ျပည္တြင္းသတင္း

ယေန႔ ကိုဗစ္-၁၉ သတင္းမ်ား

ယေန႔ ကိုဗစ္-၁၉ သတင္းမ်ား

– ရခိုင္မွာ ျဖစ္ေပၚေနတဲ့ ကိုဗစ္ေရာဂါကို တတ္နိုင္သေလာက္ ႀကိဳးစားကုသေပးေနပါတယ္။ အဲဒီအထဲမွာမွ အသက္အရြယ္ႀကီးျမင့္တဲ့ ေရာဂါအခံရွိတဲ့ လူနာ ၃ ဦးရဲ့ အေနအထားကေတာ့ ျပင္းထန္မွုရွိပါတယ္။

– ဖိလစ္ပိုင္မွာ တေန႔ထဲ လူ ၄၀၀၀ ေက်ာ္ ကူးစက္ပီး ၁၀၀ ေက်ာ္ ေသဆုံးသလို အင္ဒိုနီးရွားမွာလဲ တရက္ထဲ လူ ၂၀၀၀ ေက်ာ္ ကူးစက္ပီး ေသဆုံးသူေတြ ရွိပါတယ္။ ဒါေၾကာင့္ ဒီေရာဂါကို လုံး၀ ေပါ့ဆလို့ မရေသးပါဘူး။ အာဆီယံေဒသကို တဖန္ျပန္လည္ရိုက္ခတ္ေနလို့ သတိျပဳရမွာပါ။

– ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ့မွာေတာ့ စစ္ေတြတကၠသိုလ္နဲ႔ ရခိုင္ျပည္နယ္လႊတ္ေတာ္ေတြကို ယာယီေဆး႐ုံေတြအျဖစ္ ေျပာင္းလဲဖို့ စီစဥ္ေနပါတယ္။

– ဒီေန႔မွာေတာ့ ရခိုင္ျပည္နယ္က လူနာေတြကို ရန္ကုန္က ေဖာင္ႀကီးေဆး႐ုံ ( COVID Center) ကို ေျပာင္းေရႊ႕ကုသမွုေပးနိုင္ဖို့ ရန္ကုန္တိုင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းနဲ႔ ေနျပည္ေတာ္က က်န္းမာေရး၀န္ႀကီးဌာနက တာ၀န္ရွိသူေတြ ေဆြးေႏြးေနၾကပါတယ္။

– ေနာက္ဆုံးေျပာခ်င္တာက ရခိုင္ကေန ရန္ကုန္ကို ၁၀ ရက္ေန႔ ေနာက္ပိုင္း ျပန္လာၾကသူေတြထဲက လူ ၄၀၀၀ ေက်ာ္ အခုထိ မဆက္သြယ္ေသးပါဘူး။ ျပည္သူ႔က်န္းမာအပါအ၀င္ Trace လိုက္သူေတြက ဖုန္းခေတြ အကုန္ခံပီး ဖုန္းနံပါတ္ရေအာင္ ႀကိဳးစားပီး ဆက္သြယ္ရာမွာလဲ ဖုန္းမကိုင္တာ၊ ဖုန္းခ်တာ၊ မသိခ်င္ေယာင္ေဆာင္တာ၊ ေပါက္ကရေတြ ေျပာတာေတြကို သိရွိေနရပါတယ္။ ဖုန္းေတြ ဆက္ခ်င္လို့ လိုက္ဆက္ေနတာ မဟုတ္ပါဘူး။

အဲဒီလူေတြကို စစ္ထားနိုင္မွ ရန္ကုန္ အပါအ၀င္ တျပည္လုံးကို ထပ္မံမကူးစက္ေအာင္ ကာကြယ္နိုင္မွာမို့လို့ပါ။ လူလို သိတတ္ရင္ ပူးေပါင္းေဆာင္ရြက္သင့္ပါတယ္။ အဲဒီလို ကပ်က္ကေခ်ာ္ျပဳမွုေတြ မ်ားျပားလြန္းတာေၾကာင့္ သတင္းမပို့သူေတြကို ကူးစက္ဥပေဒနဲ႔ ထိထိေရာက္ေရာက္ အေရးယူမွာျဖစ္ပါတယ္။

– ရခိုင္ကေန ျပန္လာၾကတဲ့သူေတြထဲက ၈၀၀ ခန္႔ကို swab ယူခဲ့ပီး စစ္ေဆးပီးပါပီ။ Negative ဆိုရင္ အိမ္မွာပဲ ေနရမွာျဖစ္ပီး ၂၀ ေက်ာ္မွ ျပန္လာသူေတြကိုေတာ့ FQ ထားဖို့ စီစဥ္ေနပါတယ္။ ဒါေၾကာင့္ မစိုးရိမ္ၾကပဲ အားလုံးပူးေပါင္းပါ၀င္ၾကဖို့ တိုက္တြန္းလိုက္ပါတယ္။

@ Dr. Nay Thway

Unicode

ယနေ့ ကိုဗစ်-၁၉ သတင်းများ

– ရခိုင်မှာ ဖြစ်ပေါ်နေတဲ့ ကိုဗစ်ရောဂါကို တတ်နိုင်သလောက် ကြိုးစားကုသပေးနေပါတယ်။ အဲဒီအထဲမှာမှ အသက်အရွယ်ကြီးမြင့်တဲ့ ရောဂါအခံရှိတဲ့ လူနာ ၃ ဦးရဲ့ အနေအထားကတော့ ပြင်းထန်မှုရှိပါတယ်။

– ဖိလစ်ပိုင်မှာ တနေ့ထဲ လူ ၄၀၀၀ ကျော် ကူးစက်ပီး ၁၀၀ ကျော် သေဆုံးသလို အင်ဒိုနီးရှားမှာလဲ တရက်ထဲ လူ ၂၀၀၀ ကျော် ကူးစက်ပီး သေဆုံးသူတွေ ရှိပါတယ်။ ဒါကြောင့် ဒီရောဂါကို လုံး၀ ပေါ့ဆလို့ မရသေးပါဘူး။ အာဆီယံဒေသကို တဖန်ပြန်လည်ရိုက်ခတ်နေလို့ သတိပြုရမှာပါ။

– ရခိုင်ပြည်နယ် စစ်တွေမြို့မှာတော့ စစ်တွေတက္ကသိုလ်နဲ့ ရခိုင်ပြည်နယ်လွှတ်တော်တွေကို ယာယီဆေးရုံတွေအဖြစ် ပြောင်းလဲဖို့ စီစဉ်နေပါတယ်။

– ဒီနေ့မှာတော့ ရခိုင်ပြည်နယ်က လူနာတွေကို ရန်ကုန်က ဖောင်ကြီးဆေးရုံ ( COVID Center) ကို ပြောင်းရွှေ့ကုသမှုပေးနိုင်ဖို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ နေပြည်တော်က ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ ဆွေးနွေးနေကြပါတယ်။

– နောက်ဆုံးပြောချင်တာက ရခိုင်ကနေ ရန်ကုန်ကို ၁၀ ရက်နေ့ နောက်ပိုင်း ပြန်လာကြသူတွေထဲက လူ ၄၀၀၀ ကျော် အခုထိ မဆက်သွယ်သေးပါဘူး။ ပြည်သူ့ကျန်းမာအပါအဝင် Trace လိုက်သူတွေက ဖုန်းခတွေ အကုန်ခံပီး ဖုန်းနံပါတ်ရအောင် ကြိုးစားပီး ဆက်သွယ်ရာမှာလဲ ဖုန်းမကိုင်တာ၊ ဖုန်းချတာ၊ မသိချင်ယောင်ဆောင်တာ၊ ပေါက်ကရတွေ ပြောတာတွေကို သိရှိနေရပါတယ်။ ဖုန်းတွေ ဆက်ချင်လို့ လိုက်ဆက်နေတာ မဟုတ်ပါဘူး။

အဲဒီလူတွေကို စစ်ထားနိုင်မှ ရန်ကုန် အပါအဝင် တပြည်လုံးကို ထပ်မံမကူးစက်အောင် ကာကွယ်နိုင်မှာမို့လို့ပါ။ လူလို သိတတ်ရင် ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။ အဲဒီလို ကပျက်ကချော်ပြုမှုတွေ များပြားလွန်းတာကြောင့် သတင်းမပို့သူတွေကို ကူးစက်ဥပဒေနဲ့ ထိထိရောက်ရောက် အရေးယူမှာဖြစ်ပါတယ်။

– ရခိုင်ကနေ ပြန်လာကြတဲ့သူတွေထဲက ၈၀၀ ခန့်ကို swab ယူခဲ့ပီး စစ်ဆေးပီးပါပီ။ Negative ဆိုရင် အိမ်မှာပဲ နေရမှာဖြစ်ပီး ၂၀ ကျော်မှ ပြန်လာသူတွေကိုတော့ FQ ထားဖို့ စီစဉ်နေပါတယ်။ ဒါကြောင့် မစိုးရိမ်ကြပဲ အားလုံးပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

@ Dr. Nay Thway