွေလည်း အများကြီးပါပဲ.. သရုပ်ဆောင်ဆင်မက‌တော့ မဟုတ်မခံနဲ့ စကားပြောရာမှာလည်း ပွင့်လင်းစွာနဲ့ ပြောဆိုတတ်တာကြောင့် လုပ်ဖော်ကိုင်ဖက်များနဲ့လည်း အဆင်ပြေတာကြောင့် မိတ်ဆွေတွေကလည်း ချစ်ခင်ကြတယ်လို့ အင်တာဗျူးတွေမှာ ဖြေ
ထားကြပါသေးတယ်.. သရုပ်ဆောင် ဆင်မဟာ အာဏာရှင်တော်လှန်ရေးမှာ အားတက်သရောပါဝင်လှုပ်ရှားနေသူ တစ်ဦးလည်းဖြစ်ပါတယ်။ ဆင်မတော့ မတရားမှုနဲ့ပက်သက်ရင်တော့ ဘယ်သူ့မျက်နှာမှလဲ မကြည့်ဘဲ ရုပ်ရှင်အစည်းကိုလည်း တိုက်ရိုက်ပြောတာတွေများတာကြောင့် အမြင်မတူသူတစ်ချို့ရဲ့ ဝေဖန်
ခြင်းကိုလည်း ခံခဲ့ရသူဖြစ်ပါတယ်။သရုပ်ဆောင် ဆင်မကို မနေ့ည ဆယ်နာရီခွဲက သူ့ရဲ့နေအိမ်မှာပဲ အဖမ်းခံခဲ့ရပါတယ်နော်။ဒါရိုက်တာ သည်ခေတ်နေကလည်း ဆင်မရဲ့ လုံခြုံရေးအတွက် ပြောင်းရွှေ့ဖို့ လုပ်ပေးခဲ့ပေမယ်လည်း ဆင်မကိုယ်တိုင်က အိမ်ပြောင်းဖို့ ဆန္ဒမရှိခဲ့ပါဘူးနော်။ ဆင်မဟာ ၅၀၅(က) အထုတ်
မခံရပေမယ့် ဖမ်းဆီးခံခဲ့ရတာပါနော်။ သူဟာ စစ်အာဏာရှင်စနစ်ကို ပြင်းပြင်းထန်ထန်ကန့်ကွက်ပြောဆိုနေသူတစ်ဦး ဖြစ်ပါတယ်နော်။ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့ဦးဆင်မအတွက် ပရိသတ်တွေနဲ့ ပြည်သူတွေကလည်း ဘေးကင်းစေဖို့အတွက် ဝိုင်းဝန်းဆုတောင်းပေးနေကြတာဖြစ်ပါတယ် ။ စစ်ကောင်စီ
တပ်သားများမှ မေးစရာရှိတယ်ဟုဆိုကာ ဆင်မကို ဖမ်းသွားတာဖြစ်ပြီး ဘယ်နေရာရောက်နေမှန်း ဇနီးဖြစ်သူမှ စုံစမ်းလို့ မရသေးတာကြောင့် စိတ်ပူနေပါတယ်နော်။ ဘယ်လောက်ကြာအုံးမယ်ဆိုတာ မသေချာသေးတဲ့အတွက်နဲ့ ဘယ်လိုရပ်တည်ရမလဲဆိုတာလည်း သူမကိုယ်တိုင် မသိသေးဘူး… သေချင်စိတ်
တောင်ပေါက်တယ်လို့လည်း သူမရဲ့ ဖေ့ဘုတ်စာမျက်နှာထက်မှာ ရေးသားလာခဲ့တာ ဖြစ်ပါတယ်။ သူမရေးသားထားတဲ့ ပို့စ်အောက်မှာလည်း သူမကိုအားပေးထားကြတာ ဖြစ်ပါတယ်။ မြန်မာဆယ်လီရပ်ကွက်ပရိသတ်ကြီးလည်း ဦးဆင်မရဲ့ဇနီးကို အားပေးစကားလေး ပြောပေးခဲ့ကြပါအုံးနော်