မႏၲေလးတြင္ COVID – 19 ၫႊန္ၾကားခ်က္ ညမထြက္ရအမိန႔္ တင္းၾကပ္စြာေဆာင္႐ြက္မည္
COVID-19 ေရာဂါကူးစက္ျပန႔္ပြားမႈ မျဖစ္ေပၚေစေရးႏွင့္ ကာကြယ္ထိန္းခ်ဳပ္ေရးလုပ္ငန္းမ်ား အေထာက္ အကူ ျဖစ္ေစရန္အတြက္ ထုတ္ျပန္ထားသည့္ ညမထြက္ရ Curfew အမိန႔္ကို တင္းၾကပ္စြာေဆာင္႐ြက္သြား မည္ျဖစ္ေၾကာင္း မႏၲေလးတိုင္းေဒၾသႀကီး အစိုးရဖြဲ႕က သိရသည္။
မႏၲေလးတိုင္းေဒသႀကီးအတြင္း ေနထိုင္ၾကသူမ်ားအားလုံး ည ၁၂ နာရီမွ နံနက္ ၄ နာရီအထိ ညမထြက္ရ Curfew အမိန႔္ကို ထုတ္ျပန္ထားေသာ္လည္းလိုက္နာမႈအားနည္းျခင္းမ်ားေၾကာင့္ တင္းၾကပ္စြာေဆာင္႐ြက္ ရန္ စီစဥ္ျခင္းဟု သိရသည္။
“အဓိကကေတာ့ ကိုဗစ္ကာကြယ္ေရးအတြက္ ေန႔စဥ္ ည ၁၂ နာရီကေန နံနက္ ၄နာရီအထိ Curfew ထုတ္ျပန္ထားတာ၊ အေစာပိုင္းကာလကေတာ့ လိုက္နာၾကတယ္၊ အခုေနာက္ပိုင္း လိုက္နာမႈေတြ အား နည္းလာတာေတြေၾကာင့္ တင္းတင္းၾကပ္ၾကပ္ေဆာင္႐ြက္သြားဖို႔ လုပ္ေဆာင္ရတာေပါ့”ဟု မႏၲေလး တိုင္းေဒသႀကီး အစိုးရဖြဲ႕မွ ရွမ္းတိုင္းရင္းသားေရးရာဝန္ႀကီးဦးစိုင္းပန္းဆိုင္ကေျပာသည္ ။
ရွမ္းတိုင္းရင္းသားေရးရာဝန္ႀကီး ဦးစိုင္းပန္ဆိုင္းသည္ မႏၲေလးတိုင္းေဒသႀကီး COVID-19 ေရာဂါဆိုင္ရာ သတင္းမွန္ျပန္ၾကားေရးႏွင့္ သတင္းမွား ျဖန႔္ေဝ သူမ်ားအား ရွာေဖြေဖာ္ထုတ္၍ သတင္းေစာင့္ၾကည့္ေရး အဖြဲ႕ လုပ္ငန္းေကာ္မတီ ဥကၠဌအျဖစ္ တာဝန္ယူထားသူလည္းျဖစ္သည္။မႏၲေလးတိုင္းေဒသႀကီးအတြင္းရွိ ၿမိဳ႕နယ္မ်ားတြင္ Coronavirus Disease 2019(COVID-19) ေရာဂါကူး စက္ျပန႔္ပြားမႈ မျဖစ္ေပၚေစေရးႏွင့္ ကာကြယ္ထိန္းခ်ဳပ္ေရးလုပ္ငန္းမ်ားအား အေထာက္အကူ ျဖစ္ေစရန္အ တြက္ ညမထြက္ရ Curfew အမိန႔္ကို တိုင္းအစိုးရက ထုတ္ျပန္ထားျခင္းျဖစ္ၿပီး ေလးလေက်ာ္ၾကာသည့္ ခ်ိန္ထိ အမိန႔္ကို ႐ုပ္သိမ္းျခင္း မရွိေသးဘဲ ၾသဂုတ္ ၃၁ ရက္အထိ တိုးျမႇင့္ထားသည္။
“ျပည္သူေတြအေနနဲ႔ ညထြက္လို႔ မရဘူးဆိုတဲ့အသိကရွိလာဖို႔က အေရးႀကီးလာၿပီ၊ လူေတြကထြက္လို႔ ရတယ္ဆိုေတာ့ ထြက္လာၾကတာေတြက အရမ္းမ်ားလာတယ္၊ အခ်ိဳ႕ကလည္း သတိလက္လြတ္ထြက္ၾက တာေပါ့ ၊ သိသိႀကီးနဲ႔ထြက္ၾကတာလည္း ျဖစ္ခ်င္ျဖစ္မွာေပါ့ေလ၊ အေရးႀကီးလာလို႔ လုပ္ရတာပါ” ဟု ဦးစိုင္း ပန္းဆိုင္ကဆက္လက္ေျပာသည္။
ညမထြက္ရ Curfew အမိန႔္ထုတ္ျပန္ထားမႈအေပၚမလိုက္နာသူမ်ားကို တည္ဆဲဥပေဒအရ အေရးယူ မည္ျဖစ္ေၾကာင္း မႏၲေလးတိုင္းအစိုးရက ထုတ္ျပန္ထားသည္။ “ညမထြက္ရအမိန႔္ထုတ္ထားတာကို လမ္းေပၚမွာ ညဥ့္နက္သန္းေခါင္အထိ အမိန္မထုတ္ထားတဲ့ပုံစံနဲ႔ သြားလာေနၾကတယ္၊ အဲဒီလို သြားလာေနတာေတြက ေရာဂါကာကြယ္ေရးဆိုတာထက္ကို လုံၿခဳံေရးအရ အဆင္မေျပဘူး၊၊
ဒါေၾကာင့္ ဒီလ ၁၄ ရက္ကစၿပီးေတာ့ ျပန္တင္းၾကပ္လိုက္တယ္၊ အဓိကကေတာ့ လွည့္ ကင္းပတ္ကင္းေတြ ပိုလုပ္ေပးေနတယ္”ဟု မႏၲေလးတိုင္းေဒသႀကီးရဲတပ္ဖြဲ႕မႈ႐ုံးမွ ဒုတိုင္းရဲတပ္ဖြဲ႕မႉး ရဲမႉး ႀကီးေမာင္ေမာင္ေအးက ေျပာသည္။ အဆိုပါ အမိန႔္ထုတ္ျပန္ၿပီးေနာက္ပိုင္း ကန႔္သတ္ခ်ိန္အတြင္း ေနအိမ္ ျပင္ပ ေနထိုင္သြားလာသူမ်ားကို ညမထြက္ရအမိန႔္ ေဖာက္ဖ်က္က်ဴးလြန္မႈျဖင့္ ဖမ္းဆီး တရားစြဲ ေထာင္ခ် မႈမ်ား လုပ္ေဆာင္ခဲ့ရာ လူ၁၅၀ေပ်ာ္ထိ အေရးယူမႈမ်ားလုပ္ထားေၾကာင္း သိရသည္။
မႏၲေလးခ႐ိုင္အတြင္းရွိ ေအာင္ေျမသာစံ၊ ခ်မ္းေအးသာစံ၊ မဟာေအာင္ေျမ၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္မ်ားတြင္ ညမထြက္ရအမိန႔္ ေဖာက္ဖ်က္မႈျဖင့္ ၾသဂုတ္ ၁၁၊ ၁၂ ရက္ညမ်ားက ဖမ္းဆီးအေရးယူခဲ့မႈလူ ၁၅ ဦးႏွင့္အ တူ ဇူလိုင္ ၂၂ ရက္ကလည္း အမ်ိဳးသား ၇ ဦးကို မဟာေအာင္ေျမၿမိဳ႕နယ္ တရား႐ုံးက ေထာင္ဒဏ္ တစ္လစီ ခ်မွတ္ခဲ့သလို ဇြန္ ၁၇ ရက္ ညပိုင္းကလည္း မႏၲေလးၿမိဳ႕ ခ်မ္းေအးသာစံၿမိဳ႕နယ္အတြင္း ညမထြက္ရအမိန႔္ ေဖာက္ဖ်က္မႈျဖင့္ လူ ၁၉ ဦးကို ဖမ္းဆီးတရားစြဲဆိုခဲ့ကာ အလုပ္မဲ့ေထာင္ဒဏ္ တစ္လစီ ျပစ္ဒဏ္ခ်မွတ္ခဲ့ ေၾကာင္း တရား႐ုံးမွတ္တမ္းမ်ားအရ သိရသည္။
ႏိုင္ထူး
Unicode
မန္တလေးတွင် COVID – 19 ညွှန်ကြားချက် ညမထွက်ရအမိန့် တင်းကြပ်စွာဆောင်ရွက်မည်
COVID-19 ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အထောက် အကူ ဖြစ်စေရန်အတွက် ထုတ်ပြန်ထားသည့် ညမထွက်ရ Curfew အမိန့်ကို တင်းကြပ်စွာဆောင်ရွက်သွား မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသြကြီး အစိုးရဖွဲ့က သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း နေထိုင်ကြသူများအားလုံး ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရ Curfew အမိန့်ကို ထုတ်ပြန်ထားသော်လည်းလိုက်နာမှုအားနည်းခြင်းများကြောင့် တင်းကြပ်စွာဆောင်ရွက် ရန် စီစဉ်ခြင်းဟု သိရသည်။
“အဓိကကတော့ ကိုဗစ်ကာကွယ်ရေးအတွက် နေ့စဉ် ည ၁၂ နာရီကနေ နံနက် ၄နာရီအထိ Curfew ထုတ်ပြန်ထားတာ၊ အစောပိုင်းကာလကတော့ လိုက်နာကြတယ်၊ အခုနောက်ပိုင်း လိုက်နာမှုတွေ အား နည်းလာတာတွေကြောင့် တင်းတင်းကြပ်ကြပ်ဆောင်ရွက်သွားဖို့ လုပ်ဆောင်ရတာပေါ့”ဟု မန္တလေး တိုင်းဒေသကြီး အစိုးရဖွဲ့မှ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးဦးစိုင်းပန်းဆိုင်ကပြောသည် ။
ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်ဆိုင်းသည် မန္တလေးတိုင်းဒေသကြီး COVID-19 ရောဂါဆိုင်ရာ သတင်းမှန်ပြန်ကြားရေးနှင့် သတင်းမှား ဖြန့်ဝေ သူများအား ရှာဖွေဖော်ထုတ်၍ သတင်းစောင့်ကြည့်ရေး အဖွဲ့ လုပ်ငန်းကော်မတီ ဥက္ကဌအဖြစ် တာဝန်ယူထားသူလည်းဖြစ်သည်။မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် Coronavirus Disease 2019(COVID-19) ရောဂါကူး စက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အထောက်အကူ ဖြစ်စေရန်အ တွက် ညမထွက်ရ Curfew အမိန့်ကို တိုင်းအစိုးရက ထုတ်ပြန်ထားခြင်းဖြစ်ပြီး လေးလကျော်ကြာသည့် ချိန်ထိ အမိန့်ကို ရုပ်သိမ်းခြင်း မရှိသေးဘဲ သြဂုတ် ၃၁ ရက်အထိ တိုးမြှင့်ထားသည်။
“ပြည်သူတွေအနေနဲ့ ညထွက်လို့ မရဘူးဆိုတဲ့အသိကရှိလာဖို့က အရေးကြီးလာပြီ၊ လူတွေကထွက်လို့ ရတယ်ဆိုတော့ ထွက်လာကြတာတွေက အရမ်းများလာတယ်၊ အချို့ကလည်း သတိလက်လွတ်ထွက်ကြ တာပေါ့ ၊ သိသိကြီးနဲ့ထွက်ကြတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့လေ၊ အရေးကြီးလာလို့ လုပ်ရတာပါ” ဟု ဦးစိုင်း ပန်းဆိုင်ကဆက်လက်ပြောသည်။
ညမထွက်ရ Curfew အမိန့်ထုတ်ပြန်ထားမှုအပေါ်မလိုက်နာသူများကို တည်ဆဲဥပဒေအရ အရေးယူ မည်ဖြစ်ကြောင်း မန္တလေးတိုင်းအစိုးရက ထုတ်ပြန်ထားသည်။ “ညမထွက်ရအမိန့်ထုတ်ထားတာကို လမ်းပေါ်မှာ ညဉ့်နက်သန်းခေါင်အထိ အမိန်မထုတ်ထားတဲ့ပုံစံနဲ့ သွားလာနေကြတယ်၊ အဲဒီလို သွားလာနေတာတွေက ရောဂါကာကွယ်ရေးဆိုတာထက်ကို လုံခြုံရေးအရ အဆင်မပြေဘူး၊၊
ဒါကြောင့် ဒီလ ၁၄ ရက်ကစပြီးတော့ ပြန်တင်းကြပ်လိုက်တယ်၊ အဓိကကတော့ လှည့် ကင်းပတ်ကင်းတွေ ပိုလုပ်ပေးနေတယ်”ဟု မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှုရုံးမှ ဒုတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူး ကြီးမောင်မောင်အေးက ပြောသည်။ အဆိုပါ အမိန့်ထုတ်ပြန်ပြီးနောက်ပိုင်း ကန့်သတ်ချိန်အတွင်း နေအိမ် ပြင်ပ နေထိုင်သွားလာသူများကို ညမထွက်ရအမိန့် ဖောက်ဖျက်ကျူးလွန်မှုဖြင့် ဖမ်းဆီး တရားစွဲ ထောင်ချ မှုများ လုပ်ဆောင်ခဲ့ရာ လူ၁၅၀ပျော်ထိ အရေးယူမှုများလုပ်ထားကြောင်း သိရသည်။
မန္တလေးခရိုင်အတွင်းရှိ အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်မြို့နယ်များတွင် ညမထွက်ရအမိန့် ဖောက်ဖျက်မှုဖြင့် သြဂုတ် ၁၁၊ ၁၂ ရက်ညများက ဖမ်းဆီးအရေးယူခဲ့မှုလူ ၁၅ ဦးနှင့်အ တူ ဇူလိုင် ၂၂ ရက်ကလည်း အမျိုးသား ၇ ဦးကို မဟာအောင်မြေမြို့နယ် တရားရုံးက ထောင်ဒဏ် တစ်လစီ ချမှတ်ခဲ့သလို ဇွန် ၁၇ ရက် ညပိုင်းကလည်း မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်အတွင်း ညမထွက်ရအမိန့် ဖောက်ဖျက်မှုဖြင့် လူ ၁၉ ဦးကို ဖမ်းဆီးတရားစွဲဆိုခဲ့ကာ အလုပ်မဲ့ထောင်ဒဏ် တစ်လစီ ပြစ်ဒဏ်ချမှတ်ခဲ့ ကြောင်း တရားရုံးမှတ်တမ်းများအရ သိရသည်။
နိုင်ထူး