၁ – သင့္ကိုယ္သင္ လက္ခံပါ။
သင္ဟာ ႐ုပ္လွတဲ့ပဲျဖစ္ျဖစ္၊ ႐ုပ္ဆိုးတဲ့သူပဲျဖစ္ျဖစ္၊ဆင္းရဲသူပဲျဖစ္ျဖစ္ သင္ကိုသင္ လက္ခံပါ။ယခုလက္ရွိ သင့္ဘဝဟာ ဘယ္ေလာက္ပဲနိမ့္က်ေနပါေစ ဒါကို လက္ခံလိုက္ပါ။ၿပီးရင္ သင့္ဘဝကို ျမႇင့္တင္ဖို႔ ႀကိဳးစားပါ။
၂ – သင့္ကိုသင္ အားေပးစကား အၿမဲေျပာပါ။
လူေတြက သင့္ကို ဝိုင္းၿပီး အားေပးစကားေျပာရင္သင့္ရဲ႕ စိတ္ဓာတ္ေတြ တက္ႂကြလာတတ္ပါတယ္။ဒါေပမယ့္ လူတိုင္းက သင္စိတ္ဓာတ္က်တိုင္းအားေပးႏိုင္မွာ မဟုတ္ပါဘူး။အဲ့ဒီေတာ့ သင့္ကိုသင္ အားေပးတတ္ဖို႔လိုပါတယ္။အၿမဲတမ္း အေကာင္းျမင္တဲ့ အေတြးေတြကိုေတြးထားပါ။
သင့္ကိုသင္ အေကာင္းျမင္တဲ့စကားေတြေျပာေပးပါ။ဥပမာ…သင္တစ္ခုခုကို ေၾကာက္တိုင္း“ငါမေၾကာက္ဘူး။ ငါရင္ဆိုင္ရဲတယ္။ ငါရင္ဆိုင္လိုက္မယ္။”လို႔ေျပာပါ။
၃ – စာဖတ္ပါ။ စာဖတ္ျခင္းက သင့္ရဲ႕ ပုန္းကြယ္ေနတဲ့
စြမ္းအားေတြကို ထြက္ေပၚလာေစဖို႔ အကူအညီေပးပါတယ္။မတူကြဲျပားတဲ့ ဘဝေတြကို နားလည္လက္ခံလာေစတတ္ပါတယ္။ သင့္ရဲ႕ စိတ္စြမ္းအားကိုလည္းျမႇင့္တင္ေပးႏိုင္တာေၾကာင့္ အၿမဲတမ္းစာဖတ္ေပးဖို႔လိုပါတယ္။
၄ – သင့္ကိုေပ်ာ္႐ႊင္ေစတာ သင့္ရဲ႕စိတ္ပါ။
သင့္ကို မေပ်ာ္မ႐ႊင္ျဖစ္ေစတာလည္း သင့္ရဲ႕စိတ္ေပၚမွာ အမ်ားႀကီးမူတည္ေနပါတယ္။ဒါ့ေၾကာင့္ သင့္ရဲ႕ စိတ္ကိုထိန္းခ်ဳပ္တတ္ပါေစ။တိုေတာင္းလွတဲ့ ဘဝမွာ သင္ဟာ ဘာျဖစ္လို႔စိတ္အားငယ္ေနရမွာလဲ။ ဘာျဖစ္လို႔ မေပ်ာ္မ႐ႊင္ျဖစ္ေနရမွာလဲ။ အခုကစၿပီး ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္တက္တက္ႂကြႂကြေနမယ္လို႔ သေဘာထားလိုက္ပါ။
၅ – ၿပဳံးပါ။ အားရပါးရ ၿပဳံးလိုက္ပါ။
အၿပဳံးဟာ စိတ္ဒဏ္ရာေတြကို အေဝးကိုလြင့္စင္ေအာင္ ျပဳလုပ္ႏိုင္းစြမ္းရွိပါတယ္။ဘယ္လို အေျခအေနမ်ိဳးမွာပဲ ျဖစ္ျဖစ္ အၿမဲၿပဳံးႏိုင္ေအာင္ ႀကိဳးစားထားပါ။
၆ – ခြင့္လႊတ္လိုက္ပါ။
လက္ရွိ သင္ရဲ႕စိတ္ထဲမွာ မေက်မနပ္ျဖစ္ေနတဲ့ အရာတစ္ခုကို ေမ့ပစ္ဖို႔အတြက္ခြင့္လႊတ္သင့္တဲ့သူကို ခြင့္လႊတ္ေပးလိုက္ပါ။စိတ္ကို ၿငိမ္းခ်မ္းေအာင္ ေမ့သင့္တာကိုေမ့ပါ။
၇ – ဘယ့္သူ႔ကိုမွ အရမ္းႀကီး မခ်စ္ပါနဲ႔။
လူတစ္ေယာက္ကို ခ်စ္လို႔ ရပါတယ္။ဒါေပမယ့္ အရမ္းႀကီး မခ်စ္မိပါေစနဲ႔။သင့္ကို နာၾကင္ရေစပါတယ္။ တစ္ခါတစ္ေလမွာသင္အရမ္းခ်စ္ရတဲ့သူက သင့္ကိုဘာမွမလုပ္ေသးပဲနဲ႔၊သူနဲ႔လည္း ဘာမွမဆိုင္ေသးပဲနဲ႔သူ႔ကို ခ်စ္မိတာေလးနဲ႔ကို သင့္ရဲ႕စိတ္ေတြမေပ်ာ္မ႐ႊင္ျဖစ္ရတတ္ပါတယ္။
၈ – မအိပ္ခင္ အခ်ိန္ေလးမွာ တစ္ေန႔တာ
ျဖတ္သန္းခဲ့ရသမွ်ကို ျပန္စဥ္းစားပါ။မွားခဲ့သမွ်ကို ျပင္ဆင္ပါ။ ေနာက္တစ္ေန႔အတြက္အစီအစဥ္ ခ်မွတ္ပါ။ ၿပီးရင္ ၿငိမ္းခ်မ္းစြာအိပ္စက္အနားယူပါ။
ကြၽန္ေတာ္ရဲ႕ စာေတြေၾကာင့္ စိတ္အားတက္ႂကြေစမယ္လို႔ ယုံၾကည္မိပါတယ္။ေလးစားစြာျဖင့္ Credit to .ကိုရ
Unicode
၁ – သင့်ကိုယ်သင် လက်ခံပါ။
သင်ဟာ ရုပ်လှတဲ့ပဲဖြစ်ဖြစ်၊ ရုပ်ဆိုးတဲ့သူပဲဖြစ်ဖြစ်၊ဆင်းရဲသူပဲဖြစ်ဖြစ် သင်ကိုသင် လက်ခံပါ။ယခုလက်ရှိ သင့်ဘဝဟာ ဘယ်လောက်ပဲနိမ့်ကျနေပါစေ ဒါကို လက်ခံလိုက်ပါ။ပြီးရင် သင့်ဘဝကို မြှင့်တင်ဖို့ ကြိုးစားပါ။
၂ – သင့်ကိုသင် အားပေးစကား အမြဲပြောပါ။
လူတွေက သင့်ကို ဝိုင်းပြီး အားပေးစကားပြောရင်သင့်ရဲ့ စိတ်ဓာတ်တွေ တက်ကြွလာတတ်ပါတယ်။ဒါပေမယ့် လူတိုင်းက သင်စိတ်ဓာတ်ကျတိုင်းအားပေးနိုင်မှာ မဟုတ်ပါဘူး။အဲ့ဒီတော့ သင့်ကိုသင် အားပေးတတ်ဖို့လိုပါတယ်။အမြဲတမ်း အကောင်းမြင်တဲ့ အတွေးတွေကိုတွေးထားပါ။
သင့်ကိုသင် အကောင်းမြင်တဲ့စကားတွေပြောပေးပါ။ဥပမာ…သင်တစ်ခုခုကို ကြောက်တိုင်း“ငါမကြောက်ဘူး။ ငါရင်ဆိုင်ရဲတယ်။ ငါရင်ဆိုင်လိုက်မယ်။”လို့ပြောပါ။
၃ – စာဖတ်ပါ။ စာဖတ်ခြင်းက သင့်ရဲ့ ပုန်းကွယ်နေတဲ့
စွမ်းအားတွေကို ထွက်ပေါ်လာစေဖို့ အကူအညီပေးပါတယ်။မတူကွဲပြားတဲ့ ဘဝတွေကို နားလည်လက်ခံလာစေတတ်ပါတယ်။ သင့်ရဲ့ စိတ်စွမ်းအားကိုလည်းမြှင့်တင်ပေးနိုင်တာကြောင့် အမြဲတမ်းစာဖတ်ပေးဖို့လိုပါတယ်။
၄ – သင့်ကိုပျော်ရွှင်စေတာ သင့်ရဲ့စိတ်ပါ။
သင့်ကို မပျော်မရွှင်ဖြစ်စေတာလည်း သင့်ရဲ့စိတ်ပေါ်မှာ အများကြီးမူတည်နေပါတယ်။ဒါ့ကြောင့် သင့်ရဲ့ စိတ်ကိုထိန်းချုပ်တတ်ပါစေ။တိုတောင်းလှတဲ့ ဘဝမှာ သင်ဟာ ဘာဖြစ်လို့စိတ်အားငယ်နေရမှာလဲ။ ဘာဖြစ်လို့ မပျော်မရွှင်ဖြစ်နေရမှာလဲ။ အခုကစပြီး ပျော်ပျော်ရွှင်ရွှင်တက်တက်ကြွကြွနေမယ်လို့ သဘောထားလိုက်ပါ။
၅ – ပြုံးပါ။ အားရပါးရ ပြုံးလိုက်ပါ။
အပြုံးဟာ စိတ်ဒဏ်ရာတွေကို အဝေးကိုလွင့်စင်အောင် ပြုလုပ်နိုင်းစွမ်းရှိပါတယ်။ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် အမြဲပြုံးနိုင်အောင် ကြိုးစားထားပါ။
၆ – ခွင့်လွှတ်လိုက်ပါ။
လက်ရှိ သင်ရဲ့စိတ်ထဲမှာ မကျေမနပ်ဖြစ်နေတဲ့ အရာတစ်ခုကို မေ့ပစ်ဖို့အတွက်ခွင့်လွှတ်သင့်တဲ့သူကို ခွင့်လွှတ်ပေးလိုက်ပါ။စိတ်ကို ငြိမ်းချမ်းအောင် မေ့သင့်တာကိုမေ့ပါ။
၇ – ဘယ့်သူ့ကိုမှ အရမ်းကြီး မချစ်ပါနဲ့။
လူတစ်ယောက်ကို ချစ်လို့ ရပါတယ်။ဒါပေမယ့် အရမ်းကြီး မချစ်မိပါစေနဲ့။သင့်ကို နာကြင်ရစေပါတယ်။ တစ်ခါတစ်လေမှာသင်အရမ်းချစ်ရတဲ့သူက သင့်ကိုဘာမှမလုပ်သေးပဲနဲ့၊သူနဲ့လည်း ဘာမှမဆိုင်သေးပဲနဲ့သူ့ကို ချစ်မိတာလေးနဲ့ကို သင့်ရဲ့စိတ်တွေမပျော်မရွှင်ဖြစ်ရတတ်ပါတယ်။
၈ – မအိပ်ခင် အချိန်လေးမှာ တစ်နေ့တာ
ဖြတ်သန်းခဲ့ရသမျှကို ပြန်စဉ်းစားပါ။မှားခဲ့သမျှကို ပြင်ဆင်ပါ။ နောက်တစ်နေ့အတွက်အစီအစဉ် ချမှတ်ပါ။ ပြီးရင် ငြိမ်းချမ်းစွာအိပ်စက်အနားယူပါ။
ကျွန်တော်ရဲ့ စာတွေကြောင့် စိတ်အားတက်ကြွစေမယ်လို့ ယုံကြည်မိပါတယ်။လေးစားစွာဖြင့် Credit to .ကိုရဲ