ေငြလိမ္ မႈ နဲ႕ ေထာင္က်ေန တဲ့ မင္းသမီး ေမ သန္းႏု လြတ္ေျမာက္လာပါၿပီ
မင္းသမီး ေမသန္းႏု ယေန႕ ေထာင္မွ လြတ္ေျမာက္လာ ပါၿပီ….ဝမ္းသာစရာပါဗ်ာ…..
ျဖစ္စဥ္က ……………..
တရားလို ေဒၚစန္းစန္းျမင့္က ေျပာျပခဲ့ပါတယ္။ ေမသန္းႏုကို ပုဒ္မ၂၇၅/၁၇ ၊ ပုဒ္မ ၄၂၀ တို႔နဲ႕ ထပ္မံတရားစြဲဆိုလိုက္တယ္လို႔ တရားလိုျဖစ္သူ ေဒၚစန္းစန္းျမင့္က ေျပာပါတယ္။
သ႐ုပ္ေဆာင္ အကယ္ဒမီမ်ားရွင္ ေမသန္းႏုကိုေတာ့ ေဒၚစန္းစန္းျမင့္က ရာဇသတ္ႀကီးမႈအမွတ္ ၂၇၅/၁၇၊ပုဒ္မ ၄၂၀ ထပ္မံ တရားစြဲဆိုထားတယ္လို႔ သိရပါတယ္။ အဆိုပါအမႈနဲ႕ပတ္သက္ၿပီး ဒုတိယအႀကိမ္ေျမာက္ ႐ုံးခ်ိန္းကို ေဖေဖာ္ဝါရီလ ၁၈ ရက္ေန႕ ေန႕လယ္ပိုင္းက သဃၤန္းကြၽန္းတရား႐ုံးမွာ ျပဳလုပ္ခဲ့ပါတယ္။
အကယ္ဒမီ ေမသန္းႏုကို ေနာက္တိုးတရားခံအျဖစ္ ထပ္မံတရားစြဲဆိုခဲ့တဲ့အေၾကာင္းကို တရားလိုျဖစ္သူ ေဒၚစန္းစန္းျမင့္က မီဒီယာ အင္တာဗ်ဴးေတြမွာ ေျဖဆိုခဲ့ပါတယ္။
“လွည္းတန္းက အိမ္ကို သိန္း၂၅၀၀ နဲ႕ ေပါင္ေပးလိုက္ရတာပါ။ ကိုသူခက္နဲ႕ ေမသန္းႏုနဲ႕ ကြၽန္မဆီလာတယ္။ ၿပီးေတာ့ မဆင့္က အကူအညီေတာင္းလို႔ ကြၽန္မက လုပ္ေပးလိုက္တာ။ တရားခံက ေျပးသြားတာ မဟုတ္ဘူး ပထမက တရားစြဲေတာ့ သူမပါဘူး။ မပါေတာ့ မေပးတဲ့အတြက္ ကြၽန္မက ေနာက္တိုး စြဲလိုက္တာပါ။ ေနာက္တိုးတရားစြဲဆိုမႈကို တိုင္းကေနၿပီးေတာ့ ျပန္က်တာပါ” လို႔ သူက ဆိုပါတယ္။
တရားခံဘက္ေက ဒၚစန္းစန္းျမင့္ကို ပိုက္ဆံေတြလာေပးမယ္လို႔ ေျပာဆိုတာေတြရွိေပမယ့္ အခုခ်ိန္ထိ မေပးေသးဘူးလို႔ ဆိုပါတယ္။ ဆုံးရႈံးခဲ့ရတဲ့ ေငြေၾကးေတြ ျပန္ရမယ္ ဆိုရင္ေတာ့ ေမသန္းႏုကို တရားစြဲဆိုထားတဲ့ အမႈကိစၥကို ေက်ေအးေပးမယ့္အေၾကာင္း သူက ေျပာပါတယ္။
“ ဆုံးရႈံးသြားတဲ့၊ နစ္နာသြားတဲ့အရာေတြ ျပန္ရရင္ ကြၽန္မ ေက်ေအးေပးမွာေပါ့။ ကြၽန္မကို အျပင္မွာ ပိုက္ဆံရၿပီလို႔ ထင္ေနၾကတာ။ ေပးမယ္ ေျပာၿပီးေတာ့ မေပးပါဘူး။ ဆုံးရႈံးတဲ့အရာေတြ ဘာမွ မရေတာ့ တရား႐ုံးကို ဦးတိုက္ခဲ့တယ္။ ကြၽန္မကို သနားၿပီးေတာ့ အမွန္အတိုင္း ေဆာင္႐ြက္ေပးမယ့္ တရားသူႀကီးေတြ၊ ေရွ႕ေနေတြကိုလည္း ေမွ်ာ္လင့္တယ္။ အားလည္း အားကိုးပါတယ္” ဆိုၿပီးေတာ့ ေဖေဖာ္ဝါရီလ ၁၈ ရက္ေန႕က ႐ုံးခ်ိန္းမွာ ေျဖဆိုခဲ့တာပါ။
အကယ္ဒမီမ်ားရွင္ သ႐ုပ္ေဆာင္ ေမသန္းႏုဟာ ေငြက်ပ္ သိန္း ၁၂၀၀ လိမ္လည္မႈ ပုဒ္မ ၄၂၀ နဲ႕ ရန္ကင္းတရား႐ုံးက ၂၀၂၀ ခုႏွစ္ ဇန္နဝါရီလ ၂ရက္ေန႕ကအလုပ္ႏွင့္ ေထာင္ဒဏ္ တစ္ႏွစ္က်ခံေစရန္ အမိန႔္ခ်မွတ္ခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ ရာဇသတ္ႀကီးမႈအမွတ္ ၂၇၅/၁၇၊ပုဒ္မ ၄၂၀ နဲ႕ ေနာက္တိုး အမႈအျဖစ္ သဃၤန္းကြၽန္းတရား႐ုံးမွာ ထပ္မံ တရားရင္ဆိုင္ေနရတာျဖစ္ပါတယ္။ ေမသန္းႏုဟာ
၂၀၁၆ ခုႏွစ္ကတည္းက အဆိုပါအမႈကိစၥနဲ႕ ပတ္သက္ၿပီး တရားရင္ဆိုင္ခဲ့ရတယ္လို႔ သိရပါတယ္။ ေဒၚစန္းစန္းျမင့္ကို တစ္လ ၅ သိန္း ျပန္ဆပ္ဖို႔ တရား႐ုံးက အမိန႔္ခ်ခဲ့ေပမယ့္ ၂ လ ေပးခဲ့တယ္လို႔ ေဒၚစန္းစန္းျမင့္က အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ဖူးပါတယ္။
ေမသန္းႏုရဲ႕ အမႈကိစၥနဲ႕ပတ္သက္ၿပီး ခင္ပြန္းေဟာင္းျဖစ္သူ ဒါရိုက္တာ စင္ေရာ္ေမာင္ေမာင္ နဲ႕ သားျဖစ္သူ မင္းသန႔္ေမာင္ေမာင္တို႔က ေျဖရွင္းေပးသြားမယ္လို႔လည္း စင္ေရာ္ေမာင္ေမာင္ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာေပၚမွာ ေရးသားခဲ့ဖူးပါတယ္။ ေမသန္းႏုဟာ နိုင္ငံေက်ာ္ဝါရင့္သ႐ုပ္ေဆာင္ တစ္ဦးပါ။ ႐ုပ္ရွင္ဇာတ္ကား၊ ဗီဒီယိုဇာတ္ကားနဲ႕ TV ေၾကာ္ျငာေတြလည္း အမ်ားႀကီးရိုက္ကူးထားသူတစ္ေယာက္ျဖစ္ပါတယ္။ အႏုပညာသက္တမ္းကလည္း ႏွစ္ေပါင္း ၃၀ ေက်ာ္လာခဲ့ပါၿပီ။ လက္ရွိ အမႈရင္ဆိုင္ေနရတဲ့အတြက္ အႏုပညာေလာကသားေတြနဲ႕ အတူ ပရိသတ္ေတြကလည္း စိတ္မေကာင္းျဖစ္လို႔ေနၾကပါတယ္။
Unicode
ငွေလိမ် မှု နဲ့ ထောင်ကျနေ တဲ့ မင်းသမီး မေ သန်းနု လွတ်မြောက်လာပါပြီ
မင်းသမီး မေသန်းနု ယနေ့ ထောင်မှ လွတ်မြောက်လာ ပါပြီ….ဝမ်းသာစရာပါဗျာ…..
ဖြစ်စဉ်က ……………..
တရားလို ဒေါ်စန်းစန်းမြင့်က ပြောပြခဲ့ပါတယ်။ မေသန်းနုကို ပုဒ်မ၂၇၅/၁၇ ၊ ပုဒ်မ ၄၂၀ တို့နဲ့ ထပ်မံတရားစွဲဆိုလိုက်တယ်လို့ တရားလိုဖြစ်သူ ဒေါ်စန်းစန်းမြင့်က ပြောပါတယ်။
သရုပ်ဆောင် အကယ်ဒမီများရှင် မေသန်းနုကိုတော့ ဒေါ်စန်းစန်းမြင့်က ရာဇသတ်ကြီးမှုအမှတ် ၂၇၅/၁၇၊ပုဒ်မ ၄၂၀ ထပ်မံ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။ အဆိုပါအမှုနဲ့ပတ်သက်ပြီး ဒုတိယအကြိမ်မြောက် ရုံးချိန်းကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နေ့လယ်ပိုင်းက သင်္ဃန်းကျွန်းတရားရုံးမှာ ပြုလုပ်ခဲ့ပါတယ်။
အကယ်ဒမီ မေသန်းနုကို နောက်တိုးတရားခံအဖြစ် ထပ်မံတရားစွဲဆိုခဲ့တဲ့အကြောင်းကို တရားလိုဖြစ်သူ ဒေါ်စန်းစန်းမြင့်က မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။
“လှည်းတန်းက အိမ်ကို သိန်း၂၅၀၀ နဲ့ ပေါင်ပေးလိုက်ရတာပါ။ ကိုသူခက်နဲ့ မေသန်းနုနဲ့ ကျွန်မဆီလာတယ်။ ပြီးတော့ မဆင့်က အကူအညီတောင်းလို့ ကျွန်မက လုပ်ပေးလိုက်တာ။ တရားခံက ပြေးသွားတာ မဟုတ်ဘူး ပထမက တရားစွဲတော့ သူမပါဘူး။ မပါတော့ မပေးတဲ့အတွက် ကျွန်မက နောက်တိုး စွဲလိုက်တာပါ။ နောက်တိုးတရားစွဲဆိုမှုကို တိုင်းကနေပြီးတော့ ပြန်ကျတာပါ” လို့ သူက ဆိုပါတယ်။
တရားခံဘက်ကေ ဒါ်စန်းစန်းမြင့်ကို ပိုက်ဆံတွေလာပေးမယ်လို့ ပြောဆိုတာတွေရှိပေမယ့် အခုချိန်ထိ မပေးသေးဘူးလို့ ဆိုပါတယ်။ ဆုံးရှုံးခဲ့ရတဲ့ ငွေကြေးတွေ ပြန်ရမယ် ဆိုရင်တော့ မေသန်းနုကို တရားစွဲဆိုထားတဲ့ အမှုကိစ္စကို ကျေအေးပေးမယ့်အကြောင်း သူက ပြောပါတယ်။
“ ဆုံးရှုံးသွားတဲ့၊ နစ်နာသွားတဲ့အရာတွေ ပြန်ရရင် ကျွန်မ ကျေအေးပေးမှာပေါ့။ ကျွန်မကို အပြင်မှာ ပိုက်ဆံရပြီလို့ ထင်နေကြတာ။ ပေးမယ် ပြောပြီးတော့ မပေးပါဘူး။ ဆုံးရှုံးတဲ့အရာတွေ ဘာမှ မရတော့ တရားရုံးကို ဦးတိုက်ခဲ့တယ်။ ကျွန်မကို သနားပြီးတော့ အမှန်အတိုင်း ဆောင်ရွက်ပေးမယ့် တရားသူကြီးတွေ၊ ရှေ့နေတွေကိုလည်း မျှော်လင့်တယ်။ အားလည်း အားကိုးပါတယ်” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ရုံးချိန်းမှာ ဖြေဆိုခဲ့တာပါ။
အကယ်ဒမီများရှင် သရုပ်ဆောင် မေသန်းနုဟာ ငွေကျပ် သိန်း ၁၂၀၀ လိမ်လည်မှု ပုဒ်မ ၄၂၀ နဲ့ ရန်ကင်းတရားရုံးက ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂ရက်နေ့ကအလုပ်နှင့် ထောင်ဒဏ် တစ်နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ရာဇသတ်ကြီးမှုအမှတ် ၂၇၅/၁၇၊ပုဒ်မ ၄၂၀ နဲ့ နောက်တိုး အမှုအဖြစ် သင်္ဃန်းကျွန်းတရားရုံးမှာ ထပ်မံ တရားရင်ဆိုင်နေရတာဖြစ်ပါတယ်။ မေသန်းနုဟာ
၂၀၁၆ ခုနှစ်ကတည်းက အဆိုပါအမှုကိစ္စနဲ့ ပတ်သက်ပြီး တရားရင်ဆိုင်ခဲ့ရတယ်လို့ သိရပါတယ်။ ဒေါ်စန်းစန်းမြင့်ကို တစ်လ ၅ သိန်း ပြန်ဆပ်ဖို့ တရားရုံးက အမိန့်ချခဲ့ပေမယ့် ၂ လ ပေးခဲ့တယ်လို့ ဒေါ်စန်းစန်းမြင့်က အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။
မေသန်းနုရဲ့ အမှုကိစ္စနဲ့ပတ်သက်ပြီး ခင်ပွန်းဟောင်းဖြစ်သူ ဒါရိုက်တာ စင်ရော်မောင်မောင် နဲ့ သားဖြစ်သူ မင်းသန့်မောင်မောင်တို့က ဖြေရှင်းပေးသွားမယ်လို့လည်း စင်ရော်မောင်မောင်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ဖူးပါတယ်။ မေသန်းနုဟာ နိုင်ငံကျော်ဝါရင့်သရုပ်ဆောင် တစ်ဦးပါ။ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားနဲ့ TV ကြော်ငြာတွေလည်း အများကြီးရိုက်ကူးထားသူတစ်ယောက်ဖြစ်ပါတယ်။ အနုပညာသက်တမ်းကလည်း နှစ်ပေါင်း ၃၀ ကျော်လာခဲ့ပါပြီ။ လက်ရှိ အမှုရင်ဆိုင်နေရတဲ့အတွက် အနုပညာလောကသားတွေနဲ့ အတူ ပရိသတ်တွေကလည်း စိတ်မကောင်းဖြစ်လို့နေကြပါတယ်။