Unicode Version
YBS ၄၀ က တက္ကစီ ကိုလမ်းပြောင်းပြန်တိုက်လို့ သေဆုံးခဲ့ကြရတဲ့ ကိုရဲနောင်ထွန်းတို့မောင်နှမရဲ့
နောက်ဆုံးခရီးမြင်ကွင်းပုံရိပ်လေးတွေပါ ။မောင်ဖြစ်သူက မျက်နှာသိပ်မထိပေမဲ့ အစ်မဖြစ်သူက
မျက်နှာတစ်ခြမ်း တော်တော်ထိထားတယ်။ဒီလိုပုံစံကို မြင်လိုက်ရတဲ့ အောက်ဆီဂျင်ပိုက်တန်းလန်းနဲ့
သူ့အမေက တော်တော်ခံစားနေရရှာတယ်။သားရော သမီးရော တပြိုင်နက်တည်း ဆုံးရှုံးရ
တဲ့မိဘအနေနဲ့ ဘယ်လောက်ခံစားရမလဲ။ ဘယ်လောက်တောင်ပူလောင်နေရှာမလဲ
မိဘတစ်ယောက်ရဲ့ရင်ထဲကမီးတွေကို စာနာမိပါတယ် ..ဘဝဆက်တိုင်း ဒီလိုအဖြစ်ဆိုးနဲ့ ကင်းဝေးပါစေ…
ကောင်းရာသုဂတိ ဘုံနေရာမှာ ကူးပြောင်းလွတ်မြောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်…
သူတို့အမေကြီးက ပြောနေရှာတယ်။
” ငါ့သမီးဒီလောက်ထိတာ သူ့မောင်လေးကိုထိမှာစိုးလို့ ကာလိုက်တာနေမှာ” တဲ့ . . .