ၾကားသိရသမွ်

မူလတန်းပြဆရာမကို ရည်းစားစကားလိုက်ပြောစဉ် လက်မခံသဖြင့် ကောင်လေးမှ… See more

မူလတန်းပြဆရာမကို ရည်းစားစကားလိုက်ပြောစဉ် လက်မခံသဖြင့် ကောင်လေးမှ ရွှေနားကပ်တစ်ရံနဲ့ လက်ကိုင်ဖုန်းတစ်လုံးတို့အား… See more

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်နေ ဦး…. (၅၃)နှစ်သည် နံနက် ၉ နာရီက နေအိမ်၌ရှိနေစဉ် တောင်ရွာကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်းသို့ စာသင်ရန် ခြေလျင်လျှောက်ကာ ကျောင်းသွားသည့် သမီးဖြစ်သူ မ….. (၂၇)နှစ် (မူလတန်းပြ ဆရာမ)သည်

မွန်းတည့်(၁၂)နာရီအထိ ကျောင်းသို့ ရောက်ရှိလာခြင်းမရှိကြောင်း ကျောင်းအုပ် ဆရာမကြီးမှ အကြောင်းကြားသဖြင့် လိုက်လံရှာဖွေရာ အချွိန်ပြင်ကျေးရွာအနီး ကားလမ်းမဘေးရှိ ချောက်ထဲ၌ မ… အား ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိသောကြောင့် အရေးယူပေးရန် တိုင်တန်းချက်အရ လေးတောင်နယ်မြေရဲစခန်းမှ အမှုဖွင့်စုံစမ်းခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းနေစဉ် မသင်္ကာတရားခံ မာန်အောင်မြို့နယ်၊ နတ်ပြင်ကျေးရွာနေ ရွှေထူး (ခ) အေးချမ်း (၂၁)နှစ်အား စစ်ဆေးရာ ၎င်းသည် မ…. ကို ရည်းစားစကား (၃)ကြိမ်ခန့် လိုက်လံပြောဆိုခဲ့သော်လည်း

လက်မခံခဲ့ကြောင်း၊ အခင်းဖြစ်နေ့တွင်လည်း မ… ကျောင်းသို့သွားသည့် လမ်းဖြစ်သော စေရင်းကျေးရွာနှင့် (၂) ဖာလုံခန့်အကွာ ဓနိတောမှစောင့်နေစဉ် မ…. တစ်ဦးတည်း လမ်းလျှောက်လာသည်ကို တွေ့ရှိသဖြင့် ရည်းစားစကား ထပ်မံပြောဆိုခဲ့ရာ

မ… မှ လက်မခံဘဲ ပါးတစ်ချက်ပြန်ရိုက်ခဲ့၍ စိတ်ဆိုးပြီး မ….. ၏ မျက်နှာအား လက်သီးဖြင့် ထိုးခဲ့ကြောင်း၊ မ …..မှာ လမ်းဘေးရှိ ချောက်ထဲသို့ ပြုတ်ကျသွားစဉ် ရွှေထူး (ခ) အေးချမ်းက အဓမ္မပြုကျင့်ပြီး လည်ပင်းကိုလက်ဖြင့် ညှစ်သတ်ကာ မ….၏ ရွှေနားကပ်တစ်ရံ၊

လက်ကိုင်ဖုန်းတစ်လုံးတို့အား ယူဆောင်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့၍ သက်သေခံပစ္စည်းများ သိမ်းဆည်းကာ ရွှေထူး (ခ) အေးချမ်းအား အမှုဖြင့်ဖမ်းဆီး၍ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၄/၃၇၆ အရ ပြောင်းလဲစစ်ဆေးလျက်ရှိကြောင်း သိရသည်။

(ရဲပြန်ကြား)

Unicode