စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သည့် ကဲဘာရွာက ပြည်သူပိုင် နေအိမ် ၁ဝဝကျော် မီးလောင် ပျက်စီး
ရန်ကုန်၊ ဒီဇင်ဘာ ၁၃
စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ကဲဘာကျေးရွာကို ယနေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁ဝဝကျော် မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ ကဲဘာကျေးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များနှင့် ပျူစောထီး အဖွဲ့များက လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ ဝင်ရောက်လ စီးနင်းခဲ့ခြင်းဖြစ်ပြီး စစ်သားများ ပြန်လည်ထွက်ခွာသွားချိန်တွင် ကျေးရွာနေ ပြည်သူများ ရွာအတွင်းသို့ ပြန်လည် ဝင်ရောက်လာပြီး ပြည်သူပိုင် နေအိမ် ၁ဝဝကျော် မီးလောင် ဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

” စစ်ခွေးတွေက ရွာထဲမှာရှိတဲ့ ပြည်သူတွေပိုင်တဲ့ဟာတွေ အကုန်လုံး စားသောက်ပြီးတော့ ပြန်သွားကျပြီး ရွာထဲမှာ နေအိမ် ၁ဝဝကျော်ကိုတော့ မီးရှို့ဖျက်ဆီးခဲ့တယ်။
ဒေသခံပြည်သူတွေနဲ့ PDF ကာကွယ်ရေး တပ်ဖွဲ့တွေက အခုမီးငြိမ်းနေတယ်။ ကျေးရွာနေ ပြည်သူတွေရဲ့ ဆုံးရှုံးမှုကတော့ တော်တော်များတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

Credit Khit Thit
unicode


Credit Khit Thit



