ႏွစ္ေပါင္းမ်ားစြာ စုေဆာင္းလာခဲ့တဲ့အေႂကြေစ့ေလးေတြနဲ႔သားေလးကို ဖိနပ္ဝယ္ေပးခဲ့တဲ့ ဖခင္
လက္ေတြ႕ဘဝမွာလည္း သားသမီးအတြက္ဘာမဆိုလုပ္ေပးနိုင္တဲ့ မိဘေတြမ်ားစြာရွိပါတယ္ ။ ေငြေၾကးမတတ္နိုင္ဘူးဆိုရင္ေတာင္မွ သားသမီးေတြရဲ့လိုအပ္ခ်က္ေတြကိုျဖည့္စည္းေပးနိုင္ဖို႔ အျပင္မွာအလုပ္မ်ိဳးစုံထြက္လုပ္ၾကတဲ့မိဘေတြရဲ့ ရင္ထဲကိုထိမိလြန္းတဲ့ အေၾကာင္းေတြလည္းမ်ားစြာ ၾကားဖူးၾကမွာပါ ။ ဒီတစ္ေခါက္မွာလည္း ဖိလစ္ပိုင္နိုင္ငံက ဆင္းရဲလြန္းတဲ့ဖခင္တစ္ဦးဟာသူ၏သားေလးကို ဖိနပ္ဝယ္ေပးဖို႔အတြက္ဆိုၿပီး ဖိနပ္ဆိုင္ေခၚသြားခဲ့ပါတယ္ ။
ဒါေပမဲ့ ပိုက္ဆံအိတ္ထုတ္ၿပီးေငြရွင္းရမယ့္အစား ႏွစ္ေပါင္းမ်ားစြာစုေဆာင္းထားခဲ့တဲ့အေႂကြေစ့ေတြနဲ႔ျပည့္ေနခဲ့တဲ့ ေသတၱာေလးကိုထုတ္လာပါတယ္ ။ ပိုက္ဆံရွင္းမည့္ ေကာင္တာမွာရွိေနတဲ့ ဖခင္ျဖစ္သူ ႏွင့္ သားျဖစ္သူတို႔၏ ဓာတ္ပုံမ်ားစြာကို Facebook စာမ်က္ႏွာမွာေဖာ္ျပခဲ့ၾကပါတယ္ ။
ဖခင္ျဖစ္သူကေတာ့ သူ၏ေသတၱာထဲမွ အေႂကြးေစ့ေလးမ်ားကို တစ္ခုၿပီးတစ္ခုထုတ္ယူကာ ေရတြက္ေနခဲ့ၿပီး သားျဖစ္သူအတြက္ဖိနပ္တစ္စုံဝယ္ေပးဖို႔ ပိုက္ဆံလုံေလာက္သြားၿပီဆိုတာကိုသိလိုက္တဲ့အခ်ိန္မွာေတာ့ သူ၏မ်က္ႏွာေလးဟာ ဝမ္သာပီတိျဖစ္သြားၿပီး အားရပါးရျပဳံးသြားခဲ့ပါေတာ့တယ္ ။
သားအဖ ႏွစ္ဦး၏ဓာတ္ပုံကိုျမင္ေတြ႕ခဲ့ၾကတဲ့ လူအမ်ားစုကလည္း ဖခင္ျဖစ္သူ၏သားသမီးျဖစ္သူအေပၚထားရွိတဲ့ ခ်စ္ျခင္းေမတၱာေတြေၾကာင့္ ဝမ္းသာပီတိျဖစ္သြားၾကကာ ဆုေတာင္းေမတၱာပို႔ေပးခဲ့တဲ့ Comment ေတြအမ်ားအျပား ေရးသားခဲ့ၾကပါတယ္ ။
ထို႔အျပင္ အျခားသူမ်ားမွာလည္း အဆိုပါ သားအဖ ကိုသြားေရာက္ကူညီခ်င္ခဲ့တဲ့အတြက္ ၎တို႔၏အမည္ ၊ ေနရိပ္လိပ္စာ ႏွင့္ ဖုန္းနံပတ္တို႔ကိုပါ ေတာင္းဆိုခဲ့ၾကပါတယ္ ။ဒါေၾကာင့္ ဖခင္တစ္ေယာက္ရဲ့သားသမီးေတြအေပၚထားရွိတဲ့ေမတၱာတရား ဟာလုံးဝအကန႔္အသတ္မရွိတာကိုေဖာ္ျပေပးလိုက္သလို ပါပဲ ။
Jasmine (Mckzone Daily)
unicode
နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့တဲ့အကြွေစေ့လေးတွေနဲ့သားလေးကို ဖိနပ်ဝယ်ပေးခဲ့တဲ့ ဖခင်
လက်တွေ့ဘဝမှာလည်း သားသမီးအတွက်ဘာမဆိုလုပ်ပေးနိုင်တဲ့ မိဘတွေများစွာရှိပါတယ် ။ ငွေကြေးမတတ်နိုင်ဘူးဆိုရင်တောင်မှ သားသမီးတွေရဲ့လိုအပ်ချက်တွေကိုဖြည့်စည်းပေးနိုင်ဖို့ အပြင်မှာအလုပ်မျိုးစုံထွက်လုပ်ကြတဲ့မိဘတွေရဲ့ ရင်ထဲကိုထိမိလွန်းတဲ့ အကြောင်းတွေလည်းများစွာ ကြားဖူးကြမှာပါ ။ ဒီတစ်ခေါက်မှာလည်း ဖိလစ်ပိုင်နိုင်ငံက ဆင်းရဲလွန်းတဲ့ဖခင်တစ်ဦးဟာသူ၏သားလေးကို ဖိနပ်ဝယ်ပေးဖို့အတွက်ဆိုပြီး ဖိနပ်ဆိုင်ခေါ်သွားခဲ့ပါတယ် ။
ဒါပေမဲ့ ပိုက်ဆံအိတ်ထုတ်ပြီးငွေရှင်းရမယ့်အစား နှစ်ပေါင်းများစွာစုဆောင်းထားခဲ့တဲ့အကြွေစေ့တွေနဲ့ပြည့်နေခဲ့တဲ့ သေတ္တာလေးကိုထုတ်လာပါတယ် ။ ပိုက်ဆံရှင်းမည့် ကောင်တာမှာရှိနေတဲ့ ဖခင်ဖြစ်သူ နှင့် သားဖြစ်သူတို့၏ ဓာတ်ပုံများစွာကို Facebook စာမျက်နှာမှာဖော်ပြခဲ့ကြပါတယ် ။
ဖခင်ဖြစ်သူကတော့ သူ၏သေတ္တာထဲမှ အကြွေးစေ့လေးများကို တစ်ခုပြီးတစ်ခုထုတ်ယူကာ ရေတွက်နေခဲ့ပြီး သားဖြစ်သူအတွက်ဖိနပ်တစ်စုံဝယ်ပေးဖို့ ပိုက်ဆံလုံလောက်သွားပြီဆိုတာကိုသိလိုက်တဲ့အချိန်မှာတော့ သူ၏မျက်နှာလေးဟာ ဝမ်သာပီတိဖြစ်သွားပြီး အားရပါးရပြုံးသွားခဲ့ပါတော့တယ် ။
သားအဖ နှစ်ဦး၏ဓာတ်ပုံကိုမြင်တွေ့ခဲ့ကြတဲ့ လူအများစုကလည်း ဖခင်ဖြစ်သူ၏သားသမီးဖြစ်သူအပေါ်ထားရှိတဲ့ ချစ်ခြင်းမေတ္တာတွေကြောင့် ဝမ်းသာပီတိဖြစ်သွားကြကာ ဆုတောင်းမေတ္တာပို့ပေးခဲ့တဲ့ Comment တွေအများအပြား ရေးသားခဲ့ကြပါတယ် ။
ထို့အပြင် အခြားသူများမှာလည်း အဆိုပါ သားအဖ ကိုသွားရောက်ကူညီချင်ခဲ့တဲ့အတွက် ၎င်းတို့၏အမည် ၊ နေရိပ်လိပ်စာ နှင့် ဖုန်းနံပတ်တို့ကိုပါ တောင်းဆိုခဲ့ကြပါတယ် ။ဒါကြောင့် ဖခင်တစ်ယောက်ရဲ့သားသမီးတွေအပေါ်ထားရှိတဲ့မေတ္တာတရား ဟာလုံးဝအကန့်အသတ်မရှိတာကိုဖော်ပြပေးလိုက်သလို ပါပဲ ။
Jasmine (Mckzone Daily)