အချစ်နှင့်ဘဝ

ချစ်သူရည်းစားမရှိတာက ပိုပြီး ပျော်စရာကောင်းတာကို သက်သေပြနေတဲ့ အချက်မျာ

အရွယ်ရောက်သူတိုင်း ရည်းစားတွေ ထားပြီး ပျော်ရွှင်နေကြတာ မြင်လို့ ရည်းစားမရှိတဲ့ ကိုယ့်ဘဝကြီးက ပျော်စရာ မကောင်းဘူးလို့ မထင်လိုက်စေချင်ပါဘူး။ တကယ်တမ်းက ရည်းစား မရှိတဲ့သူတွေကတောင်မှ သူတို့ထက် ပိုပြီး ပျော်စရာကောင်းနေတာကို အခုလို အချက်တွေအရ သိနိုင်ပါတယ်နော်။

(၁) တွေးပူစရာ မလိုဘူး

အချစ်ဆိုတာ ပူလောင်တတ်ပါတယ်။ ချစ်သူထားတဲ့သူတွေက သူတို့ကိစ္စတွေမှာ ပူလောင်နေတာ၊ သဝန်တိုနေတာ၊ ထားသွားခံရမှာ စိုးထိတ်တာ၊ အချိန်မပေးမှာကို စိတ်ပူတာ စသဖြင့် ပူပင်သောက ရောက်နေတတ်ပါတယ်။ ရည်းစား မရှိသူကတော့ ဒီအပူအပင် မရှိလို့ ပို စိတ်ချမ်းသာရပါတယ်။

Photo by Maksim Goncharenok from Pexels(၂) ရန်ဖြစ်ရတာ မရှိဘူး

ချစ်သူတွေက အခန့်မသင့်တာ၊ ရန်ဖြစ်တာ၊ စိတ်ကောက်တာတွေနဲ့ စုံနေတဲ့ အကြောင်းပြချက်နဲ့ ရန်ဖြစ်တတ်ကြပါတယ်။ ဒါကြောင့် ဒေါသစိတ်ကြောင့် ရုပ်တောင် ရင့်သွားစေနိုင်ပါသေးတယ်။ ရည်စားမရှိတဲ့သူတွေကတော့ ဒီအတွက် စိတ်ပူစရာ လုံးဝ မလိုလို့ ကောင်းတယ်လို့ ဆိုရမှာပါ။

Photo by Te lensFix from Pexels(၃) ငွေကြေးမလုံလောက်လည်း အဆင်ပြေတယ်

တစ်ယောက်တည်းကတော့ ငွေရှိရင် သုံးလို့ အဆင်ပြေပြီး ငွေမရှိရင် မသုံးပဲ နေရုံလောက်ပါပဲ။ ရည်းစားရှိသူတွေကတော့ ရည်းစားနဲ့ချိန်းတဲ့အခါ ငွေကုန်ကြေးကျ ရှိလို့ ပူပင်ရတတ်သလို သိမ်ငယ်ရတာတွေတောင် ဖြစ်တတ်ပါတယ်။

Photo by Andrea Piacquadio from Pexels(၄) တစ်ယောက်တည်း ပျော်လို့ ရတယ်

ရည်းစားရှိတဲ့သူတွေက ပျော်ရင်တောင်မှ တယောက်တည်း ပျော်နေရင် မတရားသလို ဖြစ်နေတတ်ပါတယ်။ ဒါမှမဟုတ်လည်း ရည်းစားက သူ့ကိုထားပြီး သွားရသလားဆိုပြီး စိတ်ဆိုးတာကို ခံရပါသေးတယ်။ ရည်းစားမရှိတဲ့သူတွေကတော့ ပျော်စရာ ရှိသမျှ စိတ်တိုင်းကျ ပျော်ခွင့် ရှိတာပါပဲ။

Photo by Andrea Piacquadio from Pexels(၅) သူငယ်ချင်းတွေလည်း အချိန်ပေးနိုင်တယ်

ရည်းစားနဲ့ပဲ အချိန်ပေးနေကြရတဲ့သူတွေ ရှိပါတယ်။ သူတို့တွေကတော့ သူငယ်ချင်းတွေနဲ့ ဆုံဖို့ကိုတောင် အချိန် လုကြရတာမျိုး ရှိတတ်ပါသေးတယ်။ ရည်းစားမရှိတဲ့အခါမှာတော့ ကိုယ့်အချိန်နဲ့ ညှိတာကလွဲရင် တခြား ငဲ့ကြည့်စရာမလိုလို့ သူငယ်ချင်းတွေနဲ့ အေးဆေးဆုံလို့ ရပါတယ်။

Kham