ၾကားသိရသမွ်

ခင်ပွန်းဖြစ်သူ ဘယ်ရောက်နေနေ အိမ်ကနေ ဖုန်းတစ်လုံးနဲ့ကြည့်နေလို့ရတဲ့အကြောင်းကို ပြောပြလာတဲ့ နန္ဒာလှိုင်

မင်းသမီးချော နန္ဒာလှိုင်ကတော့ သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလောကမှာ ကျင်လည်စဉ်အခါက ပရိသတ်အားပေးမှုကိုရရှိပြီး ကျော်ကြားအောင်မြင်မှုတွေများစွာကို ရရှိသလို အနုပညာအလုပ်တွေရပ်နားလိုက်ချိန်မှာလည်း အလှူအတန်းနဲ့ ကောင်းမှုကုသိုလ်တွေကို ဝက်ဝက်ကွဲပြုလုပ်လှူဒါန်းတာကြောင့် နိုင်ငံတော်ကပေးအပ်တဲ့ သီရိသုဓမ္မသိင်္ဂီဘွဲ့ကို ရရှိပိုင်ဆိုင်ခဲ့တာပဲဖြစ်ပါတယ်။

နန္ဒာလှိုင်ကတော့ သူမကိုယ်တိုင် အိမ်ထောင်ရှင်မတစ်ယောက်အဖြစ် ရိုးရိုးရှင်းရှင်းနေထိုင်နေလျက်ရှိပြီး ခင်ပွန်းဖြစ်သူနဲ့အတူ အေးချမ်းတဲ့ မိသားစုဘဝကို ဖြတ်သန်းနေတာပဲဖြစ်ပါတယ်။ သမီးသုံးယောက်အရွယ်ရောက်သည့်တိုင်အောင် တစ်ယောက်နဲ့တစ်ယောက် သစ္စာမပျက်စတစမ်းချစ်ကြတဲ့ နန္ဒာလှိုင်တို့ဇနီးမောင်နှံဟာ တစ်ယောက်ကိုတစ်ယောက်လည်း အရိပ်တကြည့်ကြည့်ချစ်ကြသူတွေဖြစ်ပါတယ်။

ဒီကနေ့မှာလည်း နန္ဒာလှိုင်က ခင်ပွန်းဖြစ်သူ ဘယ်ရောက်နေနေ အိမ်ကနေ ဖုန်းတစ်လုံးနဲ့ကြည့်နေလို့ရတဲ့အကြောင်းကို ပြသလာခဲ့ပါတယ်။ နန္ဒာလှိုင်ကတော့ ခင်ပွန်းဖြစ်သူကို အရမ်းချစ်ပြီး အစိုးရိမ်ကြီးပေမယ့် သူမရဲ့ခင်ပွန်းကတော့ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး အရှုပ်အရှင်းမရှိသူတစ်ယောက်ဖြစ်ကာ မိသားစုကို တန်ဖိုးထားသူတစ်ယောက်ဖြစ်ပါတယ်။

Zawgyi version

မင္းသမီးေခ်ာ နႏၵာလွိုင္ကေတာ့ သ႐ုပ္ေဆာင္တစ္ေယာက္အျဖစ္ အႏုပညာေလာကမွာ က်င္လည္စဥ္အခါက ပရိသတ္အားေပးမႈကိုရရွိၿပီး ေက်ာ္ၾကားေအာင္ျမင္မႈေတြမ်ားစြာကို ရရွိသလို အႏုပညာအလုပ္ေတြရပ္နားလိုက္ခ်ိန္မွာလည္း အလႉအတန္းနဲ႕ ေကာင္းမႈကုသိုလ္ေတြကို ဝက္ဝက္ကြဲျပဳလုပ္လႉဒါန္းတာေၾကာင့္ နိုင္ငံေတာ္ကေပးအပ္တဲ့ သီရိသုဓမၼသိဂႌဘြဲ႕ကို ရရွိပိုင္ဆိုင္ခဲ့တာပဲျဖစ္ပါတယ္။

နႏၵာလွိုင္ကေတာ့ သူမကိုယ္တိုင္ အိမ္ေထာင္ရွင္မတစ္ေယာက္အျဖစ္ ရိုးရိုးရွင္းရွင္းေနထိုင္ေနလ်က္ရွိၿပီး ခင္ပြန္းျဖစ္သူနဲ႕အတူ ေအးခ်မ္းတဲ့ မိသားစုဘဝကို ျဖတ္သန္းေနတာပဲျဖစ္ပါတယ္။ သမီးသုံးေယာက္အ႐ြယ္ေရာက္သည့္တိုင္ေအာင္ တစ္ေယာက္နဲ႕တစ္ေယာက္ သစၥာမပ်က္စတစမ္းခ်စ္ၾကတဲ့ နႏၵာလွိုင္တို႔ဇနီးေမာင္ႏွံဟာ တစ္ေယာက္ကိုတစ္ေယာက္လည္း အရိပ္တၾကည့္ၾကည့္ခ်စ္ၾကသူေတြျဖစ္ပါတယ္။

ဒီကေန႕မွာလည္း နႏၵာလွိုင္က ခင္ပြန္းျဖစ္သူ ဘယ္ေရာက္ေနေန အိမ္ကေန ဖုန္းတစ္လုံးနဲ႕ၾကည့္ေနလို႔ရတဲ့အေၾကာင္းကို ျပသလာခဲ့ပါတယ္။ နႏၵာလွိုင္ကေတာ့ ခင္ပြန္းျဖစ္သူကို အရမ္းခ်စ္ၿပီး အစိုးရိမ္ႀကီးေပမယ့္ သူမရဲ႕ခင္ပြန္းကေတာ့ အိမ္ေထာင္ေရးနဲ႕ ပတ္သက္ၿပီး အရႈပ္အရွင္းမရွိသူတစ္ေယာက္ျဖစ္ကာ မိသားစုကို တန္ဖိုးထားသူတစ္ေယာက္ျဖစ္ပါတယ္။