Unicode Version
ကျနော်တို့က လူငယ်တွေပါ၊
ကျနော်တို့မှာ အနာဂတ်ရှိတယ်…
ဆုံးရှုံးခံ လူအခွင့်အရေးတွေပြန်ပေးပါ၊
လူတစုရဲ့ အတ္တတွေနဲ့ ကျနော်တို့မျက်စိ၊ နားတွေကို ပိတ်မထားနဲ့…
နှစ်ပေါင်း ၆ဝကျော်လောက် တစ်ကမ္ဘာလုံးထက် အရာရာမှာ နောက်ကျနေခဲ့ပါပြီ၊
ကျနော်တို့ကို ပြန်လည်တည်ဆောက်ခွင့်ပေးပါ၊
ကျနော်တို့ကို ကြိုးစားခွင့်ပေးပါ…
CDM မှာ ပူးပေါင်းပါဝင်ပေးကြပါ၊
နိုင်မယ်လမ်းကိုသိနေရဲ့နဲ့ ကျနော်တို့ ဘာကြောင့်များ ရှုံးမဲ့လမ်းကို မျက်စိမှိတ်လျှောက်နေရမှာလဲ…
ကျနော်တို့ရဲ့ ညတွေမှာ ကောင်းမွန်စွာ အိပ်စက်ခွင့်ပေးပါ၊
ကျနော်တို့ရဲ့မနက်တိုင်းမှာ နိုင်ငံအကျိုးကို သယ်ပိုးနိုင်ဖို့ အားအပြည့်နဲ့ နိုးထခွင့်ပေးပါ…
အရေးတော်ပုံ အောင်မြင်ပါစေ….
credit to Ye Phone khaung Kyaw