စောက်ရှောက်ပေးခဲ့တဲ့ “ရွာလေး” ဘေးကင်းပါစေလို့ ဆုတောင်းပေးလိုက်တဲ့ မင်းမော်ကွန်း
ပရိသတ်ကြီးရေ မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသားတစ်လက်ဖြစ်တဲ့ မင်းသား မင်းမော်ကွန်း ဟာ လက်ရှိမှာ အမှန်တရားအတွက် ပြည်သူနဲ့အတူရပ်တည်ခဲ့တာကြောင့် ၅၀၅ က နဲ့ တရားစွဲဆိုခံထားရတာကြောင့် တိမ်းရှောင်နေရတာပဲ ဖြစ်ပါတယ်။
လက်ရှိမှာ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ မိသားစုနဲ့အတူ
ရောက်ရှိနေပြီး ကျရာတာဝန်ထမ်းဆောင်နေတာပဲ ဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှု့တွေမရှိတော့ပေမယ့် မင်းသားချော မင်းမော်ကွန်း ကတော့ ပြည်သူတွေရဲ့ ရင်ထဲမှာနေရာယူထားဆဲပါပဲနော်။
မင်းမော်ကွန်း ဟာ ထွက်ပြေးတိမ်းရှောင်စဥ်က သူ့ကိုစောက်ရှောက်ပေးခဲ့တဲ့ ရွာလေးတစ်ရွာအတွက် စိုးရိမ်စိတ်ပူနေပါတယ်လို့ အခုလိုပဲရေးသားထားပါတယ်။
မင်းမော်ကွန်း ဟာ နေထိုင်ခဲ့တဲ့ ဖလူးရွာလေးနဲ့ စောက်ရှောက်ပေးခဲ့တဲ့ ညီအစ်ကိုတွေကို ဘေးကင်းပါစေလို့ ရေးသားခဲ့ပါတယ်။ ဒါအပြင် ရွာနာမည်ထုတ်ဖော်ပြောကြားခဲ့တာနဲ့ပတ်သတ်ပြီး အခုလိုပဲ ဖြေရှင်းထားပါသေးတယ်။
” အိုကေ ဖလူးအတွက်ဆုတောင်းခြင်းကို စေတနာလည်းပါ စစရကလုပ်သူများ လည်းပါလို့ အတိုဆုံးပဲပြန်ပြောပါမယ် လေးကေ့ကော်စဖြစ်ကထဲ
အဲဒီဘက်ရွာတွေ အားလုံးကစွန့်ခွာသွားကြပါပြီ ကျွန်တော့်ကို စောက်လျှောက်ပေးဘူးတယ်ဆိုလို့ အငြိုးနဲ့လာတိုက်ရအောင်ကလည်း ဒီခွေးဒီလောက်သွားဒီလိုတိုက်လို့
စီစဥ်ထားပြီးသား
ဒီဘက်ကလည်း ကင်ဖို့စောင့်နေတာပါ ရွာတွေမှာလူမရှိတော့ ညှာစရာမရှိဘူးပေါ့ ဒါဆိုဘာလို့ဆုတောင်းလည်းဆို ကိုယ့်ညီအကိုတွေတစ်စက်မှ အန္တာရယ်မရှိအောင် ဖြစ်ပါတယ်
တိုက်ပွဲကြားထဲဖုန်းဖြေပေးတဲ့သူငယ်ချင်းဘေးကင်းနေပါတယ် ဒါပါပဲ … ” လို့ သူ့ရဲ့လူမှု့ကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားတဲ့ သတင်းလေးကို ပြန်လည်မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်။
Cele Only ပရိသတ်ကြီးရေ မင်းသား မင်းမော်ကွန်း ဟာ ဖလူးရွာအတွက်စိတ်ပူနေပေမယ့် ရွာသားတွေအားလုံး ဘေးကင်းလုံခြုံတယ်လို့ သိရပါတယ်နော်။ အဆုံးထိဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
credit:
zawgyi
စီစဉ်ထားပြီးသား
credit:



