ခ်စ္သူကအဆက္အသြယ္မလုပ္ေတာ့လို႔စိတ္မေကာင္းျဖစ္ေနလား? ညီမေလးေရ ကိုယ့္ကိုသတိမရတဲ့သူကိုမလြမ္းဘဲေနနိုင္အာင္ေနၾကည့္ပါ။ သူ ေတာင္ေနစိမ့္ေသးရင္ ကိုယ္လည္းမာနေလးနဲ႔ေနတတ္ရမွာေပါ့။ ခ်စ္သူကဂ႐ုမစိုက္ေတာ့လို႔ခံစားေနရလား?
ညီမေလးေရ…လူ႔စိတ္ဆိုတာအေျပာင္းအလဲျမန္တတ္တယ္။ကိုယ့္ကိုယ္ကိုယ္သာ ဂ႐ုစိုက္ပါ။ခဏတာရခဲ့တဲ့ၾကင္နာမႈဆိုတာပီေကဝါးရသလို၊ခဏေလးပဲခ်ိဳၿမိန္ၿပီးအရသာကင္းမဲ့လာလိမ့္မယ္ ပါးစပ္အေညာင္းခံၿပီးဆက္မဝါးနဲ႔၊ေထြးထုတ္ပစ္လိုက္ပါ။သူ႔အတြက္ေနရာကအမွိုက္ပုံးထဲပဲေလ။ေပးဆပ္သလိုျပန္မရလို႔နာက်င္ေနရလား?
ညီမေလးေရ…သက္ေရာက္မႈတိုင္းမွာတန္ျပန္သက္ေရာက္မႈရွိတယ္ဆိုေပမယ့္ ထပ္တူက်တဲ့တန္ျပန္သက္ေရာက္မႈရမယ္လို႔မဆိုလိုထားတာ သိထားရင္ ေျဖသာမွာပါ။ ခ်စ္သူကတကယ္မခ်စ္လို႔ဝမ္းနည္းေနတာလား?
ညီမေလးေရ…ဟန္ေဆာင္မႈဆိုတာေရရွည္မခံဘဲကြာက်လာစျမဲပဲ။ quality မ ေကာင္းမွန္းသိရင္အရႈံးခံၿပီးမဝယ္ခ်င္နဲ႔ေလ၊လွည့္ထြက္ခဲ့လိုက္ပါ။ခ်စ္သူကစြန႔္ခြာသြားလို႔မ်က္ရည္က်ေနလား?
ညီမေလးေရ…ကိုယ္နဲ႔မထိုက္တန္သူအတြက္ သူနဲ႔တန္သေလာက္ပဲရဖို႔လမ္းဖယ္ေပးလိုက္ပါ။ရင္ခုန္သံေတြမရပ္ေသးသေရြ႕အခ်စ္ကမေသဘူးေလ။အခ်စ္ဦးနဲလြဲၿပီးရင္အခ်စ္ဆုံးနဲ႔ဖူးစာဖက္ဖို႔ၾကဳံရလိမ့္မယ္။ ညီမေလးမငိုနဲ႔ေတာ့ေနာ္။
unicode,
ချစ်သူကအဆက်အသွယ်မလုပ်တော့လို့စိတ်မကောင်းဖြစ်နေလား? ညီမလေးရေ ကိုယ့်ကိုသတိမရတဲ့သူကိုမလွမ်းဘဲနေနိုင်အာင်နေကြည့်ပါ။ သူ တောင်နေစိမ့်သေးရင် ကိုယ်လည်းမာနလေးနဲ့နေတတ်ရမှာပေါ့။ ချစ်သူကဂရုမစိုက်တော့လို့ခံစားနေရလား?
ညီမလေးရေ…လူ့စိတ်ဆိုတာအပြောင်းအလဲမြန်တတ်တယ်။ကိုယ့်ကိုယ်ကိုယ်သာ ဂရုစိုက်ပါ။ခဏတာရခဲ့တဲ့ကြင်နာမှုဆိုတာပီကေဝါးရသလို၊ခဏလေးပဲချိုမြိန်ပြီးအရသာကင်းမဲ့လာလိမ့်မယ် ပါးစပ်အညောင်းခံပြီးဆက်မဝါးနဲ့၊ထွေးထုတ်ပစ်လိုက်ပါ။သူ့အတွက်နေရာကအမှိုက်ပုံးထဲပဲလေ။ပေးဆပ်သလိုပြန်မရလို့နာကျင်နေရလား?
ညီမလေးရေ…သက်ရောက်မှုတိုင်းမှာတန်ပြန်သက်ရောက်မှုရှိတယ်ဆိုပေမယ့် ထပ်တူကျတဲ့တန်ပြန်သက်ရောက်မှုရမယ်လို့မဆိုလိုထားတာ သိထားရင် ဖြေသာမှာပါ။ ချစ်သူကတကယ်မချစ်လို့ဝမ်းနည်းနေတာလား?
ညီမလေးရေ…ဟန်ဆောင်မှုဆိုတာရေရှည်မခံဘဲကွာကျလာစမြဲပဲ။ quality မ ကောင်းမှန်းသိရင်အရှုံးခံပြီးမဝယ်ချင်နဲ့လေ၊လှည့်ထွက်ခဲ့လိုက်ပါ။ချစ်သူကစွန့်ခွာသွားလို့မျက်ရည်ကျနေလား?
ညီမလေးရေ…ကိုယ်နဲ့မထိုက်တန်သူအတွက် သူနဲ့တန်သလောက်ပဲရဖို့လမ်းဖယ်ပေးလိုက်ပါ။ရင်ခုန်သံတွေမရပ်သေးသရွေ့အချစ်ကမသေဘူးလေ။အချစ်ဦးနဲလွဲပြီးရင်အချစ်ဆုံးနဲ့ဖူးစာဖက်ဖို့ကြုံရလိမ့်မယ်။ ညီမလေးမငိုနဲ့တော့နော်။