ကိုဗစ္ေရာဂါကို ခံစားေနရတဲ့(၂)လအရြယ္ သမီးငယ္ေလး (ရုပ္သံ)
ရုပ္သံကို ေအာက္ဆံုးတြင္ ေဖာ္ျပထားပါသည္။
သမီးေလးရယ္ တစ္ျပည္လုံးက အရမ္းခ်စ္ပါတယ္ေနာ္ သမီး။၂ လသားအရြယ္သမီးငယ္ေလးကို သနားလို့မဆုံးေသာကၽြန္ေတာ္။
အျမန္ဆုံးက်န္းမာပါေစလို့ ဆုေတာင္းေမတၱာပို့ေနပါတယ္ေနာ္သမီး။မိခင္မွန္ရင္ ထိန္းမရတဲ့မ်က္ရည္ က်မိမွာပါ။😢💔အားလံုးလဲ ဂရုစိုက္ၾကပါေနာ္။
ကိုယ့္အိမ္မွာ ရွိတဲ့ ဘုရား ေက်ာင္းေဆာင္ကို ေသးေသးေလး ဆိုၿပီး မေပါ့ဆ ၾကပါနဲ႔။ဗုဒၶက သဒၶါတရား ကသာ အဓိက က်တာပါ လို႔ မိန႔္ထားပါတယ္။
ဘုရားေက်ာင္းေဆာင္ ႀကီးေပမဲ့ ျပဳလုပ္တဲ့ အခါ သဒၶါတရား မထက္သန္ဘူး ဆိုရင္ အက်ိဳးေပး မႀကီးက်ယ္ လွပါဘူး။ဘုရား ေက်ာင္းေတာ္ရာကို သက္ရွိ၊ ထင္ရွား ဘုရားရွင္ သီတင္းသုံးေတာ္ မူေန သကဲ့သို႔ မွတ္ယူ ႏွလုံးသြင္းၿပီး ရိုရိုေသေသ၊ ေလးေလးစားစားနဲ႔ သန္႔သန္႔ရွင္းရွင္း ျဖစ္ေအာင္ ေသာက္ေတာ္ေရ၊ ပန္း၊ ဆီမီး၊ အေမႊးနံ့သာနဲ႔ မ်က္ႏွာ သစ္ေတာ္ေရ၊ ေၿခ ေဆးေတာ္ေရ တို႔ကို ကပ္လႉ ပူေဇာ္ပါ။
ဆြမ္းကပ္တဲ့အခါမွာလည္း သက္ရွိထင္ရွား ဘုရားရွင္ကို ကပ္လႉ သကဲ့သို႔ ဖြယ္ဖြယ္ရာရာနဲ႔ စနစ္တက် ကပ္လႉပါ။အဲဒီလို အလႉေတြက နိဗၺာန္ အထိ အက်ိဳး ေပးပါတယ္။
နိဗၺာန္ကို တိုက္ရိုက္ မေရာက္နိုင္ေပမဲ့ နိဗၺာန္ ေရာက္ဖို႔အေၾကာင္း အေထာက္အပံ့ ေကာင္းေတာ့ ေသခ်ာေပါက္ ျဖစ္ေစပါတယ္။ပရိတ္၊ ပ႒ာန္း ပူေဇာ္တဲ့ အခါမွာလည္း ၾကည္ညိဳစြာနဲ႔ သဒၶါတရား ေကာင္းေကာင္းနဲ႔သာ ရိုရိုေသေသ ရြတ္ဖတ္ ပူေဇာ္ပါ။ အက်ိဳးေပးက မေသးလွပါဘူး။
ဂူထဲက မေထရ္ႀကီးတစ္ပါးရဲ့ ပ႒ာန္း တရားေတာ္ ရြတ္ဖတ္တာကို နာၾကားမိလို႔ ဂူထဲေန လင္းနို႔သား ငါးရာဟာ အက်ိဳးေပးခ်ိန္ တန္လာတဲ့ အခါမွာ အရွင္သာရိပုတၱရာရဲ့ ရဟန္းတပည့္ ငါးရာ ျဖစ္လာၿပီး အားလုံး ရဟႏၲာေတြ ျဖစ္ကုန္တာ သိၿပီး ျဖစ္မွာပါ။
လင္းနို႔ဆိုတာ တရားမွန္းလဲ မသိပါဘူး။သာယာနာေပ်ာ္ဖြယ္ အသံေလးကို နားေထာင္မိယုံနဲ႔ ခုလို အက်ိဳး ေက်းဇူးကို ရရွိ ခဲ့တာပါ။အဓိပၸါယ္လည္း သိတယ္၊ ကိုယ္တိုင္လည္း ယုံယုံၾကည္ၾကည္နဲ႔ ရြတ္၊ ဖတ္ ပူေဇာ္တယ္ ဆိုရင္ အက်ိဳးေပး ဘယ္ေလာက္ ႀကီးမလဲ စဥ္းစားၾကည့္ေပါ့။
ဧကဒီပိယေထရ္ ဆိုတာ ဘုရားရွင္ရဲ့ အေလာင္းေတာ္ကို တစ္ညလုံး ဆီမီး မျပတ္ရေအာင္ သဒၶါတရားနဲ႔ ဂ႐ုတစ္စိုက္ ပူေဇာ္ လို႔ အဲဒီ ကုသိုလ္ကံ အက်ိဳးေပး လာတဲ့ အခ်ိန္မွာ ေနာင္တြင္ ငါးႏွစ္သားနဲ႔ ရဟႏၲာ ျဖစ္ခဲ့ ရတာပါ။
သက္ေတာ္ ထင္ရွား ဘုရားရွင္ အေနနဲ႔ ႏွလုံးသြင္းၿပီး ေန႔စဥ္ ဆီ၊ မီး ပူေဇာ္တဲ့ ဗုဒၶ ဘာသာဝင္ ေတြရဲ့ အက်ိဳးေက်းဇူးကို စဥ္းစား ၾကည့္ေပါ့။ဗုဒၶက ငါဘုရား သက္ေတာ္ထင္ရွား ရွိစဥ္ ျဖစ္ေစ၊ မရွိတဲ့ အခါ ျဖစ္ေစ သဒၶါတရား တူမၽွမယ္ ဆိုရင္ အက်ိဳးေပးလည္း အတူတူပဲ လို႔ ေဟာၾကား ထားပါတယ္။
ဒါေၾကာင့္ ဗုဒၶ ဘာသာဝင္မ်ား အတြက္ မိမိအိမ္က ဘုရားေက်ာင္းေဆာင္ ေသးေသးေလးမွာပဲ ေန႔စဥ္ ျပဳလုပ္တဲ့ ေကာင္းမႈေတြနဲ႔ နိဗၺာန္ကို မ်က္ ေမွာက္ ျပဳသည္အထိ စြမ္းေဆာင္ နိုင္ပါေၾကာင္း ေစတနာေကာင္းျဖင့္ လမ္းညႊန္ ေပး ပါရေစ။
ေကာင္းမႈ လုပ္တိုင္း၊ လုပ္တိုင္း သဒၶါတရား အစစ္နဲ႔သာ လုပ္ပါ။ အဲဒီ သဒၶါတရားက နိဗၺာန္ ေရာက္သည္ အထိ ပို႔ေပးပါလိမ့္မယ္။
ဦးျမင့္ခိုင္
Credit
Unicode
ကိုဗစ်ရောဂါကို ခံစားနေရတဲ့(၂)လအရွယ် သမီးငယ်လေး (ရုပ်သံ)
ရုပ်သံကို အောက်ဆုံးတွင် ဖော်ပြထားပါသည်။
သမီးလေးရယ် တစ်ပြည်လုံးက အရမ်းချစ်ပါတယ်နော် သမီး။၂ လသားအရွယ်သမီးငယ်လေးကို သနားလို့မဆုံးသောကျွန်တော်။
အမြန်ဆုံးကျန်းမာပါစေလို့ ဆုတောင်းမေတ္တာပို့နေပါတယ်နော်သမီး။မိခင်မှန်ရင် ထိန်းမရတဲ့မျက်ရည် ကျမိမှာပါ။😢💔အားလုံးလဲ ဂရုစိုက်ကြပါနော်။
ကိုယ့်အိမ်မှာ ရှိတဲ့ ဘုရား ကျောင်းဆောင်ကို သေးသေးလေး ဆိုပြီး မပေါ့ဆ ကြပါနဲ့။ဗုဒ္ဓက သဒ္ဓါတရား ကသာ အဓိက ကျတာပါ လို့ မိန့်ထားပါတယ်။
ဘုရားကျောင်းဆောင် ကြီးပေမဲ့ ပြုလုပ်တဲ့ အခါ သဒ္ဓါတရား မထက်သန်ဘူး ဆိုရင် အကျိုးပေး မကြီးကျယ် လှပါဘူး။ဘုရား ကျောင်းတော်ရာကို သက်ရှိ၊ ထင်ရှား ဘုရားရှင် သီတင်းသုံးတော် မူနေ သကဲ့သို့ မှတ်ယူ နှလုံးသွင်းပြီး ရိုရိုသေသေ၊ လေးလေးစားစားနဲ့ သန့်သန့်ရှင်းရှင်း ဖြစ်အောင် သောက်တော်ရေ၊ ပန်း၊ ဆီမီး၊ အမွှေးနံ့သာနဲ့ မျက်နှာ သစ်တော်ရေ၊ ခြေ ဆေးတော်ရေ တို့ကို ကပ်လှူ ပူဇော်ပါ။
ဆွမ်းကပ်တဲ့အခါမှာလည်း သက်ရှိထင်ရှား ဘုရားရှင်ကို ကပ်လှူ သကဲ့သို့ ဖွယ်ဖွယ်ရာရာနဲ့ စနစ်တကျ ကပ်လှူပါ။အဲဒီလို အလှူတွေက နိဗ္ဗာန် အထိ အကျိုး ပေးပါတယ်။
နိဗ္ဗာန်ကို တိုက်ရိုက် မရောက်နိုင်ပေမဲ့ နိဗ္ဗာန် ရောက်ဖို့အကြောင်း အထောက်အပံ့ ကောင်းတော့ သေချာပေါက် ဖြစ်စေပါတယ်။ပရိတ်၊ ပဋ္ဌာန်း ပူဇော်တဲ့ အခါမှာလည်း ကြည်ညိုစွာနဲ့ သဒ္ဓါတရား ကောင်းကောင်းနဲ့သာ ရိုရိုသေသေ ရွတ်ဖတ် ပူဇော်ပါ။ အကျိုးပေးက မသေးလှပါဘူး။
ဂူထဲက မထေရ်ကြီးတစ်ပါးရဲ့ ပဋ္ဌာန်း တရားတော် ရွတ်ဖတ်တာကို နာကြားမိလို့ ဂူထဲနေ လင်းနို့သား ငါးရာဟာ အကျိုးပေးချိန် တန်လာတဲ့ အခါမှာ အရှင်သာရိပုတ္တရာရဲ့ ရဟန်းတပည့် ငါးရာ ဖြစ်လာပြီး အားလုံး ရဟန္တာတွေ ဖြစ်ကုန်တာ သိပြီး ဖြစ်မှာပါ။
လင်းနို့ဆိုတာ တရားမှန်းလဲ မသိပါဘူး။သာယာနာပျော်ဖွယ် အသံလေးကို နားထောင်မိယုံနဲ့ ခုလို အကျိုး ကျေးဇူးကို ရရှိ ခဲ့တာပါ။အဓိပ္ပါယ်လည်း သိတယ်၊ ကိုယ်တိုင်လည်း ယုံယုံကြည်ကြည်နဲ့ ရွတ်၊ ဖတ် ပူဇော်တယ် ဆိုရင် အကျိုးပေး ဘယ်လောက် ကြီးမလဲ စဉ်းစားကြည့်ပေါ့။
ဧကဒီပိယထေရ် ဆိုတာ ဘုရားရှင်ရဲ့ အလောင်းတော်ကို တစ်ညလုံး ဆီမီး မပြတ်ရအောင် သဒ္ဓါတရားနဲ့ ဂရုတစ်စိုက် ပူဇော် လို့ အဲဒီ ကုသိုလ်ကံ အကျိုးပေး လာတဲ့ အချိန်မှာ နောင်တွင် ငါးနှစ်သားနဲ့ ရဟန္တာ ဖြစ်ခဲ့ ရတာပါ။
သက်တော် ထင်ရှား ဘုရားရှင် အနေနဲ့ နှလုံးသွင်းပြီး နေ့စဉ် ဆီ၊ မီး ပူဇော်တဲ့ ဗုဒ္ဓ ဘာသာဝင် တွေရဲ့ အကျိုးကျေးဇူးကို စဉ်းစား ကြည့်ပေါ့။ဗုဒ္ဓက ငါဘုရား သက်တော်ထင်ရှား ရှိစဉ် ဖြစ်စေ၊ မရှိတဲ့ အခါ ဖြစ်စေ သဒ္ဓါတရား တူမျှမယ် ဆိုရင် အကျိုးပေးလည်း အတူတူပဲ လို့ ဟောကြား ထားပါတယ်။
ဒါကြောင့် ဗုဒ္ဓ ဘာသာဝင်များ အတွက် မိမိအိမ်က ဘုရားကျောင်းဆောင် သေးသေးလေးမှာပဲ နေ့စဉ် ပြုလုပ်တဲ့ ကောင်းမှုတွေနဲ့ နိဗ္ဗာန်ကို မျက် မှောက် ပြုသည်အထိ စွမ်းဆောင် နိုင်ပါကြောင်း စေတနာကောင်းဖြင့် လမ်းညွှန် ပေး ပါရစေ။
ကောင်းမှု လုပ်တိုင်း၊ လုပ်တိုင်း သဒ္ဓါတရား အစစ်နဲ့သာ လုပ်ပါ။ အဲဒီ သဒ္ဓါတရားက နိဗ္ဗာန် ရောက်သည် အထိ ပို့ပေးပါလိမ့်မယ်။
ဦးမြင့်ခိုင်
Credit