ကေမာၻဇဘဏ္မွ ရွမ္းျပည္နယ္ ျပည္သူလူထုစားနပ္ရိကၡာ ေထာက္ပံ့ေရးေကာ္မတီသို႔ ေငြက်ပ္ သိန္း ၅၀၀၀ ကို ယေန႔ (ဇြန္လ ၅ ရက္)တြင္ ထပ္မံ လႉဒါန္းျခင္းအား တိုက္႐ိုက္ ထုတ္လႊင့္ေနျခင္း ျဖစ္ပါသည္။
ရွမ္းျပည္နယ္ ျပည္သူလူထု စားနပ္ရိကၡာေထာက္ပံ့ေရးေကာ္မတီသို႔ ကေမာၻဇဘဏ္မွ ေငြက်ပ္ သိန္း ၆၅၀၀ ေက်ာ္ လႉဒါန္းထားၿပီး ျဖစ္ကာ COVID-19 ကာလအတြင္း တစ္ႏိုင္ငံလုံး အတိုင္းတာျဖင့္ စုစုေပါင္း က်ပ္သိန္းေပါင္း ၃၇၀၀၀ ေက်ာ္ကို ကေမာၻဇအုပ္စုက လႉဒါန္းထားၿပီး ျဖစ္ေၾကာင္း သိရသည္။
ကေမာၻဇဘဏ္မွ ရွမ္းျပည္နယ္ ျပည္သူလူထုစားနပ္ရိကၡာ ေထာက္ပံ့ေရးေကာ္မတီသို႔ ေငြက်ပ္ သိန္း ၅၀၀၀ ကို ယေန႔ (ဇြန္လ ၅ ရက္)တြင္ ထပ္မံ လႉဒါန္းျခင္းအား တိုက္႐ိုက္ ထုတ္လႊင့္ေနျခင္း ျဖစ္ပါသည္။
ရွမ္းျပည္နယ္ ျပည္သူလူထု စားနပ္ရိကၡာေထာက္ပံ့ေရးေကာ္မတီသို႔ ကေမာၻဇဘဏ္မွ ေငြက်ပ္ သိန္း ၆၅၀၀ ေက်ာ္ လႉဒါန္းထားၿပီး ျဖစ္ကာ COVID-19 ကာလအတြင္း တစ္ႏိုင္ငံလုံး အတိုင္းတာျဖင့္ စုစုေပါင္း က်ပ္သိန္းေပါင္း ၃၇၀၀၀ ေက်ာ္ကို ကေမာၻဇအုပ္စုက လႉဒါန္းထားၿပီး ျဖစ္ေၾကာင္း သိရသည္။
.
ကေမၻာဇဘဏ္ႏွင့္ ကေမၻာဇအနာဂတ္အလင္းတန္းျမန္မာေဖာင္းေဒးရွင္းသည္ ကရင္ျပည္နယ္၊ မြန္ျပည္နယ္၊ ရခိုင္ျပည္နယ္၊ တနသၤာရီတိုင္းေဒသႀကီးႏွင့္ ပဲခူးတိုင္းေဒသႀကီးတို႔မွ ေရေဘးသင့္ျပည္သူမ်ားအတြက္ တိုင္းေဒႀကီးႏွင့္ ျပည္နယ္ တစ္ခုလ်င္ ေငြက်ပ္သိန္း ၅၀၀ ႏႈန္းျဖင့္ စုစုေပါင္းက်ပ္သိန္း ၂၅၀၀ ကို လတ္တေလာ လွဴဒါန္းထားၿပီး၊ စုစုေပါင္း သိန္း တစ္ေသာင္းကို ေရေဘးသင့္ျပည္သူမ်ားအတြက္ လွဴဒါန္းသြားမည္ ျဖစ္ေၾကာင္း သိရသည္။
(၂၀၁၅ ခုႏွစ္က ေရေဘးသင့္ေဒသမ်ားတြင္ အခ်ိန္ႏွင့္တေျပးညီ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ထူေထာင္ေရး လုပ္ငန္းမ်ားကို ကေမၻာဇ အနာဂတ္ အလင္းတန္းျမန္မာေဖာင္ေဒးရွင္း ဥကၠ႒ ေဒၚနန္းလိုင္းခမ္းႏွင့္အဖြဲ႕မွ သြားေရာက္ေဆာင္ရြက္စဥ္)
ကရင္ျပည္နယ္အစိုးရအဖဲြ႕သို႔ ဇူလိုင္လ ၂၉ ရက္တြင္ လည္းေကာင္း၊ မြန္ျပည္နယ္ႏွင့္ တနသၤာရီတိုင္းေဒသႀကီး အစိုးရအဖဲြ႕မ်ားသို႔ ဇူလိုင္လ ၃၀ ရက္တြင္ လည္းေကာင္း၊ ပဲခူးတိုင္းေဒသႀကီးႏွင့္ ရခိုင္ျပည္နယ္ အစိုးရအဖဲြ႕မ်ားသို႔ ဇူလိုင္လ ၃၁ ရက္တြင္ လည္းေကာင္း ေရေဘးသင့္ျပည္သူမ်ားအတြက္ ကေမၻာဇဘဏ္ႏွင့္ ကေမၻာဇအနာဂတ္ အလင္းတန္းျမန္မာေဖာင္းေဒးရွင္းမွ ေငြက်ပ္ သိန္း ၅၀၀ စီ လွဴဒါန္းခဲ့ျခင္း ျဖစ္သည္။
(ကေမ႓ာဇဘဏ္ႏွင့္ ကေမ႓ာဇအနာဂတ္အလင္းတန္းျမန္မာေဖာင္ေဒးရွင္းမွ တာဝန္ရွိသူ ဦးမ်ိဳးဆန္းက ေရေဘးသင့္ျပည္သူမ်ားထံသို႕ အကူအညီမ်ား ေပးအပ္ႏိုင္ရန္ေငြက်ပ္ သိန္း ၅၀၀ ကို ကရင္ျပည္နယ္ အစိုးရအဖြဲ႕ ဘ႑ာအခြန္ႏွင့္ စည္ပင္ဝန္ၾကီး ဦးသန္းႏိုင္ထံ ေပးအပ္လွဴဒါန္းစဥ္)
” ကေမာၻဇဘဏ္အေနနဲ႔ ယခုႏွစ္မွ လွဴဒါန္းျခင္း မဟုတ္ဘဲ ယခင္ကလည္း လွဴဒါန္းခဲ့တာ ျဖစ္တဲ့အတြက္ ဂုဏ္ျပဳ ခ်ီးက်ဴးပါတယ္။ ႏိုင္ငံေတာ္၏အတုိင္ပင္ခံပဂၢိဳလ္ ကလည္း ေရက်လို႔ အိမ္ျပန္ခ်ိန္မွာ ေနာက္ထပ္ ႏွစ္ရက္၊ သံုးရက္စာ အစားအေသာက္မ်ား ထည့္ေပးရန္ လမ္းညြန္ခဲ့တဲ့အတြက္ အခု အလွဴေငြနဲ႔ လိုအပ္တာမ်ားကို ဆက္လက္ ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္။” ဟု ကရင္ျပည္နယ္အစိုးရအဖြဲ႕ ဘ႑ာအခြန္ႏွင့္ စည္ပင္ဝန္ၾကီး ဦးသန္းႏိုင္က ေျပာၾကားခဲ့သည္။
(ကေမ႓ာဇဘဏ္ႏွင့္ ကေမ႓ာဇအနာဂတ္အလင္းတန္းျမန္မာေဖာင္ေဒးရွင္းမွ တာဝန္ရွိသူ ေဒၚမ်ိဳးမ်ိဳးခိုင္မွ ေရေဘးသင့္ ျပည္သူမ်ားထံသို႕ အကူအညီမ်ား ေပးအပ္ႏုိင္ရန္အတြက္ ေငြက်ပ္ သိန္း ၅၀၀ ကို ပဲခူးတိုင္း ဝန္ၾကီးခ်ဳပ္ ဦး၀င္းသိန္းထံ ေပးအပ္လွဴဒါန္းစဥ္)
မြန္ျပည္နယ္ဝန္ၾကီးခ်ဳပ္ ေဒါက္တာေအးဇံမွ ” ယခုလို လာေရာက္လွဴဒါန္းသည့္အတြက္ ေက်းဇူးတင္ပါတယ္၊ အခု အလွဴေငြမ်ားနဲ႔ ေရေဘးသင့္ ျပည္သူေတြ လိုအပ္ေနတဲ့ ဆန္၊ ဆီ၊ ေဆးႏွင့္ အျခားလိုအပ္တဲ့ အသံုးအေဆာင္ ပစၥည္းေတြကို ဝယ္ယူ ပံ့ပိုးေပးသြားမွာ ျဖစ္ပါတယ္” ဟု ေျပာၾကားခဲ့သည္။
(ကေမ႓ာဇဘဏ္ႏွင့္ ကေမ႓ာဇအနာဂတ္အလင္းတန္းျမန္မာေဖာင္ေဒးရွင္းမွ တာဝန္ရွိသူ ဦးစံျမမွ ေငြက်ပ္ သိန္း ၅၀၀ ကို ရခိုင္ျပည္နယ္ အစိုးရအဖြဲ႕ လူမႈေရးဝန္ၾကီး ေဒါက္တာခ်မ္းသာထံ ေပးအပ္လွဴဒါန္းစဥ္)
ထို႔အတူ တနသာၤရီတိုင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္ ေဒၚလဲဲ့လဲ့ေမာ္ကလည္း “တနသာၤရီျမစ္မွ စတင္၍ေရႀကီးေရလွ်ံမွဳဟာ ရက္ ၂၀ ေက်ာ္ေနၿပီ ျဖစ္ေၾကာင္း၊ ကေမာၻဇဘဏ္မွ အၿမဲလႈဒါန္းေပးတဲ့အတြက္ ေက်းဇူးအထူးတင္ေၾကာင္းနဲ႔ ကေမာၻဇဘဏ္က တနသာၤရီၿမိဳ႕ရွိ ကယ္ဆယ္ေရစခန္းမ်ားမွ အိမ္ေထာင္စု ၂၀၀ ေက်ာ္နဲ႔ လူဦးေရ ၁၀၀၀ ေက်ာ္ အတြက္ ၿမိတ္ဘဏ္ခြဲ ၃ ခုက ေဒသဆိုင္ရာအာဏာပိုင္အဖြဲ႕အစည္းေတြနဲ႔ အတူ လိုအပ္တဲ့ ဆန္ဆီနဲ႔ ကုန္ေျခာက္ေတြ သြားေရာက္လႈဒါန္းတာကို သိရွိရတဲ့ေက်းဇူးတင္ပါေၾကာင္း” ေျပာၾကားခဲ့သည္။
(ကေမ႓ာဇအနာဂတ္အလင္းတန္းျမန္မာေဖာင္ေဒးရွင္းမွ တာဝန္ရွိသူ ဦးမ်ိဳးဆန္း က ေရေဘးသင့္ၿပည္သူမ်ားထံသို႕ အကူအညီမ်ား အလွ်င္ၿမန္ဆံုးႏွင့္ အထိေရာက္ဆံုးေပးအပ္ႏိုင္ရန္ ေငြက်ပ္ သိန္း ၅၀၀ အား မြန္္ျပည္နယ္ ၀န္ႀကီးခ်ဳပ္ ေဒါက္တာေအးဇံ ထံေပးအပ္လွဴဒါန္းစဥ္)
ကေမာၻဇဘဏ္မွ အရာထမ္း၊ ဝန္ထမ္းမ်ားသည္ ဇြန္လတြင္ ျဖစ္ပြားခဲ့သည့္ ေမာ္လၿမိဳင္ၿမိဳ႕ ေရၾကီးေရလွ်ံမွဳ ျဖစ္ပြားစဥ္ကတည္းကပင္ နီးစပ္ရာ ပရဟိတအဖြဲ႕အစည္းမ်ားျဖင့္ ပူးေပါင္း၍ အစားအစာ၊ ေသာက္ေရသန္႕ႏွင့္ လိုအပ္ေသာ ပစၥည္းမ်ားကို ေရေဘးသင့္ျပည္သူမ်ားအတြက္ သြားေရာက္ကူညီလွဴဒါန္းခဲ့ၿပီး ယခုအခါ ေရၾကီးေရလွ်ံမွဳဧရိယာ ပိုမိုက်ယ္ျပန္လာသည့္အတြက္ တနသာၤရီတိုင္းေဒသၾကီး
ထား၀ယ္ၿမိဳ႕၊ မြန္ၿပည္နယ္ က်ိဳက္ထုိၿမိဳ႕ႏွင္ ပဲခူးတိုင္းေဒသၾကီး ပဲခူးၿမိဳ႕ရွိ ကယ္ဆယ္ေရးစခန္းမ်ားသို႕ ေန႔စဥ္ သြားေရာက္ကာ မနက္စာ၊ ေန႔လယ္စာႏွင့္ ညစာမ်ား ခ်က္ျပဳတ္လွဴဒါန္းၿခင္း၊ ေသာက္ေရသန္႕မ်ား၊ ေဆးဝါးမ်ားႏွင့္ လိုအပ္ေသာ အသံုးအေဆာင္ ပစၥည္းမ်ား ကူညီ ေထာက္ပ့ံလွဴဒါန္းေပးလ်က္ ရွိေၾကာင္းလည္း သိရသည္။
(ကေမ႓ာဇအနာဂတ္အလင္းတန္းျမန္မာေဖာင္ေဒးရွင္းမွ တာဝန္ရွိသူ ေဒၚသင္းသင္းမိုးႏွင့္ ဦးရဲေသြးဦးက ေရေဘးသင့္ျပည္သူမ်ားအတြက္ ေငြက်ပ္ သိန္း ၅၀၀ အား တနသၤာရီတိုင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္ ေဒၚလဲ႔လဲ႔ေမာ္ ထံေပးအပ္လွဴဒါန္းစဥ္)
ပဲခူးတိုင္းေဒသႀကီး ဝန္ၾကီးခ်ဳပ္ ဦး၀င္းသိန္း က “ ယခုကဲသို႔ ေရေဘးႏွင့္ ၾကံဳေတြ႔ခ်ိန္မွာ ျပည္သူေတြအတြက္ လာေရာက္ လွဴဒါန္းေပးတဲ့ ကေမၻာဇႏွင့္ ကေမၻာဇအနာဂတ္အလင္းတန္းျမန္မာ ေဖာင္ေဒးရွင္းကို ေက်းဇူးတင္ပါေၾကာင္း၊ ခုလိုအခ်ိန္မွာ စည္းလံုးစြာႏွင့္ စုေပါင္းျခင္း အင္အားကို ေတြ႔ရသည့္အတြက္လည္း အထူးပင္ ဂုဏ္ယူပါေၾကာင္း ” ေက်းဇူးတင္စကား ေျပာၾကားခဲ့သည္။
၄င္းအျပင္ ရခုိင္ျပည္နယ္အစိုးရအဖဲြ႕ လူမႈေရးဝန္ၾကီး ေဒါက္တာခ်မ္းသာက “ ရခိုင္ေဒသသည္ ေရႀကီးျခင္း၊ မုန္တိုင္းတိုက္ျခင္းႏွင့္ သဘာ၀ေဘးမ်ား အျမဲတမ္းက်ေရာက္လ်က္ ရွိေၾကာင္း၊ ယခုလို အခ်ိန္ႏွင့္ တစ္ေျပးညီ ျပည္သူေတြအတြက္ လွဴဒါန္းမႈအေပၚ တိုင္းေဒသႀကီးအစိုးရအဖြဲ႕အေနျဖင့္ ၀န္ႀကီးခ်ဳပ္ႏွင့္ အစိုးရကိုယ္စား၊ ျပည္သူတစ္ရပ္လံုး၏ ကိုယ္စား ေက်းဇူးတင္ရွိပါေၾကာင္း ” ေျပာၾကားခဲ့သည္။
ကေမာၻဇဘဏ္ႏွင့္ ကေမာၻဇအနာဂတ္အလင္းတန္းျမန္မာေဖာင္ေဒးရွင္းသည္ ႏိုင္ငံအႏွံ႕အျပားရွိ ေရေဘးသင့္ ျပည္သူမ်ားထံသို႕ အကူအညီမ်ား အလွ်င္ျမန္ဆံုးႏွင့္ အထိေရာက္ဆံုး ေရာက္ရွိေစရန္အတြက္ ေဒသဆိုင္ရာအာဏာပုိင္ အဖြဲ႕အစည္းမ်ားထံ အလွဴေငြမ်ား လွဴဒါန္းျခင္း၊ ေဒသခံ ပရဟိတအဖြဲ႕မ်ားျဖင့္ ပူးေပါင္းေဆာင္ရြက္ျခင္း ႏွင့္ ဘဏ္အရာထမ္း၊ ဝန္ထမ္းမ်ားက ကယ္ဆယ္ေရးစခန္းမ်ားတြင္ ကိုယ္တိုင္သြားေရာက္၍ ကူညီျခင္း စသည့္ နည္းလမ္း ၃ ခုျဖင့္ ေန႕ည မနားဘဲ ေဆာင္ရြက္လ်က္ရွိေနျခင္း ျဖစ္သည္။
ရွမ္းတိုင္းရင္းသူမ်ား ျဖစ္ၾကသည့္ ေဒၚနန္းလိုင္းခမ္းႏွင့္ ေဒၚနန္းခမ္းေနာင့္တုိ႔ ဦးေဆာင္လ်က္ရွိေသာ ကေမာၻဇအနာဂတ္အလင္းတန္း ျမန္မာေဖာင္ေဒးရွင္းသည္ လတ္တေလာ ေရၾကီးေရလွ်ံမႈ ျဖစ္ပြားေနေသာ ေဒသမ်ားရွိ ေရေဘးသင့္ ျပည္သူမ်ားအား ကူညီေထာက္ပံ့ရန္ ေငြက်ပ္သိန္းေပါင္း တစ္ေသာင္းကို လွဴဒါန္းသြားမည္ ျဖစ္ၿပီး ေဖာင္ေဒးရွင္း စတင္တည္ေထာင္ခ်ိန္မွစ၍ က႑အသီးသီးတြင္ လူမ်ိဳးဘာသာ မေရြး၊ ေနရာေဒသ မေရြးဘဲ ႏိုင္ငံေတာ္ႏွင့္ ျပည္သူအတြက္ ယေန႕အထိ စုစုေပါင္းက်ပ္ေငြ ၁၄၄ ဘီလီယံေက်ာ္ကို လွဴဒါန္းခဲ့ၿပီိး ျဖစ္ေၾကာင္းလည္း သိရသည္။
unicode
ကမ္ဘောဇဘဏ်မှ ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီသို့ ငွေကျပ် သိန်း ၅၀၀၀ ကို ယနေ့ (ဇွန်လ ၅ ရက်)တွင် ထပ်မံ လှူဒါန်းခြင်းအား တိုက်ရိုက် ထုတ်လွှင့်နေခြင်း ဖြစ်ပါသည်။
ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီသို့ ကမ္ဘောဇဘဏ်မှ ငွေကျပ် သိန်း ၆၅၀၀ ကျော် လှူဒါန်းထားပြီး ဖြစ်ကာ COVID-19 ကာလအတွင်း တစ်နိုင်ငံလုံး အတိုင်းတာဖြင့် စုစုပေါင်း ကျပ်သိန်းပေါင်း ၃၇၀၀၀ ကျော်ကို ကမ္ဘောဇအုပ်စုက လှူဒါန်းထားပြီး ဖြစ်ကြောင်း သိရသည်။
ကမ္ဘောဇဘဏ်မှ ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီသို့ ငွေကျပ် သိန်း ၅၀၀၀ ကို ယနေ့ (ဇွန်လ ၅ ရက်)တွင် ထပ်မံ လှူဒါန်းခြင်းအား တိုက်ရိုက် ထုတ်လွှင့်နေခြင်း ဖြစ်ပါသည်။
ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီသို့ ကမ္ဘောဇဘဏ်မှ ငွေကျပ် သိန်း ၆၅၀၀ ကျော် လှူဒါန်းထားပြီး ဖြစ်ကာ COVID-19 ကာလအတွင်း တစ်နိုင်ငံလုံး အတိုင်းတာဖြင့် စုစုပေါင်း ကျပ်သိန်းပေါင်း ၃၇၀၀၀ ကျော်ကို ကမ္ဘောဇအုပ်စုက လှူဒါန်းထားပြီး ဖြစ်ကြောင်း သိရသည်။
.
ကမ္ဘောဇဘဏ်နှင့် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်းဒေးရှင်းသည် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ရေဘေးသင့်ပြည်သူများအတွက် တိုင်းဒေကြီးနှင့် ပြည်နယ် တစ်ခုလျင် ငွေကျပ်သိန်း ၅၀၀ နှုန်းဖြင့် စုစုပေါင်းကျပ်သိန်း ၂၅၀၀ ကို လတ်တလော လှူဒါန်းထားပြီး၊ စုစုပေါင်း သိန်း တစ်သောင်းကို ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။
(၂၀၁၅ ခုနှစ်က ရေဘေးသင့်ဒေသများတွင် အချိန်နှင့်တပြေးညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ကမ္ဘောဇ အနာဂတ် အလင်းတန်းမြန်မာဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါ်နန်းလိုင်းခမ်းနှင့်အဖွဲ့မှ သွားရောက်ဆောင်ရွက်စဉ်)
ကရင်ပြည်နယ်အစိုးရအဖွဲ့သို့ ဇူလိုင်လ ၂၉ ရက်တွင် လည်းကောင်း၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့များသို့ ဇူလိုင်လ ၃၀ ရက်တွင် လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့များသို့ ဇူလိုင်လ ၃၁ ရက်တွင် လည်းကောင်း ရေဘေးသင့်ပြည်သူများအတွက် ကမ္ဘောဇဘဏ်နှင့် ကမ္ဘောဇအနာဂတ် အလင်းတန်းမြန်မာဖောင်းဒေးရှင်းမှ ငွေကျပ် သိန်း ၅၀၀ စီ လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
(ကမ္ဘောဇဘဏ်နှင့် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ တာဝန်ရှိသူ ဦးမျိုးဆန်းက ရေဘေးသင့်ပြည်သူများထံသို့ အကူအညီများ ပေးအပ်နိုင်ရန်ငွေကျပ် သိန်း ၅၀၀ ကို ကရင်ပြည်နယ် အစိုးရအဖွဲ့ ဘဏ္ဍာအခွန်နှင့် စည်ပင်ဝန်ကြီး ဦးသန်းနိုင်ထံ ပေးအပ်လှူဒါန်းစဉ်)
” ကမ္ဘောဇဘဏ်အနေနဲ့ ယခုနှစ်မှ လှူဒါန်းခြင်း မဟုတ်ဘဲ ယခင်ကလည်း လှူဒါန်းခဲ့တာ ဖြစ်တဲ့အတွက် ဂုဏ်ပြု ချီးကျူးပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပဂ္ဂိုလ် ကလည်း ရေကျလို့ အိမ်ပြန်ချိန်မှာ နောက်ထပ် နှစ်ရက်၊ သုံးရက်စာ အစားအသောက်များ ထည့်ပေးရန် လမ်းညွန်ခဲ့တဲ့အတွက် အခု အလှူငွေနဲ့ လိုအပ်တာများကို ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။” ဟု ကရင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာအခွန်နှင့် စည်ပင်ဝန်ကြီး ဦးသန်းနိုင်က ပြောကြားခဲ့သည်။
(ကမ္ဘောဇဘဏ်နှင့် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ တာဝန်ရှိသူ ဒေါ်မျိုးမျိုးခိုင်မှ ရေဘေးသင့် ပြည်သူများထံသို့ အကူအညီများ ပေးအပ်နိုင်ရန်အတွက် ငွေကျပ် သိန်း ၅၀၀ ကို ပဲခူးတိုင်း ဝန်ကြီးချုပ် ဦးဝင်းသိန်းထံ ပေးအပ်လှူဒါန်းစဉ်)
မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံမှ ” ယခုလို လာရောက်လှူဒါန်းသည့်အတွက် ကျေးဇူးတင်ပါတယ်၊ အခု အလှူငွေများနဲ့ ရေဘေးသင့် ပြည်သူတွေ လိုအပ်နေတဲ့ ဆန်၊ ဆီ၊ ဆေးနှင့် အခြားလိုအပ်တဲ့ အသုံးအဆောင် ပစ္စည်းတွေကို ဝယ်ယူ ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
(ကမ္ဘောဇဘဏ်နှင့် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ တာဝန်ရှိသူ ဦးစံမြမှ ငွေကျပ် သိန်း ၅၀၀ ကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာထံ ပေးအပ်လှူဒါန်းစဉ်)
ထို့အတူ တနသာၤရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်ကလည်း “တနသာၤရီမြစ်မှ စတင်၍ရေကြီးရေလျှံမှုဟာ ရက် ၂၀ ကျော်နေပြီ ဖြစ်ကြောင်း၊ ကမ္ဘောဇဘဏ်မှ အမြဲလှုဒါန်းပေးတဲ့အတွက် ကျေးဇူးအထူးတင်ကြောင်းနဲ့ ကမ္ဘောဇဘဏ်က တနသာၤရီမြို့ရှိ ကယ်ဆယ်ရေစခန်းများမှ အိမ်ထောင်စု ၂၀၀ ကျော်နဲ့ လူဦးရေ ၁၀၀၀ ကျော် အတွက် မြိတ်ဘဏ်ခွဲ ၃ ခုက ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတွေနဲ့ အတူ လိုအပ်တဲ့ ဆန်ဆီနဲ့ ကုန်ခြောက်တွေ သွားရောက်လှုဒါန်းတာကို သိရှိရတဲ့ကျေးဇူးတင်ပါကြောင်း” ပြောကြားခဲ့သည်။
(ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ တာဝန်ရှိသူ ဦးမျိုးဆန်း က ရေဘေးသင့်ပြည်သူများထံသို့ အကူအညီများ အလျှင်မြန်ဆုံးနှင့် အထိရောက်ဆုံးပေးအပ်နိုင်ရန် ငွေကျပ် သိန်း ၅၀၀ အား မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ထံပေးအပ်လှူဒါန်းစဉ်)
ကမ္ဘောဇဘဏ်မှ အရာထမ်း၊ ဝန်ထမ်းများသည် ဇွန်လတွင် ဖြစ်ပွားခဲ့သည့် မော်လမြိုင်မြို့ ရေကြီးရေလျှံမှု ဖြစ်ပွားစဉ်ကတည်းကပင် နီးစပ်ရာ ပရဟိတအဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ အစားအစာ၊ သောက်ရေသန့်နှင့် လိုအပ်သော ပစ္စည်းများကို ရေဘေးသင့်ပြည်သူများအတွက် သွားရောက်ကူညီလှူဒါန်းခဲ့ပြီး ယခုအခါ ရေကြီးရေလျှံမှုဧရိယာ ပိုမိုကျယ်ပြန်လာသည့်အတွက် တနသာၤရီတိုင်းဒေသကြီး
ထားဝယ်မြို့၊ မွန်ပြည်နယ် ကျိုက်ထိုမြို့နှင် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ရှိ ကယ်ဆယ်ရေးစခန်းများသို့ နေ့စဉ် သွားရောက်ကာ မနက်စာ၊ နေ့လယ်စာနှင့် ညစာများ ချက်ပြုတ်လှူဒါန်းခြင်း၊ သောက်ရေသန့်များ၊ ဆေးဝါးများနှင့် လိုအပ်သော အသုံးအဆောင် ပစ္စည်းများ ကူညီ ထောက်ပံ့လှူဒါန်းပေးလျက် ရှိကြောင်းလည်း သိရသည်။
(ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ တာဝန်ရှိသူ ဒေါ်သင်းသင်းမိုးနှင့် ဦးရဲသွေးဦးက ရေဘေးသင့်ပြည်သူများအတွက် ငွေကျပ် သိန်း ၅၀၀ အား တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော် ထံပေးအပ်လှူဒါန်းစဉ်)
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း က “ ယခုကဲသို့ ရေဘေးနှင့် ကြုံတွေ့ချိန်မှာ ပြည်သူတွေအတွက် လာရောက် လှူဒါန်းပေးတဲ့ ကမ္ဘောဇနှင့် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းကို ကျေးဇူးတင်ပါကြောင်း၊ ခုလိုအချိန်မှာ စည်းလုံးစွာနှင့် စုပေါင်းခြင်း အင်အားကို တွေ့ရသည့်အတွက်လည်း အထူးပင် ဂုဏ်ယူပါကြောင်း ” ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
၎င်းအပြင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက “ ရခိုင်ဒေသသည် ရေကြီးခြင်း၊ မုန်တိုင်းတိုက်ခြင်းနှင့် သဘာဝဘေးများ အမြဲတမ်းကျရောက်လျက် ရှိကြောင်း၊ ယခုလို အချိန်နှင့် တစ်ပြေးညီ ပြည်သူတွေအတွက် လှူဒါန်းမှုအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဝန်ကြီးချုပ်နှင့် အစိုးရကိုယ်စား၊ ပြည်သူတစ်ရပ်လုံး၏ ကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း ” ပြောကြားခဲ့သည်။
ကမ္ဘောဇဘဏ်နှင့် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် နိုင်ငံအနှံ့အပြားရှိ ရေဘေးသင့် ပြည်သူများထံသို့ အကူအညီများ အလျှင်မြန်ဆုံးနှင့် အထိရောက်ဆုံး ရောက်ရှိစေရန်အတွက် ဒေသဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများထံ အလှူငွေများ လှူဒါန်းခြင်း၊ ဒေသခံ ပရဟိတအဖွဲ့များဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း နှင့် ဘဏ်အရာထမ်း၊ ဝန်ထမ်းများက ကယ်ဆယ်ရေးစခန်းများတွင် ကိုယ်တိုင်သွားရောက်၍ ကူညီခြင်း စသည့် နည်းလမ်း ၃ ခုဖြင့် နေ့ည မနားဘဲ ဆောင်ရွက်လျက်ရှိနေခြင်း ဖြစ်သည်။
ရှမ်းတိုင်းရင်းသူများ ဖြစ်ကြသည့် ဒေါ်နန်းလိုင်းခမ်းနှင့် ဒေါ်နန်းခမ်းနောင့်တို့ ဦးဆောင်လျက်ရှိသော ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းသည် လတ်တလော ရေကြီးရေလျှံမှု ဖြစ်ပွားနေသော ဒေသများရှိ ရေဘေးသင့် ပြည်သူများအား ကူညီထောက်ပံ့ရန် ငွေကျပ်သိန်းပေါင်း တစ်သောင်းကို လှူဒါန်းသွားမည် ဖြစ်ပြီး ဖောင်ဒေးရှင်း စတင်တည်ထောင်ချိန်မှစ၍ ကဏ္ဍအသီးသီးတွင် လူမျိုးဘာသာ မရွေး၊ နေရာဒေသ မရွေးဘဲ နိုင်ငံတော်နှင့် ပြည်သူအတွက် ယနေ့အထိ စုစုပေါင်းကျပ်ငွေ ၁၄၄ ဘီလီယံကျော်ကို လှူဒါန်းခဲ့ပြီး ဖြစ်ကြောင်းလည်း သိရသည်။