ၾကားသိရသမွ်

အမေ့ဓာတ်ပုံကို ကိုင်ဆောင်ပြီး အော်ငိုနေတဲ့ သမီးလေးရဲ့အဖြစ်ကို ဝမ်းနည်းစွာဖော်ပြလာခဲ့တဲ့ ကြင်ဖော်မဲ့ဖခင်

မိဘတွေ အတူအတူ မနေထိုင်နိုင်တဲ့အခါမှာ သားသမီးတွေအတွက် မပျော်မရွှင်ဖြစ်စေပြီး အခံရဆုံးဘဲဖြစ်ပါတယ် ။ အခုတခါမှာ မိခင်ဖြစ်သူကို လွမ်းဆွတ်နေတာကြောင့် ကလေးငယ်လေး ငိုကြွေးနေတဲ့ ဗီဒီယိုဖိုင်က ကြည့်ရှုသူပရိသတ်တွေ မျက်ရည်မထိန်းနိုင်အောင် ဖြစ်ခဲ့ရပါတယ် ။ ကလေးလေးက အမေ့ရဲ့ ဓာတ်ပုံသေးသေးလေးကို ကြည့်ကာ မိခင်ကိုလှမ်းခေါ်ရင်း အော်ငိုနေခဲ့တာပါ ။ ဒီဗီဒီယိုလေးက ကြည့်ရှုသူတွေကို အသည်းကွဲစေခဲ့ပြီး လူတော်တော်များများက ဒီမြင်ကွင်းကိုမြင်ရတဲ့အခါ မျက်ရည်တွေ ထိန်းထားခဲ့ရပါတယ် ။

ကလေးကအရမ်းငယ်တဲ့အတွက် အမေ့ကို လွမ်းဆွတ်ရတာက ကြီးမားတဲ့ အားနည်းချက်ပါပဲ ။ အင်တာနက်အသုံးပြုသူတွေကတော့ ကလေးလေးဟာ အမြဲကျန်းမာနေပြီး မိခင်ရဲ့မေတ္တာကို ဖြည့်ဆည်းပေးဖို့အတွက် ဖခင်က နှစ်ဆပိုချစ်ဖို့ မျှော်လင့်နေကြပါတယ် ။ ထို့အပြင် ဇနီးသည်ကို ရှာဖွေရန် ဖခင်ကို အကြံဉာဏ်များ ပေးကာ သမီးဖြစ်သူ အသည်းကွဲစရာ မလိုအောင် အရာရာကို သင့်လျော်သလို ဖြေရှင်းရန် ကြိုးစားခိုင်းခဲ့ပါတယ် ။

JRose (KB Chimmy One)

Reference : yan

Zawgyi



JRose (KB Chimmy One)