ဇူလိုင်လ(၂၁)ရက်နေ့မှာ စဖွင့်မယ်
အခြေခံပညာအဆင့် အလယ်တန်းနဲ့ မူလတန်းတွေကို သြဂုတ်လ ၄ရက် နဲ့ ၁၁ ရက်မှာ ဖွင့်ဖို့စီစဉ်ထားပေမဲ့ အဲဒီရက်တွေမှာ ဖွင့်တော့မှာ မဟုတ်ဘဲ နောက်ထပ် တစ်လခန့်နောက်ဆုတ်ပြီး ဖွင့်လှစ်သွားဖို့ရှိတယ်လို့ အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း ကဘီဘီစီကိုပြောပါတယ်။
အခုလို နောက်ဆုတ်ရတာဟာ ကိုဗစ်ရောဂါ အခြေအနေအရ ဗဟိုကော်မတီက အခုလို ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီးတော့ အရင်က နှစ်ပတ်နေပြီး ဖွင့်မယ်လို့ မျှော်မှန်းထားပေမယ့် အခုတော့ ကော်မတီရဲ့ ညွှန်ကြားချက် အတိုင်းလုပ်ရတာဖြစ်ပြီး ဖွင့်မယ့်ရက်ကို ပြန်လည် ထုတ်ပြန်ပေးသွားမယ်လို့လည်း သူကပြောပါတယ်။
တစ်နိုင်ငံလုံး ဖွင့်ဖိုပြင်နေတဲ့ အထက်တန်းကျောင်း စုစုပေါင်း ခုနှစ်ထောင်ကျော်ရှိတဲ့အနက် မနက်ဖြန် ဇူလိုင် ၂၁ ရက်နေ့မှာ ကျောင်းအား လုံးဖွင့်နိုင်မယ့် အခြေနေမရှိသေးဘဲ၊ ကိုဗစ် သတ်မှတ်ချက် အချက် ၈ဝလုံးကို ပြင်ဆင်ထားနိုင်တဲ့ အေ အဆင့်ကျောင်းတွေပဲဖွင့်လှစ်ဦးမှာဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောပါတယ်။
အေအဆင့် သတ်မှတ်ချက်ကို မမီတဲ့ကျောင်းတွေအနေနဲ့ ဇူလိုင်၂၁ ရက်နောက်ပိုင်း တစ်ပတ်အတွင်း လိုအပ်တာတွေကို ဖြည့်စွက်ပြီး ဖွင့်လှစ်နိုင်ဖို့ ပြင်ဆင်သွားရမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါအပြင် အေအဆင့် သတ်မှတ်ခံရပြီးလို့ ဇူလိုင် ၂၁ ရက်နေ့မှာ ဖွင့်ခွင့်ရတဲ့ ကျောင်းတွေကိုလည်း စည်းကမ်းနဲ့အညီ တကယ်လိုက်နာမှုရှိမရှိကို ထပ်မံစစ်ဆေးသွားဦးမှာ ဖြစ်တယ်လို့လည်း အခြေခံပညာဦးစီးဌာနက ပြောပါတယ်။
ကျောင်းပေါင်း ၆၀၀၀ ကျော်ပြန်ဖွင့်မယ်
အလယ်တန်း နဲ့ မူလတန်းကျောင်းဖွင့်ရက် နောက်ဆုတ်
လက်ရှိမှာ ဇူလိုင် ၂၁ ရက်နေ့မှာ ဖွင့်လှစ်ဖို့ပြင်ဆင်ထားတဲ့ အစိုးရ၊ ပုဂ္ဂလိကနဲ့ ဘုန်းတော်ကြီးသင်ကျောင်း တွေအပါအဝင် အထက်တန်းကျောင်း စုစုပေါင်း ခုနှစ်ထောင်ကျော်မှာလည်း ကိုဗစ်ကာကွယ်ရေး သတ်မှတ်ချက် တွေနဲ့ညီမညီကို ဇူလိုင် ၁၇ ရက်ကနေ့ ၂၀ ရက်နေ့အထိ စစ်ဆေးခံနေရတာဖြစ်ပါတယ်။
ကျန်းမာရေးနဲ့ပညာရေး ဝန်ကြီးဌာန နှစ်ခု ပူးပေါင်းစစ်ဆေးတဲ့ အခြေအနေနဲ့ပတ်သက်ပြီး အထက်တန်း မွန်ပြည်နယ် ရေးမြိုနယ် အာယုတောင်က အထက်တန်းကျောင်းအုပ် ဒေါ်ခင်မာကြည်က စစ်ဆေးခံယူခဲ့ ရာမှာ အေအဆင့်ပေးသွားကြောင်းနဲ့ ဆီးသွားခန်း သီးသန့်လုပ်ခိုင်းလို့ ရပ်မိရပ်ဖတွေနဲ့ပေါင်းပြီး ထပ်မံဆောက်လုပ်ခဲ့ရ ကြောင်းလည်းသူက ပြောပါတယ်။
ကျောင်းတွေပြန်ဖွင့်ချိန်မှာတော့ ကိုဗစ် ကာကွယ်ထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီး ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်တွေအတိုင်း လိုက်နာဖို့ ဆရာမတွေကို လမ်းညွှန်ထားတယ်လို့ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ဘီဘီစီကို ပြောခဲ့ပါတယ်။
အရင်က ကိုးတန်း၊ ဆယ်တန်းလို့ခေါ်တဲ့ Grade 10 နဲ့ Grade 11 အတန်း နှစ်တန်းကိုပဲ ဇူလိုင် ၂၁ ရက်နေ့မှာ စတင်ဖွင့်လှစ်မှာလည်းဖြစ်ပြီး တစ်ရက်ကို ၄ နာရီကျော်ပဲစာသင်ဖို့နဲ့ ကျောင်းတွေကို အသုတ်လိုက် ခွဲတက်ဖို့ ပြည်နယ်အလိုက် ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ပညာရေးဝန်ကြီးဌာက သိရပါတယ်။
Credit to BBC
ဓာတ်ပုံ ရင်းမြစ်,KZH/MPA
ဓာတ်ပုံ ပုံစာ,
============
ဇူလိုင္လ(၂၁)ရက္ေန႔မွာ စဖြင့္မယ္
အေျခခံပညာအဆင့္ အလယ္တန္းနဲ႔ မူလတန္းေတြကို ၾသဂုတ္လ ၄ရက္ နဲ႔ ၁၁ ရက္မွာ ဖြင့္ဖို႔စီစဥ္ထားေပမဲ့ အဲဒီရက္ေတြမွာ ဖြင့္ေတာ့မွာ မဟုတ္ဘဲ ေနာက္ထပ္ တစ္လခန႔္ေနာက္ဆုတ္ၿပီး ဖြင့္လွစ္သြားဖို႔ရွိတယ္လို႔ အေျခခံပညာ ဦးစီးဌာန ညႊန္ၾကားေရးမႉးခ်ဳပ္ ဦးကိုေလးဝင္း ကဘီဘီစီကိုေျပာပါတယ္။
အခုလို ေနာက္ဆုတ္ရတာဟာ ကိုဗစ္ေရာဂါ အေျခအေနအရ ဗဟိုေကာ္မတီက အခုလို ဆုံးျဖတ္ခဲ့တာ ျဖစ္ၿပီးေတာ့ အရင္က ႏွစ္ပတ္ေနၿပီး ဖြင့္မယ္လို႔ ေမၽွာ္မွန္းထားေပမယ့္ အခုေတာ့ ေကာ္မတီရဲ့ ညႊန္ၾကားခ်က္ အတိုင္းလုပ္ရတာျဖစ္ၿပီး ဖြင့္မယ့္ရက္ကို ျပန္လည္ ထုတ္ျပန္ေပးသြားမယ္လို႔လည္း သူကေျပာပါတယ္။
တစ္နိုင္ငံလုံး ဖြင့္ဖိုျပင္ေနတဲ့ အထက္တန္းေက်ာင္း စုစုေပါင္း ခုႏွစ္ေထာင္ေက်ာ္ရွိတဲ့အနက္ မနက္ျဖန္ ဇူလိုင္ ၂၁ ရက္ေန႔မွာ ေက်ာင္းအား လုံးဖြင့္နိုင္မယ့္ အေျခေနမရွိေသးဘဲ၊ ကိုဗစ္ သတ္မွတ္ခ်က္ အခ်က္ ၈ဝလုံးကို ျပင္ဆင္ထားနိုင္တဲ့ ေအ အဆင့္ေက်ာင္းေတြပဲဖြင့္လွစ္ဦးမွာျဖစ္တယ္လို႔ အေျခခံပညာဦးစီးဌာနညႊန္ၾကားေရးမႉးခ်ဳပ္ ဦးကိုေလးဝင္းက ေျပာပါတယ္။
ေအအဆင့္ သတ္မွတ္ခ်က္ကို မမီတဲ့ေက်ာင္းေတြအေနနဲ႔ ဇူလိုင္၂၁ ရက္ေနာက္ပိုင္း တစ္ပတ္အတြင္း လိုအပ္တာေတြကို ျဖည့္စြက္ၿပီး ဖြင့္လွစ္နိုင္ဖို႔ ျပင္ဆင္သြားရမွာ ျဖစ္တယ္လို႔လည္း သိရပါတယ္။
ဒါအျပင္ ေအအဆင့္ သတ္မွတ္ခံရၿပီးလို႔ ဇူလိုင္ ၂၁ ရက္ေန႔မွာ ဖြင့္ခြင့္ရတဲ့ ေက်ာင္းေတြကိုလည္း စည္းကမ္းနဲ႔အညီ တကယ္လိုက္နာမႈရွိမရွိကို ထပ္မံစစ္ေဆးသြားဦးမွာ ျဖစ္တယ္လို႔လည္း အေျခခံပညာဦးစီးဌာနက ေျပာပါတယ္။
ေက်ာင္းေပါင္း ၆၀၀၀ ေက်ာ္ျပန္ဖြင့္မယ္
အလယ္တန္း နဲ႔ မူလတန္းေက်ာင္းဖြင့္ရက္ ေနာက္ဆုတ္
လက္ရွိမွာ ဇူလိုင္ ၂၁ ရက္ေန႔မွာ ဖြင့္လွစ္ဖို႔ျပင္ဆင္ထားတဲ့ အစိုးရ၊ ပုဂၢလိကနဲ႔ ဘုန္းေတာ္ႀကီးသင္ေက်ာင္း ေတြအပါအဝင္ အထက္တန္းေက်ာင္း စုစုေပါင္း ခုႏွစ္ေထာင္ေက်ာ္မွာလည္း ကိုဗစ္ကာကြယ္ေရး သတ္မွတ္ခ်က္ ေတြနဲ႔ညီမညီကို ဇူလိုင္ ၁၇ ရက္ကေန႔ ၂၀ ရက္ေန႔အထိ စစ္ေဆးခံေနရတာျဖစ္ပါတယ္။
က်န္းမာေရးနဲ႔ပညာေရး ဝန္ႀကီးဌာန ႏွစ္ခု ပူးေပါင္းစစ္ေဆးတဲ့ အေျခအေနနဲ႔ပတ္သက္ၿပီး အထက္တန္း မြန္ျပည္နယ္ ေရးၿမိဳနယ္ အာယုေတာင္က အထက္တန္းေက်ာင္းအုပ္ ေဒၚခင္မာၾကည္က စစ္ေဆးခံယူခဲ့ ရာမွာ ေအအဆင့္ေပးသြားေၾကာင္းနဲ႔ ဆီးသြားခန္း သီးသန႔္လုပ္ခိုင္းလို႔ ရပ္မိရပ္ဖေတြနဲ႔ေပါင္းၿပီး ထပ္မံေဆာက္လုပ္ခဲ့ရ ေၾကာင္းလည္းသူက ေျပာပါတယ္။
ေက်ာင္းေတြျပန္ဖြင့္ခ်ိန္မွာေတာ့ ကိုဗစ္ ကာကြယ္ထိန္းခ်ဳပ္ေရးနဲ႔ ပတ္သက္ၿပီး က်န္းမာေရးဦးစီးဌာနက ထုတ္ျပန္ထားတဲ့ ထုတ္ျပန္ခ်က္ေတြအတိုင္း လိုက္နာဖို႔ ဆရာမေတြကို လမ္းညႊန္ထားတယ္လို႔ အေျခခံပညာဦးစီးဌာန ဒုတိယညႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာတင္ေမာင္ဝင္းက ဘီဘီစီကို ေျပာခဲ့ပါတယ္။
အရင္က ကိုးတန္း၊ ဆယ္တန္းလို႔ေခၚတဲ့ Grade 10 နဲ႔ Grade 11 အတန္း ႏွစ္တန္းကိုပဲ ဇူလိုင္ ၂၁ ရက္ေန႔မွာ စတင္ဖြင့္လွစ္မွာလည္းျဖစ္ၿပီး တစ္ရက္ကို ၄ နာရီေက်ာ္ပဲစာသင္ဖို႔နဲ႔ ေက်ာင္းေတြကို အသုတ္လိုက္ ခြဲတက္ဖို႔ ျပည္နယ္အလိုက္ ညႇိႏွိုင္းေဆာင္ရြက္သြားမယ္လို႔ ပညာေရးဝန္ႀကီးဌာက သိရပါတယ္။
Credit to BBC
ဓာတ္ပုံ ရင္းျမစ္,KZH/MPA
ဓာတ္ပုံ ပုံစာ,