ချစ်သူကထားသွားတာကြောင့် မခံစားနိုင်လို့ မိမိကိုယ်ကိုကြိုးဆွဲချသေခဲ့သူ

ချစ်သူကထားသွားတာကြောင့် မခံစားနိုင်လို့ မိမိကိုယ်ကိုကြိုးဆွဲချသေခဲ့သူ 😢😢

(၂၉.၅.၂၀၂၀)ရက်နေ့၊(၀၆:၁၃)အချိန်ခန့် ရပ်ကွက်(၁၂)၊နယ်မြ(၅)၊နယ်စည်းမထားဆရာဝန်များရုံးအရှေ့၊ပိတောက်ပင်ပေါ်တွင် အမျိုးသားတစ်ဦးကြိုးဆွဲချ သေဆုံးနေပါသဖြင့် ကူညီပေးနိုင်ပါရန် ကျောက်မဲမြို့နေ ကိုနေဖြိုးမြင့်(တာချီလိတ်နယူးအေဂျင်စီ)မှ ဆက်သွယ်အကြောင်းကြားလာပါသည်။

အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိချိန်တွင် လားရှိုးမြို့နယ်မြေရဲစခန်း၊တာဝန်းမှူး-ဒုရဲအုပ်လှခင်ဦးစီးသည့်ရဲတပ်ဖွဲ့ဝင်များ၊ရပ်ကွက်(၁၂)အုပ်ချုပ်ရေးမှူး-ဦးဘလှတင်၊ရပ်ကွက်(၁၂)ရဲကင်းမှတပ်ကြပ်မောင်မောင်သောင်းနှင့်တာဝန်ရှိသူများ၊

ကရုဏာရှင်လူမှုကူညီရေးအသင်းတို့နှင့် ပူးပေါင်းကာ သေဆုံးသူ-အမည်၊နေရပ်မသိရှိရသည့် အမျိုးသားတစ်ဦးအား သစ်ပင်ပေါ်မှ ခက်ခက်ခဲခဲဖြုတ်ယူကာ လားရှိုးပြည်သူ့ဆေးရုံကြီး-အရေးပေါ်ဌာနသို့၊ထိုမှတစ်ဆင့်လားရှိုးပြည်သူ့ဆေးရုံကြီး-ရင်ခွဲရုံသို့(PR-003)ဖြင့် ကူညီပို့ဆောင်ပေးခဲ့ပါသည်။

သေဆုံးသူမှာ လက်ဖက်ရည်ဆိုင်တစ်ခုမှ လက်ဖက်ရည်အဖျော်ဆရာတစ်ဦးဟုသိရှိရပီးအမည်၊နေရပ်လိပ်စာ မသိရှိရသေးပါ။

သေဆုံးသူအား သိရှိပါက မိသားစုဝင်များထံသို့ အမြန်ဆုံးဆက်သွယ်အကြောင်းကြားပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Source : လားရှိုးမြို့ လူငယ်များ လူမှုကူညီရေးအဖွဲ့

===========






