ေမာင္အာကာေက်ာ္ စစ္ကားနဲ႔ အတိုက္ခံရခ်ိန္ မေျပးေတာ့ဘဲ ျပဳစုကုသေပးရင္း အဖမ္းခံခဲ့ၾကတဲ့ မျမၾကဴၾကဴသင္းႏွင့္ မယဥ္ေမေအာင္
By ရန္ကုန္ေခတ္သစ္
ရန္ကုန္တိုင္း၊ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္၊ ပန္းပင္ႀကီးလမ္းမွာ ဒီေန႔ နံနက္ ၈ နာရီေက်ာ္အခ်ိန္ စစ္ကားနဲ႔ ဆႏၵျပ သူေတြကို ဝင္တိုက္ သတ္ျဖတ္ခ်ိန္မွာ မေျပးေတာ့ဘဲ ကားတိုက္သူ တစ္ဦးကို ေဘးနားဝန္းရံအားေပးရင္း အဖမ္းခံသြားတဲ့ လူငယ္တစ္စု ရွိေနပါတယ္။
သူတို႔ကေတာ့ ေမာင္အာကာေက်ာ္၊ မျမၾကဴၾကဴသင္းႏွင့္ မယဥ္ေမေအာင္တို႔ပဲျဖစ္ပါတယ္။ “က်ေနာ္သိတာက က်ေနာ့္သူငယ္ခ်င္းေတြက ဖုန္းသြားဝယ္မယ္ဆိုၿပီး ခ်ိန္းထားၾကတာ။ ဆႏၵျပပြဲကိုသြားၿပီးမွ သြားဝယ္မွာလားေတာ့ က်ေနာ္မေျပာတတ္ဘူး။
အာကာေက်ာ္က အျပာေရာင္ မိုးကာေလးနဲ႔ စစ္ကားနဲ႔တိုက္ခံရၿပီး လြင့္ထြက္သြားတယ္။ အာကာေက်ာ္ကို ျပဳစုေပးေနတာ ျမၾကဴၾကဴသင္းနဲ႔ ယဥ္ေမေအာင္ ၃ ဦးစလုံးက သူငယ္ခ်င္းအရင္းႀကီးေတြပါ။
အခုလည္း အာကာေက်ာ္ ေသသလို သတင္းေတြလည္း ၾကားေနရတယ္။ အဲဒီ ဓာတ္ပုံနဲ႔ ဗီဒီယိုမွာပါတာ က်ေနာ့္ သူငယ္ခ်င္းအရင္းေတြပါ။
ေလာေလာဆယ္ သူတို႔ဘယ္မွာလဲ မသိဘူး” လို႔ မိတ္ေဆြျဖစ္သူ တစ္ဦးက ရန္ကုန္ေခတ္သစ္ကို ေျပာဆိုလာပါတယ္။
ေမာင္အာကာေက်ာ္နဲ႔ မယဥ္ေမေအာင္တို႔က ေမာင္ႏွမေတာ္စပ္တယ္လို႔ ဆိုပါတယ္။ သူငယ္ခ်င္းျဖစ္သူ မျမၾကဴၾကဴသင္းနဲ႔ ေမာင္အာကာေက်ာ္တို႔က Food Panda ပို႔တဲ့ အလုပ္လုပ္တဲ့ Delivery သမားေလးေတြျဖစ္ၿပီး ဒီေန႔ နားရက္မွာ ဆုံၿပီးခ်ိန္းၾကတာလို႔ ဆိုပါတယ္။
ဓာတ္ပုံနဲ႔ဗီဒီယိုမွာ ပါတဲ့ပုံရိပ္ေတြအရ ေမာင္အာကာေက်ာ္ စစ္ကားနဲ႔ အတိုက္ခံလိုက္ရတာ ေသေသခ်ာခ်ာ ျမင္လိုက္ရတာမို႔ မိသားစုနဲ႔
သူငယ္ခ်င္းေတြ အား လုံး အေတာ္ စိတ္ပူေနၾကတယ္လို႔ သူက ဆိုပါတယ္။
သူငယ္ခ်င္း ၃ ဦး လုံးက ဆယ္ေက်ာ္သက္ေတြျဖစ္ၿပီး လႈိင္ၿမိဳ႕နယ္နဲ႔ အင္းစိန္ၿမိဳ႕နယ္ေတြမွာ ေနထိုင္ၾကတာျဖစ္ပါတယ္။ လတ္တေလာ အေသအေပ်ာက္သတင္းေတြေၾကာင့္ ကိုယ့္မိတ္ေဆြ အသိေတြ ပါသြားလားဆိုတာကိုေတာင္ စုံစမ္းရခက္ေနတယ္လို႔ အဲဒီမိတ္ေဆြက ဖြင့္ဟလာပါတယ္။
ဗီဒီယိုနဲ႔ဓာတ္ပုံ ပုံရိပ္ေတြမွာေတာ့ ေျပးလို႔ရေပမယ့္ မေျပးတဲ့ လူငယ္တခ်ိဳ႕က ရပ္ထားတဲ့ကားကိုမွီၿပီး လဲေနတဲ့ လူငယ္တစ္ဦးကို ျပဳစုအားေပးေနတဲ့ျမင္ကြင္းက ထိခိုက္ခံစားရတယ္လို႔ ျပည္သူေတြက ဆိုၾကပါတယ္။
unicode
မောင်အာကာကျော် စစ်ကားနဲ့ အတိုက်ခံရချိန် မပြေးတော့ဘဲ ပြုစုကုသပေးရင်း အဖမ်းခံခဲ့ကြတဲ့ မမြကြူကြူသင်းနှင့် မယဉ်မေအောင်
By ရန်ကုန်ခေတ်သစ်
ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းမှာ ဒီနေ့ နံနက် ၈ နာရီကျော်အချိန် စစ်ကားနဲ့ ဆန္ဒပြ သူတွေကို ဝင်တိုက်
သတ်ဖြတ်ချိန်မှာ မပြေးတော့ဘဲ ကားတိုက်သူ တစ်ဦးကို ဘေးနားဝန်းရံအားပေးရင်း အဖမ်းခံသွားတဲ့ လူငယ်တစ်စု ရှိနေပါတယ်။
သူတို့ကတော့ မောင်အာကာကျော်၊ မမြကြူကြူသင်းနှင့် မယဉ်မေအောင်တို့ပဲဖြစ်ပါတယ်။ “ကျနော်သိတာက ကျနော့်သူငယ်ချင်းတွေက ဖုန်းသွားဝယ်မယ်ဆိုပြီး ချိန်းထားကြတာ။ ဆန္ဒပြပွဲကိုသွားပြီးမှ သွားဝယ်မှာလားတော့ ကျနော်မပြောတတ်ဘူး။
အာကာကျော်က အပြာရောင် မိုးကာလေးနဲ့ စစ်ကားနဲ့တိုက်ခံရပြီး လွင့်ထွက်သွားတယ်။ အာကာကျော်ကို ပြုစုပေးနေတာ မြကြူကြူသင်းနဲ့ ယဉ်မေအောင် ၃ ဦးစလုံးက သူငယ်ချင်းအရင်းကြီးတွေပါ။
အခုလည်း အာကာကျော် သေသလို သတင်းတွေလည်း ကြားနေရတယ်။ အဲဒီ ဓာတ်ပုံနဲ့ ဗီဒီယိုမှာပါတာ ကျနော့် သူငယ်ချင်းအရင်းတွေပါ။
လောလောဆယ် သူတို့ဘယ်မှာလဲ မသိဘူး” လို့ မိတ်ဆွေဖြစ်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောဆိုလာပါတယ်။
မောင်အာကာကျော်နဲ့ မယဉ်မေအောင်တို့က မောင်နှမတော်စပ်တယ်လို့ ဆိုပါတယ်။ သူငယ်ချင်းဖြစ်သူ မမြကြူကြူသင်းနဲ့ မောင်အာကာကျော်တို့က Food Panda ပို့တဲ့ အလုပ်လုပ်တဲ့ Delivery သမားလေးတွေဖြစ်ပြီး ဒီနေ့ နားရက်မှာ ဆုံပြီးချိန်းကြတာလို့ ဆိုပါတယ်။
ဓာတ်ပုံနဲ့ဗီဒီယိုမှာ ပါတဲ့ပုံရိပ်တွေအရ မောင်အာကာကျော် စစ်ကားနဲ့ အတိုက်ခံလိုက်ရတာ သေသေချာချာ မြင်လိုက်ရတာမို့ မိသားစုနဲ့ သူငယ်ချင်းတွေ အား လုံး အတော် စိတ်ပူနေကြတယ်လို့ သူက ဆိုပါတယ်။
သူငယ်ချင်း ၃ ဦး လုံးက ဆယ်ကျော်သက်တွေဖြစ်ပြီး လှိုင်မြို့နယ်နဲ့ အင်းစိန်မြို့နယ်တွေမှာ နေထိုင်ကြတာဖြစ်ပါတယ်။ လတ်တလော အသေအပျောက်သတင်းတွေကြောင့် ကိုယ့်မိတ်ဆွေ အသိတွေ ပါသွားလားဆိုတာကိုတောင် စုံစမ်းရခက်နေတယ်လို့ အဲဒီမိတ်ဆွေက ဖွင့်ဟလာပါတယ်။
ဗီဒီယိုနဲ့ဓာတ်ပုံ ပုံရိပ်တွေမှာတော့ ပြေးလို့ရပေမယ့် မပြေးတဲ့ လူငယ်တချို့က ရပ်ထားတဲ့ကားကိုမှီပြီး လဲနေတဲ့ လူငယ်တစ်ဦးကို ပြုစုအားပေးနေတဲ့မြင်ကွင်းက ထိခိုက်ခံစားရတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။
crd