နားထောင်နေတဲ့ သူတွေအကုန်လုံး မျက်ရည် ကျရတဲ့(၆)တန်း အရွယ် ကလေးတစ်ယောက်ရဲ့ ရင်တွင်းစကား
ဦး…သမီးအဖေကို သ-တ်တဲ့သူတွေကို သွားသ-တ်ရင် သမီးကို ခေါ်ပါတဲ့….(၆)တန်း အရွယ် ကလေးတစ်ယောက်ရဲ့ နှလုံးသားထဲမှာ ဘယ်လောက်တောင်
နာကျင် မုန်းတီး နေလိုက်မလဲ…သူအဖေနဲ့ နောက်တစ်ယောက်ကို စစ်တပ်က ပ-စ်သ-တ်ခဲ့တာ အစအဆုံးကို အဲ့ဒီ ကလေးမလေး မြင်ခဲ့တယ်..တစ်ယောက်လွတ် ခဲ့တာလည်း
သူသိတယ် ဆန္ဒပြလို့လည်း မဟုတ်…စစ်တပ်က ရမ်းကားပြီး သူ့အဖေကို ပ-စ်သ-တ်ခဲ့တာ PDF တွေမှာ ကြွားဝါစရာ ဘာမှမရှိဘူး..အချင်းချင်းကြားမှာ ကြွားတတ် တာက
ကလေး အဖေတွေပဲ…အဲ့ဒါက အရမ်းချစ်ဖို့ ကောင်းတယ်…သူတို့ သားသမီးတွေနဲ့ ဖုန်းပြောရင် စပီကာ ဖွင့်ပြောတယ်…ပြီးရင် ဘေးနားက ရှိတဲ့လူကို ငါ့သားလေး/ငါ့သမီးလေးက
ဘယ်လို စကားတတ်တာ ဆိုပြီး လိုက်ပြောတယ်…လိုက်ကြွားတာ ပေါ့ဗျာ… ကလေးရဲ့ မပီကလာပီလာ အသံလေးတွေက အားလုံးကို ပျော်ရွှင် စေတယ်…
ပြီးတော့ ဖုန်းပြောတာ လေးတွေကို Record ယူထားတယ်…အဆောင်ရောက်တော့ အလွမ်းပြေ ပြန်နားထောင်ကြတယ်…ဖုန်းဆက်ဖို့က တောင်အမြင့်ကြီးကို တက်ရတာကိုး…
စစ်တပ်က ပ-စ်သ-တ်တာကို လွတ်လာတဲ့ တစ်ယောက်က သူ့ရဲ့ကလေးနဲ့ ဖုန်းပြောထား တာလေးတွေကို ပြန်နားထောင်ရင်း အလွမ်း ဖြေလေ့ရှိတယ်…
အနီးနားက ကျနော်တို့လည်း သူဖွင့်တဲ့ Record လေးတွေ နားထောင်ရင်း ပီတီ ဖြစ်ရတယ်…ဘယ်လိုပြောတာလေးက အရမ်းချစ်ဖို့ ကောင်းတဲ့အကြောင်း လည်းကြွားတယ်…
ဟုတ်လည်း ဟုတ်တယ်…ကလေးအသံတွေက ကြည်နူး စရာလေးတွေ…ဖုန်းပြောရင်း သူ့မိန်းမက စစ်တပ်က ပ-စ်သ-တ် လိုက်တဲ့လူရဲ့ သမီးလေးကို ဖုန်းပေးလိုက်တယ်…
“ဦး…သမီးအဖေကို သ-တ်တဲ့ လူတွေကို သွားသ-တ်ရင် သမီးကို ခေါ်ပါ…”တဲ့ နားထောင်နေတဲ့ သူတွေအကုန်လုံး မျက်ရည် ကျရတာပေါ့ဗျာ… အဲ့ဒီစကားသံလေးက
နားထဲက ဘယ်တော့မှ ထွက်တော့မှာ မဟုတ်ဘူး…စကစကြောင့် မြန်မာပြည် အနှံ့အပြားက ပြည်သူတွေ နာကျင် ခံစားနေရတယ်… တချို့ကတော့ အခုထိ ကိုယ်နဲ့မဆိုင်သလို နေကြတုန်းပဲ…
တချို့က သွေးအေး ချင်နေကြပြီ…တချို့တွေမှာ အိမ်မရှိ တော့ဘူး…တချို့တွေ မိသားစု စုံစုံလင်လင် မရှိတော့ဘူး…တချို့ကလေးတွေ အဖေ မရှိတော့ဘူး…
တချို့ ကလေးတွေ အမေ မရှိတော့ဘူး…ဘယ်လို နှလုံးသားတွေနဲ့ ကိုယ်နဲ့ မဆိုင်သလို မျက်နှာလွဲ ခဲပစ်နေ နေကြတာလဲဗျာ…လုပ်ကြစမ်းပါ…ကျက်သရေတုန်းတဲ့
စစ်အာ-ဏာရှင် စနစ်ကြီးကို အတူတူ လက်တွဲညီညီနဲ့ တိုက်ထုတ် ကြမယ်ဗျာ…စကစရဲ့ သတင်း PDF ကိုပေးနိုင်ရင် သတင်းပေး…တိုက်နိုင်ရင် တိုက်တဲ့ဖက်က တိုက်…
ထောက်ပံ့တာ လောက်ပဲ တတ်နိုင်ရင် ထောက်ပံ့..နိုင်တဲ့ နေရာလေးက ဝင်ချကြပါ…မြန်မာပြည်က ကလေးငယ်တွေ ထပ်မငိုစေ ချင်တော့ဘူး…တခါတည်း
အပြီး တိုက်ကြမယ်ဗျာ…အားလုံး ပူးပေါင်း ပါဝင် ပေးကြပါ…အရေးတော်ပုံ အောင်မြင်ချင်ရင် ကိုယ်တိုင်လုပ်မှ အောင်မြင်မှာပါ…နိုင်မြင်းကို ရဲရဲကြီး ပုံအော လောင်းလိုက်စမ်းပါ…
ဒီအရေးတာ်ပုံက ကျနော်တို့ နိုင်ကိုနိုင်မှာ အသေအချာပါ…..Credit…တော်လှန်ရေးရဲဘော်တစ်ဦး
အခုလို ဝင်ရောက်ဖတ်ရှု့ ပေးကြသော ပရိသတ်ကြီး တစ်ဦးချင်း တစ်ယောက်ချင်း စီတိုင်းကို အထူးပင် ကျေးဇူးတင် ရှိပါသည်။ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်း တို့ဖြင့်
ပြည့်စုံနိုင် ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် ခင်ဗျာ…မြန်မာပြည်သူ ပြည်သားများ လိုလားတောင့်တသော နေ့ရက်များ အမြန်ဆုံးရောက်ရှိ ပိုင်ဆိုင် နိုင်ကြပါစေ….
Credit
Zawgyi
နားေထာင္ေနတဲ့ သူေတြအကုန္လုံး မ်က္ရည္ က်ရတဲ့(၆)တန္း အ႐ြယ္ ကေလးတစ္ေယာက္ရဲ႕ ရင္တြင္းစကား
ဦး…သမီးအေဖကို သ-တ္တဲ့သူေတြကို သြားသ-တ္ရင္ သမီးကို ေခၚပါတဲ့….(၆)တန္း အ႐ြယ္ ကေလးတစ္ေယာက္ရဲ႕ ႏွလုံးသားထဲမွာ ဘယ္ေလာက္ေတာင္
နာက်င္ မုန္းတီး ေနလိုက္မလဲ…သူအေဖနဲ႔ ေနာက္တစ္ေယာက္ကို စစ္တပ္က ပ-စ္သ-တ္ခဲ့တာ အစအဆုံးကို အဲ့ဒီ ကေလးမေလး ျမင္ခဲ့တယ္..တစ္ေယာက္လြတ္ ခဲ့တာလည္း
သူသိတယ္ ဆႏၵျပလို႔လည္း မဟုတ္…စစ္တပ္က ရမ္းကားၿပီး သူ႔အေဖကို ပ-စ္သ-တ္ခဲ့တာ PDF ေတြမွာ ႂကြားဝါစရာ ဘာမွမရွိဘူး..အခ်င္းခ်င္းၾကားမွာ ႂကြားတတ္ တာက
ကေလး အေဖေတြပဲ…အဲ့ဒါက အရမ္းခ်စ္ဖို႔ ေကာင္းတယ္…သူတို႔ သားသမီးေတြနဲ႔ ဖုန္းေျပာရင္ စပီကာ ဖြင့္ေျပာတယ္…ၿပီးရင္ ေဘးနားက ရွိတဲ့လူကို ငါ့သားေလး/ငါ့သမီးေလးက
ဘယ္လို စကားတတ္တာ ဆိုၿပီး လိုက္ေျပာတယ္…လိုက္ႂကြားတာ ေပါ့ဗ်ာ… ကေလးရဲ႕ မပီကလာပီလာ အသံေလးေတြက အားလုံးကို ေပ်ာ္႐ႊင္ ေစတယ္…
ၿပီးေတာ့ ဖုန္းေျပာတာ ေလးေတြကို Record ယူထားတယ္…အေဆာင္ေရာက္ေတာ့ အလြမ္းေျပ ျပန္နားေထာင္ၾကတယ္…ဖုန္းဆက္ဖို႔က ေတာင္အျမင့္ႀကီးကို တက္ရတာကိုး…
စစ္တပ္က ပ-စ္သ-တ္တာကို လြတ္လာတဲ့ တစ္ေယာက္က သူ႔ရဲ႕ကေလးနဲ႔ ဖုန္းေျပာထား တာေလးေတြကို ျပန္နားေထာင္ရင္း အလြမ္း ေျဖေလ့ရွိတယ္…
အနီးနားက က်ေနာ္တို႔လည္း သူဖြင့္တဲ့ Record ေလးေတြ နားေထာင္ရင္း ပီတီ ျဖစ္ရတယ္…ဘယ္လိုေျပာတာေလးက အရမ္းခ်စ္ဖို႔ ေကာင္းတဲ့အေၾကာင္း လည္းႂကြားတယ္…
ဟုတ္လည္း ဟုတ္တယ္…ကေလးအသံေတြက ၾကည္ႏူး စရာေလးေတြ…ဖုန္းေျပာရင္း သူ႔မိန္းမက စစ္တပ္က ပ-စ္သ-တ္ လိုက္တဲ့လူရဲ႕ သမီးေလးကို ဖုန္းေပးလိုက္တယ္…
“ဦး…သမီးအေဖကို သ-တ္တဲ့ လူေတြကို သြားသ-တ္ရင္ သမီးကို ေခၚပါ…”တဲ့ နားေထာင္ေနတဲ့ သူေတြအကုန္လုံး မ်က္ရည္ က်ရတာေပါ့ဗ်ာ… အဲ့ဒီစကားသံေလးက
နားထဲက ဘယ္ေတာ့မွ ထြက္ေတာ့မွာ မဟုတ္ဘူး…စကစေၾကာင့္ ျမန္မာျပည္ အႏွံ႔အျပားက ျပည္သူေတြ နာက်င္ ခံစားေနရတယ္… တခ်ိဳ႕ကေတာ့ အခုထိ ကိုယ္နဲ႔မဆိုင္သလို ေနၾကတုန္းပဲ…
တခ်ိဳ႕က ေသြးေအး ခ်င္ေနၾကၿပီ…တခ်ိဳ႕ေတြမွာ အိမ္မရွိ ေတာ့ဘူး…တခ်ိဳ႕ေတြ မိသားစု စုံစုံလင္လင္ မရွိေတာ့ဘူး…တခ်ိဳ႕ကေလးေတြ အေဖ မရွိေတာ့ဘူး…
တခ်ိဳ႕ ကေလးေတြ အေမ မရွိေတာ့ဘူး…ဘယ္လို ႏွလုံးသားေတြနဲ႔ ကိုယ္နဲ႔ မဆိုင္သလို မ်က္ႏွာလြဲ ခဲပစ္ေန ေနၾကတာလဲဗ်ာ…လုပ္ၾကစမ္းပါ…က်က္သေရတုန္းတဲ့
စစ္အာ-ဏာရွင္ စနစ္ႀကီးကို အတူတူ လက္တြဲညီညီနဲ႔ တိုက္ထုတ္ ၾကမယ္ဗ်ာ…စကစရဲ႕ သတင္း PDF ကိုေပးႏိုင္ရင္ သတင္းေပး…တိုက္ႏိုင္ရင္ တိုက္တဲ့ဖက္က တိုက္…
ေထာက္ပံ့တာ ေလာက္ပဲ တတ္ႏိုင္ရင္ ေထာက္ပံ့..ႏိုင္တဲ့ ေနရာေလးက ဝင္ခ်ၾကပါ…ျမန္မာျပည္က ကေလးငယ္ေတြ ထပ္မငိုေစ ခ်င္ေတာ့ဘူး…တခါတည္း
အၿပီး တိုက္ၾကမယ္ဗ်ာ…အားလုံး ပူးေပါင္း ပါဝင္ ေပးၾကပါ…အေရးေတာ္ပုံ ေအာင္ျမင္ခ်င္ရင္ ကိုယ္တိုင္လုပ္မွ ေအာင္ျမင္မွာပါ…ႏိုင္ျမင္းကို ရဲရဲႀကီး ပုံေအာ ေလာင္းလိုက္စမ္းပါ…
ဒီအေရးတာ္ပုံက က်ေနာ္တို႔ ႏိုင္ကိုႏိုင္မွာ အေသအခ်ာပါ…..Credit…ေတာ္လွန္ေရးရဲေဘာ္တစ္ဦး
အခုလို ဝင္ေရာက္ဖတ္ရႈ႕ ေပးၾကေသာ ပရိသတ္ႀကီး တစ္ဦးခ်င္း တစ္ေယာက္ခ်င္း စီတိုင္းကို အထူးပင္ ေက်းဇူးတင္ ရွိပါသည္။ စိတ္၏ ခ်မ္းသာျခင္း ကိုယ္၏ က်န္းမာျခင္း တို႔ျဖင့္
ျပည့္စုံႏိုင္ ၾကပါေစလို႔ ဆုမြန္ေကာင္း ေတာင္းေပးလိုက္ပါတယ္ ခင္ဗ်ာ…ျမန္မာျပည္သူ ျပည္သားမ်ား လိုလားေတာင့္တေသာ ေန႔ရက္မ်ား အျမန္ဆုံးေရာက္ရွိ ပိုင္ဆိုင္ ႏိုင္ၾကပါေစ….
Credit



