အေထြအေထြဗဟုသုတ

ဒုကၡၾကံဳရင္ သစၥာသာဆိုလိုက္ပါ ..

နေ့စဉ် ၁၅ မိနစ် မျှလောက်သော အချိန်ပေး၍သင်၏ ဆိုးနေတဲ့ကံကို ပြုပြင်နည်း

သေချင်လောက်အောင်ထိ ဆိုးနေတဲ့ကံကို ကုသိုလ်၅-မျိုးနဲ့ ပြုပြင် ယူလို့ရပါတယ်။တိုက်တွန်းစကားအနေနဲ့ ပြောရရင်တော့ သေချင်လောက်အောင် ဆိုးနေတဲ့ကံကို ကုသိုလ် ၅မျိုးနဲ့ နေ့စဉ်ပြုပြင် ပစ်လိုက်စမ်းပါ။ ဆိုးနေတဲ့ကံ ” နင်နေ ငါသွား ” ဖြစ်သွား ပါလိမ့်မယ်။

အဲဒီကုသိုလ် ၅မျိုးကတော့…

၁။ ဒါန

၂။ သီလ

၃။ ဂုဏ်တော်

၄။ မေတ္တာ

၅။ ဝိပဿနာ တို့ိ ဖြစ်ပါတယ်။အဲဒီကုသိုလ် ၅မျိုးကို နေ့စဉ် ဖြစ်စေရမယ်လို့ အဓိဋ္ဌာန်ပြီး နေ့စဉ် ပြုလုပ် သွားဖို့ပါပဲ။

၉။ ငါးမျိုးကုသိုလ် ဘယ်လိုပြုရမယ်။

၉-၁။ ဒါန

ပထမဆုံးကုသိုလ်က ဒါန ပါ။ ဒါနဆိုတဲ့နေရာမှာ ရှင်၁သောင်းပြုပေးနိုင်မှ။ ကျောင်းကြီးတွေ ဆောက်လုပ်လှူဒါန်းနိုင်မှ ဒါန မဟုတ်ပါဘူး။ အိမ်မှာရှိတဲ့ ဘုရားကို ရေချမ်း ကပ်လိုက်မယ် ဆိုလည်း ဒါန ဖြစ်သွားတာပါပဲ။

နောက် ကိုယ်ထမင်းချက်မယ့် ဆန်ထဲက လက်တစ်ဆုတ်စာလောက်နှိုက်ပြီး အိမ်ရှေ့က စာကလေးတွေ ခိုကလေးတွေကို ပစ်ကျွေးလိုက်မယ်ဆိုရင်လည်း ဒါနဖြစ်သွားတာပါပဲ။

ဆန်လက်တစ်ဆုတ် လောက်နဲ့တော့ မိသားစု ထမင်းဝိုင်းကို သိပ်ပြီးလည်း မထိခိုက်စေပါဘူး။ နေ့စဉ် လက်တစ်ဆုတ် စာလောက် စာကလေးတွေကို ကျွေးနေမယ် ဆိုရင်လည်း ကိုယ့်ဝန် ကိုယ့်အားနဲ့ မျှတဲ့ ဒါန ဖြစ်နေတာပါ။

၉-၂။ သီလ

ဒုတိယက သီလ ပါ။ သီလမှာလည်း လောကီ ထဲမှာနေတဲ့ လူတစ်ယောက် အတွက် ငါးပါးသီလလောက် လုံခြုံအောင် စောင့်ထိန်း လိုက်နိုင်တယ် ဆိုရင်ပဲ တော်တော် လုံလောက်နေပါပြီ။

တစ်ဆင့်တက်ပြီး ဥပုသ်နေ့တွေမှာ ၈ပါးသီလ၊ ၉ပါးသီလကို စောင့်ထိန်း နိုင်ရင်တော့ အကောင်းဆုံးပေါ့။ သီလကို စောင့်ရှောက်တဲ့အတွက် သီလကလည်း ကိုယ့်ကို သူ့သတ္တိ အားလျော်စွာ ပြန်စောင့်ရှောက် ပါလိမ့်မယ်။

၉-၃။ ဂုဏ်တော်

တတိယက ဂုဏ်တော်ပါ။ ဂုဏ်တော် ၉-ပါးထဲက ကိုယ်နှစ်သက်ရာ တစ်ခုခုကို ပွားလို့ရပါတယ်။အရဟံဂုဏ်တော်ကိုပဲ …

အရဟံ = ပူဇော်အထူးကို ခံယူထိုက်သော မြတ်စွာဘုရား၊အရဟံ = ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား၊အရဟံ = ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား၊လို့ ပွားများရပါတယ်။

အရဟံ ဆိုတဲ့ ပါဠိလေးရယ်။ အရဟံရဲ့ နောက်က အနက်သုံးမျိုးရယ်က ပွားလို့ ဆင်ခြင်လို့ သိပ်ကောင်းတဲ့ ပါဠိနဲ့အနက်လေးတွေပါ။ဂုဏ်တော်ပွားတဲ့အတွက် ဂုဏ်တော်က သူ့သတ္တိအားလျော်စွာ ပြန်စောင့်ရှောက်နေ ပါလိမ့်မယ်။

၉-၄။ မေတ္တာ

စတုတ္ထက မေတ္တာပါ။ မေတ္တာပွားတဲ့နေရာမှာ ပွားနည်းတွေကတော့ သီသန့်အကျယ်ကို ရှိပါတယ်။ စာရေးသူရဲ့ မေတ္တာ အတွေးများ စာအုပ်မှာလည်း ပွားပုံ ပြည့်ပြည့်စုံစုံ ရေးပြထားပါတယ်။

မေတ္တာပွားတဲ့ နေရာမှာ အဓိက အကြံပေးချင် တာတော့ ပထမ ကိုယ့်အပေါ် ကျေးဇူးရှိတဲ့ ကျေးဇူးများတဲ့ လူပုဂ္ဂိုလ်အားလုံးကို တစ်ယောက်ချင်း ကုန်အောင်ပွားပါ။

ပြီးရင် နတ်ကောင်း နတ်မြတ်တွေ၊ ကိုယ်စောင့်နတ်-အိမ်စောင့်နတ် ကစပြီး၊ လမ်းမြို့နယ်၊ မြို့၊ နိုင်ငံကို စောင့်ရှောက်နေကြသော နတ်ကောင်း နတ်မြတ်တွေ အားလုံး ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ကင်းပါစေ၊ အစစအရာရာ အဆင်ပြေ ပါစေ… စသည်ဖြင့် ပေါ့လေ။

၉-၅။ ဝိပဿနာ

နောက်ဆုံးက ဝိပဿနာပါ။ ဝိပဿနာ ကတော့ ကိုယ်အားထုတ်ဖူးရာ-ကိုယ်သန်ရာ သန်ရာ ကိုယ့် အာစရိယ ဝါဒအတိုင်း မှတ်ယူလို့ ရပါတယ်။

(မည်သည့် တရားစခန်း မည်သည့် အာစရိယဝါဒမျှ သင်ကြားထားခြင်း မရှိသူများအဖို့ အစပိုင်းတွင် တင်ပလ္လင်ခွေ(ထက်ဝယ်ဖွဲ့ခွေ)ထိုင်၊ ဘယ်လက်ပေါ် ညာလက်ထပ်တင်၊ ခါး-လည်ပင်း-ဦးခေါင်းကို မတ်မတ်ထား၊ အသက်ကို ပုံမှန်ရှူလျှက်

ဝင်လေဝင်လာလျှင် ဝင် လာ သည်ဟု သိပေး၊ ထွက်လေ ထွက်သွားရင် ထွက်သွားသည်ဟု သိပေးခြင်းဖြင့် မိမိစိတ်ကို ထိုထိုနှာသီးဝသို့သာ စူးစိုက်ရောက်ရှိစေရန် ပဏာမ လေ့ကျင့်ကြလျှက် ၇ရက်စခန်း-၁၀ရက်စခန်း စသည်တို့ကို ဝင်ရောက်နိုင်ရန် တိုး၍ ကြိုးစား ကြသင့်ပေသည်။ )

၁၀။ ကုသိုလ်-၅မျိုး တစ်နေ့တာကဲ … စာဖတ်သူ၊ စိတ်ကူးနဲ့ပဲ ကုသိုလ်၅မျိုးကို စမ်းကြည့်ရအောင်ပါ။

၁၀-၁။ အိပ်ရာထ

မနက် အိပ်ရာက ထတာနဲ့ ကိုယ်လက် သန့်စင်ပြီး မိသားစု ကိစ္စတွေကို ဘာမှ မလုပ်နဲ့ဦး။ ဘုရားခန်းကို အရင်သွားပါ။

ဘုရားသောက်တော်ရေကိုအရင်ကပ်ပါ။ (ဒါန)ကပ်ပြီးရင် ၅ပါးသီလ ခံယူပါ။ (သီလ)အဲဒါပြီးရင် ဂုဏ်တော်ကို ၅-မိနစ် ( ဂုဏ်တော် )မေတ္တာကို ၅-မိနစ် ပွားပါ။ ( မေတ္တာ )ပြီးရင် ဝိပဿနာ ၅-မိနစ် ပွားများပါ။ ( ဝိပဿနာ )

အင်မတန် နည်းပါးတဲ့ ၁၅မိနစ်အချိန်လောက်တော့ လူတိုင်း လုပ်နိုင်လောက်မယ် ထင်ပါတယ်။ ( ၅မိနစ်စီ ဆိုသည်မှာ အနည်းဆုံး ပြုရန်အချိန်ကို ဆိုလိုခြင်းဖြစ်ပြီး မိမိတို့၏ ခွန်အားအလိုက် သဒ္ဓါ တရားအလိုက် ၁၀မိနစ်စီ၊ နာရီဝက်စီ၊ တစ်နာရီစီ စသည်ဖြင့် အဓိဋ္ဌာန်ပြု

နေ့တစ်နေ့တာရဲ့ အစကို ကုသိုလ် ၅မျိုးနဲ့ စလိုက်တာ ဘယ်လောက် ကျက်သရေ ရှိသွားလဲ ။ အိပ်ရာထပြီး နာရီဝက် ၁နာရီအတွင်းမှာပဲ ကုသိုလ်၅မျိုး ရနေပါပြီ။ အဲဒီ ကုသိုလ် ၅မျိုးပြုပြီးမှ မိသားစုကိစ္စ၊ ကိုယ့်ကိစ္စ ဝေယျာဝစ္စတွေကို ပြုလုပ်ပါ။

၁၀-၂။ နေ့လည်

အဲဒီလိုနဲ့ မနက်စာစားပြီးတဲ့ အခါ ဆန်လက်တစ်ဆုတ် စာယူပြီး ခြံရှေ့မှာ ငှက်ကလေးတွေ အတွက် ပက်ကျွေးလိုက်ပါဦး။

ကျွေးပြီးသွားရင် အဆစ်အနေနဲ့ ” ဒီနေ့ မနက် ပြုဖြစ်ခဲ့တဲ့ ကုသိုလ်၅မျိုး ကိုလည်း အမျှ ပေးဝေပါတယ်။ အမျှ အမျှ အမျှ ယူတော်မူကြပါ။ သာဓု၊ သာဓု၊ သာဓု ” ဆိုပြီး နတ်ကောင်း နတ်မြတ်များနဲ့တကွ ဝေနေယျ အပေါင်းကို အမျှပေးဝေလိုက်ပါဦး။

၁၀-၃။ ညပိုင်း

တတ်နိုင်တယ်။ အချိန်ရတယ်။ သဒ္ဓါတရားလဲ ထက်သန်လာတယ် ဆိုရင် ညပိုင်း ကိုးရီးယားကားလေး မလာခင်၊ ဒါမှမဟုတ် ကိုးရီးယားကားလေး ပြီးသွားတဲ့အခါ ကုသိုလ်ငါးမျိုးကို မနက်ကအတိုင်း တစ်ကြိမ် ထပ်လုပ်လိုက်ပါဦး။

၁၁။ နေ့စဉ်ပြုအပ်သည်

ဒီအတိုင်းသာ နေ့စဉ်ပြုသွားစမ်းပါ။ ဆိုးနေတဲ့ကံဟာ တောင်းပန်ပြီး ထွက်သွားဦးမှာပါ။

ဒါပေမယ့် ဒီနေ့လုပ်-နက်ဖြန်ဖြစ် ဆိုတဲ့ပုံစံမျိုးတော့ ဘယ်ဖြစ်နိုင်မှာလဲ။ တစ်လတန်သည် တစ်နှစ်တန်သည်တော့ စွဲလုပ်ရပါမယ်။ ရက်မပျက်အောင် အဓိဋ္ဌာန်ပြု၍ လုပ်ရပါမယ်။ အကုသိုလ်ဆိုတဲ့ အင်းအားက ကြီးလွန်းနေရင်တော့ ချက်ခြင်းကြီး ရနိုင်မှာ မဟုတ်ပါဘူး။

ဒါပေမယ့် ကုသိုလ် အင်အား ကောင်းလာတာနဲ့ အမျှ ကုသိုလ်အင်အားကို ကြည့်ပြီး လန့်ပြေးသွားမှာပါ။ဒါက ကံဆိုး နေတဲ့သူတွေကို ပြောတာပါ။

ကံကောင်း နေတဲ့သူတွေ အတွက်လည်း အမြဲတမ်း ကံကောင်းနေအောင် ကုသိုလ်၅မျိုး နဲ့ အမြဲပြုစု စောင့်ရှောက်နေသင့်ပါတယ်။ဒီကုသိုလ်၅မျိုးနဲ့ ကံကောင်းအောင် လုပ်နေတဲ့အတွက် ဒုတိယဘဝ၊ တတိယဘ၀ စသည်တွေမှာလည်း ဆက်ပြီး ကံကောင်းနေဦးမှာပါ။

၁၂။ ဒုက္ခကြံရင် သစ္စာဆို။

ဒီကုသိုလ် ၅မျိုးကို ကံကောင်းခြင်း၊ ကံဆိုးခြင်းကြောင့် မဟုတ်ဘဲ နေ့စဉ်ဝတ်တစ်ခု အနေနဲ့ ပြုရပါမယ်။ အဲဒီလို ပြုနေစဉ် အတွင်းမှာပဲဘ၀ အခက်အခဲ တစ်ခု ကြုံလာမယ်၊

ဒါဆို ကိုယ်ပြုတဲ့ကုသိုလ်၅မျိုးကို နေ့စဉ် အမျှပေးဝေနေတဲ့ နတ်ကောင်းန တ်မြတ်တွေကို တိုင်တည်ပြီး သစ္စာ ဆိုလို့လည်း ရပါတယ်။

” ကျွန်ှုပ်သည် ကုသိုလ်၅မျိုးကို နေ့စဉ်ပြုပြီး၊ နတ်ကောင်းန တ်မြတ် များကိုလည်း နေ့စဉ် အမျှပေးဝေခဲ့ပါတယ်။ ဤသစ္စာစကား မှန်ကန်ပါက ယခုတွေ့ကြုံနေရသော အခက်အခဲများ ပြေပျောက် ပါစေသတည်း။ နတ်ကောင်း နတ်မြတ်တို့က ကူညီမစတော်မူပါ ” စသည်ဖြင့်ပေါ့လေ…..

၁၃။ သံသရာကပင် ကျွတ်နိုင်ရဲ့

ကုသိုလ် ၅-မျိုးထဲမှာ ဝိပဿနာလည်း ပါနေတော့ တရားမှတ်ရင် ပါရမီပါခဲ့ရင် တစ်မဂ် တစ်ဖိုလ်မှသည် လေးမဂ်၊ လေးဖိုလ် အထိ တရားထူးတရားမြတ်တွေ ရသွားပြီး သံသရာဝဋ်က ကျွတ်သွားနိုင်ပါသေးတယ်။

ကုသိုလ် ၅မျိုးကို ဘယ်အဆင့်အထိ ပြုရမလဲ … ဆိုရင် ညအိပ်ရာဝင်လို့မှ ဒီနေ့ တစ်နေ့တာအတွက် ကုသိုလ် ၅မျိုး မပြုရသေးရင် အိပ်လို့ လုံးဝမပျော်တဲ့ အဆင့် ချက်ခြင်း ထလုပ်လိုက်မှ အိပ်ပျော်တယ် အိပ်လို့ရတယ် ဆိုတဲ့ အဆင့်ထိ ပြုလုပ်ကြရပါတယ် …

ကဲ …. စာဖတ်သူ … ၊ ကံ နဲ့ ပတ်သက်လို့ သေချင်လောက်အောင် ဆိုးနေပါစေ။ ကုသိုလ် ၅မျိုးနဲ့သာ နေ့စဉ် ပြုပြင် လိုက်စမ်းပါ။ မကြာခင် ကံကောင်းလာပါလိမ့်မယ်။

မူရင်းစာရေးသားသူ – အရှင်ရာဇိန္ဒ

ရဝေနွယ်(အင်းမ)

Zawgyi

ေန႔စဥ္ ၁၅ မိနစ္ မွ်ေလာက္ေသာ အခ်ိန္ေပး၍သင္၏ ဆိုးေနတဲ့ကံကို ျပဳျပင္နည္း

ေသခ်င္ေလာက္ေအာင္ထိ ဆိုးေနတဲ့ကံကို ကုသိုလ္၅-မ်ိဳးနဲ႔ ျပဳျပင္ ယူလို႔ရပါတယ္။တိုက္တြန္းစကားအေနနဲ႔ ေျပာရရင္ေတာ့ ေသခ်င္ေလာက္ေအာင္ ဆိုးေနတဲ့ကံကို ကုသိုလ္ ၅မ်ိဳးနဲ႔ ေန႔စဥ္ျပဳျပင္ ပစ္လိုက္စမ္းပါ။ ဆိုးေနတဲ့ကံ ” နင္ေန ငါသြား ” ျဖစ္သြား ပါလိမ့္မယ္။

အဲဒီကုသိုလ္ ၅မ်ိဳးကေတာ့…

၁။ ဒါန

၂။ သီလ

၃။ ဂုဏ္ေတာ္

၄။ ေမတၱာ

၅။ ဝိပႆနာ တို႔ိ ျဖစ္ပါတယ္။အဲဒီကုသိုလ္ ၅မ်ိဳးကို ေန႔စဥ္ ျဖစ္ေစရမယ္လို႔ အဓိ႒ာန္ၿပီး ေန႔စဥ္ ျပဳလုပ္ သြားဖို႔ပါပဲ။

၉။ ငါးမ်ိဳးကုသိုလ္ ဘယ္လိုျပဳရမယ္။

၉-၁။ ဒါန

ပထမဆုံးကုသိုလ္က ဒါန ပါ။ ဒါနဆိုတဲ့ေနရာမွာ ရွင္၁ေသာင္းျပဳေပးႏိုင္မွ။ ေက်ာင္းႀကီးေတြ ေဆာက္လုပ္လႉဒါန္းႏိုင္မွ ဒါန မဟုတ္ပါဘူး။ အိမ္မွာရွိတဲ့ ဘုရားကို ေရခ်မ္း ကပ္လိုက္မယ္ ဆိုလည္း ဒါန ျဖစ္သြားတာပါပဲ။

ေနာက္ ကိုယ္ထမင္းခ်က္မယ့္ ဆန္ထဲက လက္တစ္ဆုတ္စာေလာက္ႏႈိက္ၿပီး အိမ္ေရွ႕က စာကေလးေတြ ခိုကေလးေတြကို ပစ္ေကြၽးလိုက္မယ္ဆိုရင္လည္း ဒါနျဖစ္သြားတာပါပဲ။

ဆန္လက္တစ္ဆုတ္ ေလာက္နဲ႔ေတာ့ မိသားစု ထမင္းဝိုင္းကို သိပ္ၿပီးလည္း မထိခိုက္ေစပါဘူး။ ေန႔စဥ္ လက္တစ္ဆုတ္ စာေလာက္ စာကေလးေတြကို ေကြၽးေနမယ္ ဆိုရင္လည္း ကိုယ့္ဝန္ ကိုယ့္အားနဲ႔ မွ်တဲ့ ဒါန ျဖစ္ေနတာပါ။

၉-၂။ သီလ

ဒုတိယက သီလ ပါ။ သီလမွာလည္း ေလာကီ ထဲမွာေနတဲ့ လူတစ္ေယာက္ အတြက္ ငါးပါးသီလေလာက္ လုံၿခဳံေအာင္ ေစာင့္ထိန္း လိုက္ႏိုင္တယ္ ဆိုရင္ပဲ ေတာ္ေတာ္ လုံေလာက္ေနပါၿပီ။

တစ္ဆင့္တက္ၿပီး ဥပုသ္ေန႔ေတြမွာ ၈ပါးသီလ၊ ၉ပါးသီလကို ေစာင့္ထိန္း ႏိုင္ရင္ေတာ့ အေကာင္းဆုံးေပါ့။ သီလကို ေစာင့္ေရွာက္တဲ့အတြက္ သီလကလည္း ကိုယ့္ကို သူ႔သတၱိ အားေလ်ာ္စြာ ျပန္ေစာင့္ေရွာက္ ပါလိမ့္မယ္။

၉-၃။ ဂုဏ္ေတာ္

တတိယက ဂုဏ္ေတာ္ပါ။ ဂုဏ္ေတာ္ ၉-ပါးထဲက ကိုယ္ႏွစ္သက္ရာ တစ္ခုခုကို ပြားလို႔ရပါတယ္။အရဟံဂုဏ္ေတာ္ကိုပဲ …

အရဟံ = ပူေဇာ္အထူးကို ခံယူထိုက္ေသာ ျမတ္စြာဘုရား၊အရဟံ = ကိေလသာ ကင္းစင္ေတာ္မူေသာ ျမတ္စြာဘုရား၊အရဟံ = ဆိတ္ကြယ္ရာအရပ္၌ပင္ မေကာင္းမႈကို ျပဳေတာ္မမူေသာ ျမတ္စြာဘုရား၊လို႔ ပြားမ်ားရပါတယ္။

အရဟံ ဆိုတဲ့ ပါဠိေလးရယ္။ အရဟံရဲ႕ ေနာက္က အနက္သုံးမ်ိဳးရယ္က ပြားလို႔ ဆင္ျခင္လို႔ သိပ္ေကာင္းတဲ့ ပါဠိနဲ႔အနက္ေလးေတြပါ။ဂုဏ္ေတာ္ပြားတဲ့အတြက္ ဂုဏ္ေတာ္က သူ႔သတၱိအားေလ်ာ္စြာ ျပန္ေစာင့္ေရွာက္ေန ပါလိမ့္မယ္။

၉-၄။ ေမတၱာ

စတုတၳက ေမတၱာပါ။ ေမတၱာပြားတဲ့ေနရာမွာ ပြားနည္းေတြကေတာ့ သီသန႔္အက်ယ္ကို ရွိပါတယ္။ စာေရးသူရဲ႕ ေမတၱာ အေတြးမ်ား စာအုပ္မွာလည္း ပြားပုံ ျပည့္ျပည့္စုံစုံ ေရးျပထားပါတယ္။

ေမတၱာပြားတဲ့ ေနရာမွာ အဓိက အႀကံေပးခ်င္ တာေတာ့ ပထမ ကိုယ့္အေပၚ ေက်းဇူးရွိတဲ့ ေက်းဇူးမ်ားတဲ့ လူပုဂၢိဳလ္အားလုံးကို တစ္ေယာက္ခ်င္း ကုန္ေအာင္ပြားပါ။

ၿပီးရင္ နတ္ေကာင္း နတ္ျမတ္ေတြ၊ ကိုယ္ေစာင့္နတ္-အိမ္ေစာင့္နတ္ ကစၿပီး၊ လမ္းၿမိဳ႕နယ္၊ ၿမိဳ႕၊ ႏိုင္ငံကို ေစာင့္ေရွာက္ေနၾကေသာ နတ္ေကာင္း နတ္ျမတ္ေတြ အားလုံး ကိုယ္ဆင္းရဲ စိတ္ဆင္းရဲ ကင္းပါေစ၊ အစစအရာရာ အဆင္ေျပ ပါေစ… စသည္ျဖင့္ ေပါ့ေလ။

၉-၅။ ဝိပႆနာ

ေနာက္ဆုံးက ဝိပႆနာပါ။ ဝိပႆနာ ကေတာ့ ကိုယ္အားထုတ္ဖူးရာ-ကိုယ္သန္ရာ သန္ရာ ကိုယ့္ အာစရိယ ဝါဒအတိုင္း မွတ္ယူလို႔ ရပါတယ္။

(မည္သည့္ တရားစခန္း မည္သည့္ အာစရိယဝါဒမွ် သင္ၾကားထားျခင္း မရွိသူမ်ားအဖို႔ အစပိုင္းတြင္ တင္ပလႅင္ေခြ(ထက္ဝယ္ဖြဲ႕ေခြ)ထိုင္၊ ဘယ္လက္ေပၚ ညာလက္ထပ္တင္၊ ခါး-လည္ပင္း-ဦးေခါင္းကို မတ္မတ္ထား၊ အသက္ကို ပုံမွန္ရႉလွ်က္

ဝင္ေလဝင္လာလွ်င္ ဝင္ လာ သည္ဟု သိေပး၊ ထြက္ေလ ထြက္သြားရင္ ထြက္သြားသည္ဟု သိေပးျခင္းျဖင့္ မိမိစိတ္ကို ထိုထိုႏွာသီးဝသို႔သာ စူးစိုက္ေရာက္ရွိေစရန္ ပဏာမ ေလ့က်င့္ၾကလွ်က္ ၇ရက္စခန္း-၁၀ရက္စခန္း စသည္တို႔ကို ဝင္ေရာက္ႏိုင္ရန္ တိုး၍ ႀကိဳးစား ၾကသင့္ေပသည္။ )

၁၀။ ကုသိုလ္-၅မ်ိဳး တစ္ေန႔တာကဲ … စာဖတ္သူ၊ စိတ္ကူးနဲ႔ပဲ ကုသိုလ္၅မ်ိဳးကို စမ္းၾကည့္ရေအာင္ပါ။

၁၀-၁။ အိပ္ရာထ

မနက္ အိပ္ရာက ထတာနဲ႔ ကိုယ္လက္ သန႔္စင္ၿပီး မိသားစု ကိစၥေတြကို ဘာမွ မလုပ္နဲ႔ဦး။ ဘုရားခန္းကို အရင္သြားပါ။

ဘုရားေသာက္ေတာ္ေရကိုအရင္ကပ္ပါ။ (ဒါန)ကပ္ၿပီးရင္ ၅ပါးသီလ ခံယူပါ။ (သီလ)အဲဒါၿပီးရင္ ဂုဏ္ေတာ္ကို ၅-မိနစ္ ( ဂုဏ္ေတာ္ )ေမတၱာကို ၅-မိနစ္ ပြားပါ။ ( ေမတၱာ )ၿပီးရင္ ဝိပႆနာ ၅-မိနစ္ ပြားမ်ားပါ။ ( ဝိပႆနာ )

အင္မတန္ နည္းပါးတဲ့ ၁၅မိနစ္အခ်ိန္ေလာက္ေတာ့ လူတိုင္း လုပ္ႏိုင္ေလာက္မယ္ ထင္ပါတယ္။ ( ၅မိနစ္စီ ဆိုသည္မွာ အနည္းဆုံး ျပဳရန္အခ်ိန္ကို ဆိုလိုျခင္းျဖစ္ၿပီး မိမိတို႔၏ ခြန္အားအလိုက္ သဒၶါ တရားအလိုက္ ၁၀မိနစ္စီ၊ နာရီဝက္စီ၊ တစ္နာရီစီ စသည္ျဖင့္ အဓိ႒ာန္ျပဳ

ေန႔တစ္ေန႔တာရဲ႕ အစကို ကုသိုလ္ ၅မ်ိဳးနဲ႔ စလိုက္တာ ဘယ္ေလာက္ က်က္သေရ ရွိသြားလဲ ။ အိပ္ရာထၿပီး နာရီဝက္ ၁နာရီအတြင္းမွာပဲ ကုသိုလ္၅မ်ိဳး ရေနပါၿပီ။ အဲဒီ ကုသိုလ္ ၅မ်ိဳးျပဳၿပီးမွ မိသားစုကိစၥ၊ ကိုယ့္ကိစၥ ေဝယ်ာဝစၥေတြကို ျပဳလုပ္ပါ။

၁၀-၂။ ေန႔လည္

အဲဒီလိုနဲ႔ မနက္စာစားၿပီးတဲ့ အခါ ဆန္လက္တစ္ဆုတ္ စာယူၿပီး ၿခံေရွ႕မွာ ငွက္ကေလးေတြ အတြက္ ပက္ေကြၽးလိုက္ပါဦး။

ေကြၽးၿပီးသြားရင္ အဆစ္အေနနဲ႔ ” ဒီေန႔ မနက္ ျပဳျဖစ္ခဲ့တဲ့ ကုသိုလ္၅မ်ိဳး ကိုလည္း အမွ် ေပးေဝပါတယ္။ အမွ် အမွ် အမွ် ယူေတာ္မူၾကပါ။ သာဓု၊ သာဓု၊ သာဓု ” ဆိုၿပီး နတ္ေကာင္း နတ္ျမတ္မ်ားနဲ႔တကြ ေဝေနယ် အေပါင္းကို အမွ်ေပးေဝလိုက္ပါဦး။

၁၀-၃။ ညပိုင္း

တတ္ႏိုင္တယ္။ အခ်ိန္ရတယ္။ သဒၶါတရားလဲ ထက္သန္လာတယ္ ဆိုရင္ ညပိုင္း ကိုးရီးယားကားေလး မလာခင္၊ ဒါမွမဟုတ္ ကိုးရီးယားကားေလး ၿပီးသြားတဲ့အခါ ကုသိုလ္ငါးမ်ိဳးကို မနက္ကအတိုင္း တစ္ႀကိမ္ ထပ္လုပ္လိုက္ပါဦး။

၁၁။ ေန႔စဥ္ျပဳအပ္သည္

ဒီအတိုင္းသာ ေန႔စဥ္ျပဳသြားစမ္းပါ။ ဆိုးေနတဲ့ကံဟာ ေတာင္းပန္ၿပီး ထြက္သြားဦးမွာပါ။

ဒါေပမယ့္ ဒီေန႔လုပ္-နက္ျဖန္ျဖစ္ ဆိုတဲ့ပုံစံမ်ိဳးေတာ့ ဘယ္ျဖစ္ႏိုင္မွာလဲ။ တစ္လတန္သည္ တစ္ႏွစ္တန္သည္ေတာ့ စြဲလုပ္ရပါမယ္။ ရက္မပ်က္ေအာင္ အဓိ႒ာန္ျပဳ၍ လုပ္ရပါမယ္။ အကုသိုလ္ဆိုတဲ့ အင္းအားက ႀကီးလြန္းေနရင္ေတာ့ ခ်က္ျခင္းႀကီး ရႏိုင္မွာ မဟုတ္ပါဘူး။

ဒါေပမယ့္ ကုသိုလ္ အင္အား ေကာင္းလာတာနဲ႔ အမွ် ကုသိုလ္အင္အားကို ၾကည့္ၿပီး လန႔္ေျပးသြားမွာပါ။ဒါက ကံဆိုး ေနတဲ့သူေတြကို ေျပာတာပါ။

ကံေကာင္း ေနတဲ့သူေတြ အတြက္လည္း အၿမဲတမ္း ကံေကာင္းေနေအာင္ ကုသိုလ္၅မ်ိဳး နဲ႔ အၿမဲျပဳစု ေစာင့္ေရွာက္ေနသင့္ပါတယ္။ဒီကုသိုလ္၅မ်ိဳးနဲ႔ ကံေကာင္းေအာင္ လုပ္ေနတဲ့အတြက္ ဒုတိယဘဝ၊ တတိယဘ၀ စသည္ေတြမွာလည္း ဆက္ၿပီး ကံေကာင္းေနဦးမွာပါ။

၁၂။ ဒုကၡႀကံရင္ သစၥာဆို။

ဒီကုသိုလ္ ၅မ်ိဳးကို ကံေကာင္းျခင္း၊ ကံဆိုးျခင္းေၾကာင့္ မဟုတ္ဘဲ ေန႔စဥ္ဝတ္တစ္ခု အေနနဲ႔ ျပဳရပါမယ္။ အဲဒီလို ျပဳေနစဥ္ အတြင္းမွာပဲဘ၀ အခက္အခဲ တစ္ခု ႀကဳံလာမယ္၊

ဒါဆို ကိုယ္ျပဳတဲ့ကုသိုလ္၅မ်ိဳးကို ေန႔စဥ္ အမွ်ေပးေဝေနတဲ့ နတ္ေကာင္းန တ္ျမတ္ေတြကို တိုင္တည္ၿပီး သစၥာ ဆိုလို႔လည္း ရပါတယ္။

” ကြၽႏ္ႈပ္သည္ ကုသိုလ္၅မ်ိဳးကို ေန႔စဥ္ျပဳၿပီး၊ နတ္ေကာင္းန တ္ျမတ္ မ်ားကိုလည္း ေန႔စဥ္ အမွ်ေပးေဝခဲ့ပါတယ္။ ဤသစၥာစကား မွန္ကန္ပါက ယခုေတြ႕ႀကဳံေနရေသာ အခက္အခဲမ်ား ေျပေပ်ာက္ ပါေစသတည္း။ နတ္ေကာင္း နတ္ျမတ္တို႔က ကူညီမစေတာ္မူပါ ” စသည္ျဖင့္ေပါ့ေလ…..

၁၃။ သံသရာကပင္ ကြၽတ္ႏိုင္ရဲ႕

ကုသိုလ္ ၅-မ်ိဳးထဲမွာ ဝိပႆနာလည္း ပါေနေတာ့ တရားမွတ္ရင္ ပါရမီပါခဲ့ရင္ တစ္မဂ္ တစ္ဖိုလ္မွသည္ ေလးမဂ္၊ ေလးဖိုလ္ အထိ တရားထူးတရားျမတ္ေတြ ရသြားၿပီး သံသရာဝဋ္က ကြၽတ္သြားႏိုင္ပါေသးတယ္။

ကုသိုလ္ ၅မ်ိဳးကို ဘယ္အဆင့္အထိ ျပဳရမလဲ … ဆိုရင္ ညအိပ္ရာဝင္လို႔မွ ဒီေန႔ တစ္ေန႔တာအတြက္ ကုသိုလ္ ၅မ်ိဳး မျပဳရေသးရင္ အိပ္လို႔ လုံးဝမေပ်ာ္တဲ့ အဆင့္ ခ်က္ျခင္း ထလုပ္လိုက္မွ အိပ္ေပ်ာ္တယ္ အိပ္လို႔ရတယ္ ဆိုတဲ့ အဆင့္ထိ ျပဳလုပ္ၾကရပါတယ္ …

ကဲ …. စာဖတ္သူ … ၊ ကံ နဲ႔ ပတ္သက္လို႔ ေသခ်င္ေလာက္ေအာင္ ဆိုးေနပါေစ။ ကုသိုလ္ ၅မ်ိဳးနဲ႔သာ ေန႔စဥ္ ျပဳျပင္ လိုက္စမ္းပါ။ မၾကာခင္ ကံေကာင္းလာပါလိမ့္မယ္။

မူရင္းစာေရးသားသူ – အရွင္ရာဇိႏၵ

ရေဝႏြယ္(အင္းမ)