က်မၼာေရး ဗဟုသုတ

အရိုိးျပဳတ္ရည္္ မွ ေပးေသာ က်န္္းမာေရးအက်ိဳးေက်းဇူးမ်ား

အရိုိးျပဳတ္ရည္္

ၾကက္ရိုးျပဳတ္္၊ ဝက္ရိုးျပဳတ္္၊ ဆိိတ္ရိုးျပဳတ္စတဲ့ အရိုးျပဳတ္ရည္ေတြမွာ သတၳဳဓာတ္ေတြ ၊ ဗိုိက္တာမင္ေတြ ႏွင့္ အမိုင္နိုိအက္ဆစ္ေတြ ပါဝင္ပါတယ္။ အရိုးျပဳတ္မွာ ကယ္ဆီယမ္ပါဝင္ၿပီး နို႔မတည့္တဲ့သူေတြ အရိုးသန္မာေအာင္ေသာက္လို႔ရပါတယ္။ အရိုးျပဳတ္ရည္မွာပါတဲ့ ကယ္ဆီယမ္ ႏွင့္ အျခားေသာ သတၳဳဓာတ္ေတြက သြား ႏွင့္ အရိုးကို သန္မာေစပါတယ္။ ႏွလုံး ႏွင့္ ႂကြက္သားက်န္းမာေစတယ္။အာ႐ုံေၾကာေကာင္းေစတယ္။ ဟိုမုန္းမွ်တေစတယ္။

အရိုးျပဳတ္ရည္မွာ glycine ႏွင့္ proline လိုိ႔ေခၚတဲ့ အမိုင္နိုအက္ဆစ္ေတြပါတယ္။ ဒီအမိုင္နိုအက္ဆစ္ေတြက က်န္းမာေရးအတြက္ အေတာ္ေကာင္းပါတယ္။

Collagen ( ေကာ္လဂ်င္) ဆိုိတာ တည္ေဆာက္ရန္အသုံးျပဳတဲ့ ပရိုတိန္း ( structural protein ) ျဖစ္ပါတယ္။ ခႏၶာကိုယ္ရဲ႕ သုံးပုံတစ္ပုံေသာ ပရိုတိန္းေတြက ေကာ္လဂ်င္ ေတြျဖစ္ပါတယ္။

အရိုး၊အေရျပား၊ႂကြြက္သား၊ေသြးေၾကာ ႏွင့္ အစာေျခအဖြဲ႕အစည္းေတြမွာေတြ႕နိုင္ပါတယ္။ ေကာ္လဂ်င္ ခ်ိဳ႕တဲ့ျခင္းေၾကာင့္ လမ္းေလွ်ာက္တဲ့အခါ အဆစ္အျမစ္ နာက်င္နိုင္ပါတယ္။

အရိုးျပဳတ္ေတြမွာ Type 2 ေကာ္လဂ်င္ပါဝင္ၿပီး အရိုးျပဳတ္ ေသာက္ေပးျခင္းျဖင့္ ေကာ္လဂ်င္ ခ်ိဳ႕တဲ့ျခင္းေၾကာင့္ ျဖစ္လာတဲ့ အဆစ္အျမစ္္ နာက်င္ျခင္းေတြကို သက္သာနိုင္ပါတယ္။

ေကာ္လဂ်င္က အရိုးပြျခင္းကို သက္သာေစတယ္။ ဇီဝျဖစ္စဥ္ျမႇင့္တင္ေပးၿပီး ႂကြက္သားႀကီးထြားေစပါတယ္။

အရိုးျပဳတ္မွာ ပါဝင္တဲ့ ေကာ္လဂ်င္က အရိုးအဆစ္က်န္းမာေရး ႏွင့္ အစာလမ္းေၾကာင္းက်န္းမာေရးကို အက်ိဳးျပဳပါတယ္။

ခုခံအားစနစ္ရဲ႕ ရာႏႈန္းေတာ္ေတာ္မ်ားမ်ားကို အူလမ္းေၾကာင္းရဲ႕GALT လို႔ေခၚတဲ့ gut associated lymphoid tissue က ေထာက္ပံ့ေပးထားတာပါ။

ဒါျပင္ Leaky gut ႏွင့္ ေအာ္တိုအင္ျမဴးေရာဂါမ်ားက ဆက္စပ္ေနပါတယ္။ အရိုးျပဳတ္ရည္မွာပါတဲ့ အမိုင္နိုအက္ဆစ္က လ်င္ျမန္စြာစုပ္ယူနိုိင္တဲ့အျပင္ အူနံရံျပဳျပင္ေပးၿပီး leaky gut သက္သာေစပါတယ္။

ဒါေၾကာင့္သဘာဝ ကုထုံးပညာရွင္ေတြက ေအာ္တိုအင္ျမဴးေရာဂါသည္မ်ားကို အရိုးျပဳတ္ရည္ေသာက္ဖို႔ ၫႊန္ၾကားေလ့ရွိပါတယ္။

အရိုးျပဳတ္ရည္မွာ အမိုင္နိုအက္ဆစ္ glycine အမ်ားႀကီးပါဝင္တာေၾကာင့္ ကိုယ္ခႏၶာစြမ္းအားကို ထိန္းညွိၿပီး ေရာင္ရမ္းျခင္းကို သက္သာေစပါတယ္။

အမိုင္နိုအက္ဆစ္ glycine က ဓာတ္တိုးဆန႔္က်င္္ ပစၥည္းတစ္ခုျဖစ္တဲ့ glutathione ထုတ္လုပ္မႈကို အားေပးၿပီး oxidative stress ကို သက္သာပါေစပါတယ္။

ဒါေၾကာင့္ အရိုးျပဳတ္ေသာက္ေပးျခင္းျဖင့္ ေရာဂါျဖစ္ျခင္းမွ လ်င္ျမန္စြာ သက္သာေစပါတယ္။ အမိုင္နိုအက္ဆစ္ glycine က သည္းေျခအရည္ ႏွင့္ အစာေျခ အရည္ ထုတ္လုပ္မႈကို ကူညီေပးတာေၾကာင့္ အူလမ္းေၾကာင္းက်န္းမာေရးအတြက္ေကာင္းပါတယ္။

အရိုးျပဳတ္ရည္ေသာက္သုံးျခင္းသည္ ေရဓာတ္ျပည္လည္ျဖည့္္တင္းေပးတာေၾကာင့္ အစာေျခ စနစ္ ႏွင့္ ေက်ာက္ကပ္ကို အက်ိဳးျပဳပါတယ္။ အမိုင္နိုအက္ဆစ္ glycine က ေကာင္းေကာင္းအိပ္ေပ်ာ္ေစပါတယ္။ စိတ္တက္ႂကြေစၿပီး မွတ္ဉာဏ္ေကာင္းေစတယ္။

သိုင္း႐ြိုက္ဂလင္းက T4 ကို အဓိကထုတ္ေပးပါတယ္။ T4 က အလုပ္လုုပ္တဲ့ ဟိုမုန္းမဟုတ္ပါ။ ေဘာပြဲစကား ဌားသုံးလွ်င္ T4 က အရန္လူပါ။ တကယ့္ကစားသမားက T3 ပါ။ T4 ဟိုမုန္းရဲ႕ ၂၀% ေလာက္ကို ကြၽန္ေတာ္တို႔ရဲ႕အစာလမ္းေၾကာင္းက T3 အျဖစ္ေျပာင္းေပးပါတယ္။

အစာလမ္းေၾကာင္္း မေကာင္းလွ်င္ သိုင္း႐ြိုက္ဂလင္းေကာင္းေနခ်ိိန္မွာေတာင္ hypothyroidism ေရာဂါလကၡဏာခံစားရနိုင္ပါတယ္။ အရိုးျပဳတ္ရည္က အူလမ္းေၾကာင္းေကာင္းေစၿပီး သိုး႐ြိုိက္ဟိုမုန္းလုပ္ငန္းကို ျပန္ေကာင္းလာေစပါတယ္။

ခရစ္ဒစ္္

Unicode

အရိိုးပြုတ်ရည််

ကြက်ရိုးပြုတ််၊ ဝက်ရိုးပြုတ််၊ ဆိိတ်ရိုးပြုတ်စတဲ့ အရိုးပြုတ်ရည်တွေမှာ သတ္ထုဓာတ်တွေ ၊ ဗိိုက်တာမင်တွေ နှင့် အမိုင်နိိုအက်ဆစ်တွေ ပါဝင်ပါတယ်။ အရိုးပြုတ်မှာ ကယ်ဆီယမ်ပါဝင်ပြီး နို့မတည့်တဲ့သူတွေ အရိုးသန်မာအောင်သောက်လို့ရပါတယ်။ အရိုးပြုတ်ရည်မှာပါတဲ့ ကယ်ဆီယမ် နှင့် အခြားသော သတ္ထုဓာတ်တွေက သွား နှင့် အရိုးကို သန်မာစေပါတယ်။ နှလုံး နှင့် ကြွက်သားကျန်းမာစေတယ်။အာရုံကြောကောင်းစေတယ်။ ဟိုမုန်းမျှတစေတယ်။

အရိုးပြုတ်ရည်မှာ glycine နှင့် proline လိို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်တွေပါတယ်။ ဒီအမိုင်နိုအက်ဆစ်တွေက ကျန်းမာရေးအတွက် အတော်ကောင်းပါတယ်။

Collagen ( ကော်လဂျင်) ဆိိုတာ တည်ဆောက်ရန်အသုံးပြုတဲ့ ပရိုတိန်း ( structural protein ) ဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ သုံးပုံတစ်ပုံသော ပရိုတိန်းတွေက ကော်လဂျင် တွေဖြစ်ပါတယ်။

အရိုး၊အရေပြား၊ကြွွက်သား၊သွေးကြော နှင့် အစာခြေအဖွဲ့အစည်းတွေမှာတွေ့နိုင်ပါတယ်။ ကော်လဂျင် ချို့တဲ့ခြင်းကြောင့် လမ်းလျှောက်တဲ့အခါ အဆစ်အမြစ် နာကျင်နိုင်ပါတယ်။

အရိုးပြုတ်တွေမှာ Type 2 ကော်လဂျင်ပါဝင်ပြီး အရိုးပြုတ် သောက်ပေးခြင်းဖြင့် ကော်လဂျင် ချို့တဲ့ခြင်းကြောင့် ဖြစ်လာတဲ့ အဆစ်အမြစ်် နာကျင်ခြင်းတွေကို သက်သာနိုင်ပါတယ်။

ကော်လဂျင်က အရိုးပွခြင်းကို သက်သာစေတယ်။ ဇီဝဖြစ်စဉ်မြှင့်တင်ပေးပြီး ကြွက်သားကြီးထွားစေပါတယ်။

အရိုးပြုတ်မှာ ပါဝင်တဲ့ ကော်လဂျင်က အရိုးအဆစ်ကျန်းမာရေး နှင့် အစာလမ်းကြောင်းကျန်းမာရေးကို အကျိုးပြုပါတယ်။

ခုခံအားစနစ်ရဲ့ ရာနှုန်းတော်တော်များများကို အူလမ်းကြောင်းရဲ့GALT လို့ခေါ်တဲ့ gut associated lymphoid tissue က ထောက်ပံ့ပေးထားတာပါ။

ဒါပြင် Leaky gut နှင့် အော်တိုအင်မြူးရောဂါများက ဆက်စပ်နေပါတယ်။ အရိုးပြုတ်ရည်မှာပါတဲ့ အမိုင်နိုအက်ဆစ်က လျင်မြန်စွာစုပ်ယူနိိုင်တဲ့အပြင် အူနံရံပြုပြင်ပေးပြီး leaky gut သက်သာစေပါတယ်။

ဒါကြောင့်သဘာဝ ကုထုံးပညာရှင်တွေက အော်တိုအင်မြူးရောဂါသည်များကို အရိုးပြုတ်ရည်သောက်ဖို့ ညွှန်ကြားလေ့ရှိပါတယ်။

အရိုးပြုတ်ရည်မှာ အမိုင်နိုအက်ဆစ် glycine အများကြီးပါဝင်တာကြောင့် ကိုယ်ခန္ဓာစွမ်းအားကို ထိန်းညှိပြီး ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။

အမိုင်နိုအက်ဆစ် glycine က ဓာတ်တိုးဆန့်ကျင်် ပစ္စည်းတစ်ခုဖြစ်တဲ့ glutathione ထုတ်လုပ်မှုကို အားပေးပြီး oxidative stress ကို သက်သာပါစေပါတယ်။

ဒါကြောင့် အရိုးပြုတ်သောက်ပေးခြင်းဖြင့် ရောဂါဖြစ်ခြင်းမှ လျင်မြန်စွာ သက်သာစေပါတယ်။ အမိုင်နိုအက်ဆစ် glycine က သည်းခြေအရည် နှင့် အစာခြေ အရည် ထုတ်လုပ်မှုကို ကူညီပေးတာကြောင့် အူလမ်းကြောင်းကျန်းမာရေးအတွက်ကောင်းပါတယ်။

အရိုးပြုတ်ရည်သောက်သုံးခြင်းသည် ရေဓာတ်ပြည်လည်ဖြည့််တင်းပေးတာကြောင့် အစာခြေ စနစ် နှင့် ကျောက်ကပ်ကို အကျိုးပြုပါတယ်။ အမိုင်နိုအက်ဆစ် glycine က ကောင်းကောင်းအိပ်ပျော်စေပါတယ်။ စိတ်တက်ကြွစေပြီး မှတ်ဉာဏ်ကောင်းစေတယ်။

သိုင်းရွိုက်ဂလင်းက T4 ကို အဓိကထုတ်ပေးပါတယ်။ T4 က အလုပ်လုုပ်တဲ့ ဟိုမုန်းမဟုတ်ပါ။ ဘောပွဲစကား ဌားသုံးလျှင် T4 က အရန်လူပါ။ တကယ့်ကစားသမားက T3 ပါ။ T4 ဟိုမုန်းရဲ့ ၂၀% လောက်ကို ကျွန်တော်တို့ရဲ့အစာလမ်းကြောင်းက T3 အဖြစ်ပြောင်းပေးပါတယ်။

အစာလမ်းကြောင််း မကောင်းလျှင် သိုင်းရွိုက်ဂလင်းကောင်းနေချိိန်မှာတောင် hypothyroidism ရောဂါလက္ခဏာခံစားရနိုင်ပါတယ်။ အရိုးပြုတ်ရည်က အူလမ်းကြောင်းကောင်းစေပြီး သိုးရွိုိက်ဟိုမုန်းလုပ်ငန်းကို ပြန်ကောင်းလာစေပါတယ်။

ခရစ်ဒစ််